ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ဗညားဒလလမ်းနှင့်စက်ရုံလမ်းထောင့်တွင် အထပ်မြင့် ၁၅ ထပ်ရှိသည့် အဆင့်မြင့်မင်္ဂလာစျေးသစ်တည်ဆောက်နေမှု ၆၈ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆင့်မြင့်မင်္ဂလာဈေးသစ်အား “ဆန်းမြတ်ထွန်း” ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ယူကာ ပြည်ပအတွေ့အကြုံရှိသည့် ကျွမ်းကျင်အင်ဂျင်နီယာများ၊လုပ်သားများဖြင့် တည်ဆောက်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆင့်မြင့်မင်္ဂလာစျေးသစ်သည် မြေအောက်ထပ် ၂ ထပ်အပါအဝင်အထပ်မြင့် ၁၅ ထပ်ပါဝင်ကာ မြန်ဆန်စွာပြီးစီးနိုင်ရန် တည်ဆောက်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အဆင့်မြင့်မင်္ဂလာစျေးသစ်အား ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း၌တည်ဆောက်ပြီးစီးရန်နှင့် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင်ဖွင့်လှစ်နိုင်ရန် လျာထားလျက်ရှိကြောင်း သိရသည်။