မြန်မာ့ရိုးရာ ယဉ်ကျေးမှုပွဲတော်ထဲမှာ အစည်ကားဆုံးပွဲတော်ကတော့ အတာသင်္ကြန်ရေ သဘင်ပွဲတော်ပဲဖြစ်ပြီး နှစ်စဉ် ဧပြီလရောက်တိုင်း ကျင်းပပြုလုပ်တာမို့ တစ်နိုင်ငံလုံးရှိပြည်သူပြည်သားများ နဲ့ အတူ ဘုရားသွားကျောင်းတက်ကာ ကုသိုလ်ပြုကြသူပြုကြ၊ ရေသဘင်ပွဲတော်မှာ ပါဝင်ဆင်နွှဲပျော်သူက ပျော်ကြလေ့ရှိကြပါတယ်။ ဒီနှစ် သင်္ကြန်ချိန်ခါအတွင်းမှာ အနုပညာရှင်တို့ရဲ့ ပြုလုပ်ကြမယ့် အစီအစဉ်များနဲ့ ဘယ်မဏ္ဍပ်မှာရှိနေမလဲဆိုတဲ့ အကြောင်းတွေကို မေးမြန်းကာ စုစည်းဖော်ပြလိုက်ရပါတယ်။
ဇွန်သံစဉ်
သင်္ကြန်အတွက် အခုလော လောဆယ်တော့ Plan မရှိသေးဘူး။ မဏ္ဍပ်တွေကလည်း ဒီနှစ်သိပ်မရှိ ဘူးလို့ကြားတယ်။ ဒီနှစ် ကတော့ ရန်ကုန်မှာ နေဖြစ်မလား၊ တရားစခန်းပဲဝင်ဖြစ်မလားပဲ။ တရားစခန်း မဝင်ဖြစ်ရင်တောင် ရန်ကုန်အိမ်မှာပဲ နားနား နေနေ နေမယ်။ ငယ်ငယ်က သင်္ကြန် ဆိုရင်စိတ်ကမြူးပြီးတော့ ပျော်နေတာ။ အခုကြီးလာ တော့အဲဒီလိုစိတ် မရှိတော့ဘူး။
ထားထက်ထက်
ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်မှာ ရှိနေမှာပါ။ မြို့တော်ဝန်မဏ္ဍပ်မှာက မနှစ် ကလည်း ထားထက်သွားရတယ်။ ဒီနှစ်မှာတော့ သီချင်းလေးဆိုဖို့ ထားထက်ပြင်ဆင်ထားတယ်။ သင်္ကြန်မရောက်ခင် ၃လပိုင်းလကုန် နီးကတည်းလောက်ကစပြီး အကုန် လုံးက သင်္ကြန်အတွက် ကြိုပျော်နေရ တယ်။ ထားထက်ထက်လည်း ဒီလိုပဲ ပျော်နေရပါတယ်။ ပြီးတော့ ဒီနှစ်က ရိုးရာပုံစံမျိုးလေး ဖြစ်မယ်ဆိုတော့ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းနေတယ်။ အားလုံးအေးအေးချမ်းချမ်းနဲ့ မြန်မာ နှစ်သစ်ကို ပျော်ရွှင်စွာဖြတ် သန်း နိုင် ကြပါစေလို့ ဆုတောင်းပေးပါတယ်။
ဖိုးသော် (မြန်မာပြည် ဖယ်သာဝိတ်တန်းချန်ပီယံ MMA )
လူတွေက မပျော်တတ်တဲ့အပိုင်း ကိုရောက်လာပြီး ဘယ်လိုပြောရမလဲ။ ကိုယ့်ရဲ့ပျော်ရွှင်မှုကြောင့် ကိုယ့်ကိုယ် ကို လည်းအန္တရာယ်ဖြစ်စေသလို သူတပါးကိုလည်း အန္တရာယ် ဖြစ်စေတယ်။ ပြီးရင်ဘယ်လို ပြော ရမလဲ။ ရိုးရာတွေ ပျောက် လာတယ်။ မူးယစ် သောက် စားပြီးမှ ပျော် တတ်လာတဲ့ အကျင့်တွေဖြစ်လာ တယ်။ အဲဒါ ကဆုတ် ယုတ်လာတဲ့ အ ပိုင်းပေါ့ နော်။ တခြားနိုင်ငံ တွေကကြည့် လာမယ်ဆိုလို့ရှိရင် ရိုးရာဆိုတာ ကိုသိပ်မတွေ့ကြရတော့ဘူး။ အဲဒီ လိုပုံစံလေးတွေ ဖြစ်လာတယ်။
ကျော်ကျော်ဗို
ဒီနှစ်သင်္ကြန်တော့ ကျွန်တော် ရန်ကုန်မှာမရှိဖြစ်လောက်ပါဘူး။ ဖျော်ဖြေရေးမရှိရင် မိသားစုနဲ့ပဲ ခရီးထွက် ဖြစ်မယ်ထင်တယ်။ နှစ်ဆန်းတစ်ရက်နေ့လည်း ဇာတ် ကားပြန်ရိုက်ကူးရမှာပါ။ အားလုံးပဲ မင်္ဂလာရှိရှိနဲ့ နေ့သစ်တွေ အမြဲတမ်းပိုင်ဆိုင်နိုင်ပါစေ။
မိုးယံဇွန်
ဒီနှစ်သင်္ကြန် ကျွန်တော် ရန်ကုန် ဒါမှမဟုတ် နေပြည် တော်မှာရှိဖို့ များပါတယ်။ နေပြည်တော်ဆိုရင် ဗဃန မဏ္ဍပ်မှာရှိမှာပါ။ ဒီနှစ် ကျရောက်မယ့် နှစ်သစ်ကူး သင်္ကြန်ကာလမှာ ခုနှစ်ရက် သားသမီးအားလုံး ကျန်းမာ၊ ချမ်းသာပြီး ပျော်ရွှင်စွာနဲ့နှစ် ဟောင်းကို နှုတ်ဆက်ကာ နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေး ပါတယ်။
ရွှေထူး
သင်္ကြန်တွင်းကတော့ ကျွန်တော် မန္တလေးမှာ ရှိမလားမသိဘူးဗျ။ ကျွန် တော့် ကိုမန္တလေးက ပြောထားတာမျိုး တော့ရှိပါတယ်။ ပရိသတ်ကြီးလည်း နှစ် ဟောင်းမှာ ကြုံတွေ့ရတဲ့ စိတ်ညစ်စရာ၊ ဝမ်းနည်းစရာတွေကို နှစ်သစ်မှာ သင်္ကြန် ရေနဲ့အတူ ဆေးကြောပစ်လိုက်ပါ။ နှစ် သစ်မှာ အကောင်းဆုံးတွေပဲ ပိုင်ဆိုင်နိုင် ပါစေ။ အတာနှစ်သစ်ကူးမှာလည်း ကျွန် တော့်ညီအစ်ကို မောင်နှမတွေအားလုံး ဂရုစိုက်ကြပါ။ နေလည်းပူတဲ့အတွက် ကြောင့် အဲဒါလေးတော့ ပြောချင်တယ်။
စန္ဒီမြင့်လွင်
သင်္ကြန်ဆိုနှစ်တိုင်း အလုပ်နဲ့ပဲ ဖြတ်သန်းတာများပါတယ်။ ဒီနှစ်က ရန်ကုန်မှာဖြတ်သန်းဖို့များပါတယ်။ သီချင်းဆိုဖို့ လာပြောထားတာတော့ရှိတယ်။ confirm မဖြစ်သေးဘူး။
သန္တာဗိုလ်
သင်္ကြန်ဖျော်ဖြေရေး မဏ္ဍပ်မသွားဖြစ်ရင် တရားစခန်းဝင်ဖြစ်ဖို့များတယ်။ ဒီနှစ်မှာ ကြားတာက မဏ္ဍပ်တွေနည်းသွားပြီးတော့ DJ Festivals ပွဲတွေများသွားမယ်လို့ ထင်တယ်။ ပရိသတ်တွေလည်း သင်္ကြန်မှာအန္တရာယ်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ဝါဆိုမိုးဦး
ဒီနှစ်သင်္ကြန်က ရန်ကုန်မှာပဲရှိမှာပါ။ ဒီနှစ်ရန်ကုန်သင်္ကြန်က စိတ်ညစ်တယ်။ မဏ္ဍပ်တွေမမြင်ရ ဘူး။ အရင်နှစ်တုန်းက ဒီအချိန်ဆိုရင် မဏ္ဍပ်တွေဆောက်နေကြပြီ။ မဏ္ဍပ် တွေလိုက်ပတ်ကြည့်ကြတယ်။ ပျော်စရာကောင်းတယ်။ ကိုယ့်နိုင်ငံမှာ သင်္ကြန်ဆိုတဲ့ အငွေ့အသက်လေး တွေရှိစေချင်တယ်။ ဒီနှစ်မဏ္ဍပ်တွေ မတွေ့ရတော့ စိတ်မကောင်းဘူး။
ပိုပို
သင်္ကြန်ကတော့ လောလော ဆယ်ဘယ်မှာရှိမလဲ မသိသေးဘူး။ မန္တလေးမှာလား၊ ရန်ကုန်မှာလား၊ နေပြည်တော်မှာလားဆိုတာ။ သင်္ကြန်ရန်ကုန်မှာ ရှိရင်တော့ အလှူ လုပ်ဖြစ်ဦးမှာပါ။
ပေါ်ပြူလာ