၁၂ လရာသီပွဲတော်များအနက် တန်ခူးလတွင် ဆင်ယင်နွှဲပျော်ကြသော သင်္ကြန်ပွဲ တော်ကို နိုင်ငံအဝှမ်းသဲသဲခြိမ့်ခြိမ့် ကျင်းပလေ့ရှိကြသည်။ သင်္ကြန်တွင်းကာလသည် လူ ငယ်လူရွယ်တို့အတွက် ပျော်ရွှင်မြူးထူးဖွယ်ရာ ဖြစ် သည်။ လူကြီးသူမများအတွက် တရားဓမ္မအရိပ်၌ ဝင် ရောက်နေထိုင်ကြသည့် အချိန်ဖြစ်သည်။ အဘိုးအို၊ အဘွားအိုတို့ အတွက်မူကား သူတို့၏ဦးခေါင်းများ ကိုလျှော်ပေးကြခြင်း၊ ခြေသည်းလက်သည်းများကို ကိုက်ညှပ်ပေးကြခြင်း၊ သန့်ပြန့်သောအဝတ်ကို ဝတ် ဆင်စေကာ မုန့်ခဲဖွယ်တို့ဖြင့် ပူဇော်ကန်တော့ကြခြင်း ကို ကြုံတွေ့သည့် အချိန်လည်းဖြစ်လေသည်။
သင်္ကြန်တွင်းကာလကို ၁ဝစုနှစ် ၅ခုမျှ ဖြတ်သန်း ခဲ့ပြီးဖြစ်သူ တစ်ယောက်အနေနှင့် အမှတ်ရချက်များ ကို ပြောပြလိုပါသည်။ လွန်ခဲ့သော ၁ဝ စု နှစ်၃-၄ခုခန့်က သင်္ကြန်တွင်းကာလကို ရောက်ပြီဆိုလျှင် အမေ့ကို ရြေ>ွပတ်ဝယ် ပေးဖို့ ပူဆာရ သည်။ သင်္ကြန်မရောက်မီ ကတည်းက ရြေ>ွပတ်ဝယ်ပေးဖို့ ပြောရ သည်။ နွေလည်း ကျောင်းပိတ်ခဲ့ပြီဖြစ်ရာ ကျောင်း လွယ်အိတ်ကို သူ့နေရာမှာ သူချိတ်ထားကာ တစ် နွေလုံးဆော့ ကစားခဲ့ကြမြဲဖြစ်သည်။ သင်္ကြန်ရက်များ နီးပြီဆိုရင် ပျော်ရွှင်မှုတို့သည် ဟိုမှသည်မှလွင့်ပျံရောက်ရှိလာသလိုပင်ဖြစ်ပါသည်။ အမေသည် ကျွန် တော်တို့ကို ကလေးဘဝက ပလတ်စတစ်ရြေ>ွပတ်အရုပ် ကလေးများကို ဝယ်ယူပေးခဲ့သော်လည်း ကျွန်တော်တို့ ၁ဝနှစ်သားကျော်ကျော် ကြီးကောင်ဝင်ကာနီးအချိန် တွင် ရြေ>ွပတ်များ ဝယ်ပေးပါသည်။ အမေ ဝယ်ပေး သော ရြေ>ွပတ်ဖြင့် ရေပုံးထဲမှရေကို စုပ်ယူကာ ရေ ပက်လျှင် လမ်းမသည်ဘက်မှ လမ်းမဟိုဘက်သို့တိုင် ရောက်သည်ကို ကျွန်တော်တို့ ပျော်ရွှင်ခဲ့ကြဖူးပေသည်။
သင်္ကြန်ရက်များတွင် ရေပက်ခံသူများ၊ သင်္ကြန်ကားများ ဖြတ်သန်းသွားပြီဆိုလျှင် ရြေ>ွပတ်ကိုရေပုံးထဲနှစ်ကာ စုပ်ယူပြီး ရေပက်ကြသည်။ လမ်းပေါ်မှာ လူများသင်္ကြန် ကားများ၊ စက်ဘီးဆိုင်ကယ်ဖြင့် သွားသူများအားလုံး သည် သင်္ကြန်ရေရွှဲရွှဲစိုလျက်ရှိနေကြပေပြီ။ နို့ဆီခွက် ဖြင့် ပုံးထဲမှရေကိုခပ်ကာ တစ်ယောက်က လှမ်းပက် သည်။ နို့ဆီခွက်နဲ့ပက်တာလောက်တော့ရီ(ရယ်)တာပေါ့၊ ရီ(ရယ်)တာပေါ့ဟု အော်ကာ စိုစိုရွှဲလျက် ထွက်ခွာသွားကြသည်။ ရေခွက်ကြီးကြီးဖြင့်ခပ်ကာ တစ်ယောက်က ပက်ပြန်သည်။ ခွက်စုတ်ကြီးနဲ့ ပက် တာလောက်တော့ ရီ(ရယ်)တာပေါ့ ရီ(ရယ်)တာပေါ့ဟု အော်ကာ ရေစက်လက်ဖြင့် ရွေ့လျားသွားကြ ပြန် သည်။ ထိုစဉ်က မှတ်မိနေသည်မှာ သင်္ကြန်လူပြောင် များဖြစ်သည်။ မျက်နှာတစ်ခုလုံး အိုးမည်းတွေသုတ်ကာ မည်းနက်နေသောသူက ရယ်ပြနေပုံကိုလည်း တွေ့ရ သည်။ မည်းနက်နေသောသူ့ မျက်နှာထက်သွားတွေက ဖွေးဖွေးလက်နေသည်။ ဦးခေါင်းကို ဆံပင်တစ်ခြမ်း၊ ကတုံးတစ်ခြမ်းရိတ်ထားသောသူကိုလည်း တွေ့ရ သည်။ သူကလူစည်စည်ထဲရောက်လျှင် ဘောင်း ဘီအိတ်ထဲမှ ဘီးကလေးကိုထုတ်တစ်ခြမ်းသော ဆံပင် ကို ဖြီးပြတတ်သေးသည်။ နှုတ်ခမ်းနီတွေကို ပါးစပ် တစ်ခုလုံး ရဲပတောင်းခတ်အောင် ဆိုးထားသော မိန်းမ (အတု)တစ်ယောက်ကိုလည်း တွေ့ရသည်။ သူတို့ကို ကြည့်၍ ရယ်မောပျော်ရွှင်ကြရပေသည်။
ကောင်းစွာမှတ်မိနေသည်က သင်္ကြန်ဂျစ်ကား များဖြစ်သည်။ သင်္ကြန်ဂျစ်ကားများနောက်တွင် သစ်သားတိုင်စိုက်လျှက် သုံးထပ်သား ဆိုင်းဘုတ်ငယ်များ ကို တပ်ဆင်ထားသည်။ ထိုဆိုင်းဘုတ်ငယ်များကို အမည်မျိုးမျိုးဖြင့် ရေးသားထားကြသည်။ “နှမ စောင်းပေးမောင်တီးမယ်” ဟူသော ဆိုင်းဘုတတွင် လုလင်ပျိုပုံ ကိုရေးဆွဲထားပြီး လုံမပျိုက စောင်းတစ်လက် ပေးနေပုံ ကို သရုပ်ဖော်ရေးဆွဲထားပေသည်။ နောက်ထပ်သင်္ကြန်ဂျစ်ကားတစ်စီးကိုတွေ့ရပြန်သည်။ “ရှင် မတောင်နဲ့ ထုလိုက်မယ်” တဲ့။ သည်ဆိုင်းဘုတ်တွင် ရေးဆွဲထားပုံက မိန်းမပျိုက ရှင်မ တောင်သနပ်ခါး တုံးဖြင့် လုလင်ပျိုကို လှမ်းထုနေပုံ ဖြစ်သည်။ နောက် ထပ် သင်္ကြန်ဂျစ်ကားတစ်စီးကို တွေ့ရပြန်ပါသည်။ “တောင်သူကြီး” တဲ့။ လယ်ယာကိုင်းကျွန်းတောင်သူ လုပ်ကိုင်သော တောင်သူကြီးတစ်ဦး ပြုံးရယ်နေပုံဖြစ် သည်။ သည်ဆိုင်းဘုတ်များ၏ ရယ်မောပျော်ရွှင်ဖွယ်ရာ ကောင်းပုံကို တဖြည်းဖြည်းစဉ်းစားမိလာခဲ့ပါသည်။ သင်္ကြန်မဏ္ဍပ်ရှေ့မှာ လူတွေလူတွေ၊ ယာဉ်တွေယာဉ်တွေ ကြိတ်ကြိတ်တိုးစည်ကားနေသည်။ တာဝန်ကျ ယာဉ်ထိန်းရဲက ဂျစ်ကားကို ထွက်ခွာသွားနိုင်ဖို့ လမ်း ကြောင်းရှင်းပေးနေသည်။ သင်္ကြန်မဏ္ဍပ်များသည် တစ်ညလုံး ညဥ့်နက်သည်အထိ သီဆိုတီးမှုတ် ကခုန်ကြပေသည်။ ဆိုင်းအဖွဲ့၊ တီးဝိုင်းအဖွဲ့များမှ တူရိယာများ၏ မြည်ဟည်းသံများက ကြည်နူးပျော်ရွှင်ဖွယ်ရာ ကောင်းပါသည်။
ညဥ့်နက်ပိုင်းသို့ ရောက်သောအခါ မြို့မတူရိယာအသင်းနှင့်အတူ ရုပ်ရှင်မင်းသားကြီးဝင်းဦး ရောက်ရှိလာပါသည်။ ရုပ်ရှင်မင်းသားကြီး ဝင်းဦး ရောက်ရှိလာပြီဆိုလျှင် သင်္ကြန်အကမဏ္ဍပ်ပေါ်မှ လည်းကောင်း၊ သင်္ကြန်မဏ္ဍပ် အောက်မှလည်း ကောင်းသည်း သည်းလှုပ် အားပေးကြတော့သည်။ မန္တလေးမြို့တော်သူ၊ မြို့တော်သား တို့သည် ယဉ်ကျေးပျူငှာသော ချစ်စဖွယ်တေးကိုသီဆို လေ့ရှိသော မင်းသားကြီး ဝင်းဦးကို ချစ်ခင်ကြပေသည်။ မြန်မာတို့၏ အတာသင်္ကြန်ပွဲသည် ရိုးရာယဉ်ကျေးမှုနှင့် အတူ လူငယ်တို့၏ အပျော်များ ကူးလူး ယှက်နွယ်ကာ သက်ဝင်လှုပ်ရှားနေမြဲဖြစ် သည်။ သင်္ကြန်အလှပြကားများသည် သင်္ကြန် မဏ္ဍပ်မှ ထွက်ခွာသွားချေပြီ။ မြန်မာ ပြည်တစ်လွှား ဆန်၊ ဆီ၊ ဆားနှင့် ဘရန် ဒီများတို့ ပေါစေသတည်းဟူသော စာသား ကို ရေးထိုးထားသည့် သင်္ကြန်ကားကြီးများ သည် လည်းကောင်း၊ ရွှင်လန်းချမ်းမြေ့ပါစေဟု ယဉ်ကျေးပျူငှာသော စာသားရေးထိုးထားသည့် သင်္ကြန်ကားကြီးသည် လည်းကောင်း၊ ပြန် လည်ဆုံ တွေ့ကြပါဦးစို့ဟူသော စာသားရေးထိုးထားသည့် သင်္ကြန်ကားကြီးသည်လည်းကောင်း အသီးသီး ထွက်ခွာသွားကြချေပြီ။
သင်္ကြန်တွင်း နံနက်ခင်းတွင် သင်္ကြန်ကျပြီဆို သည်နှင့် မြို့တွင်းရှိ ပိတောက်ပင်များမှ ပိတောက် ပန်းတို့ ထိန်ထိန်ဝေအောင် ပွင့်ခဲ့သည်ကို ကြုံဖူးပါ သည်။ ပိတောက်ပန်းကို ဦးခေါင်းထက်တွင် ပန် ဆင်ကြသည်။ ဘုရားစင်ထက်မှာ ကပ်လှူပူဇော်ကြ သည်။ အိမ်ဝင်းထရံမှာ ထိုးစိုက်ကြသည်။ ဥပုသ် ဇရပ်၌ သီတင်းသီလယူသူတို့လည်း စည်ကားနေ ချေပြီ။ စတုဒိသာ ကျွေးမွေးဧည့်ခံကြသည်။ သီလ ယူကြသည်။ ဥပုသ်စောင့်ကြသည်။ ကောင်းကင်ယံ သို့ ငှက်များကို ဘေးမဲ့လွှတ်ကြသည်။ ရေပြင်ထဲသို့ ငါးများကို ဇီဝိတဒါနအဖြစ် လွှတ်ကြသည်။ မြေ သားပြင်စားကျက် ကောင်းကောင်း၌ နွားများကို လည်း ဘေးမဲ့လွှတ်ကြပေသည်။ အိုးစည်၊ ဒိုးပတ်သံ တညံညံဖြင့်ကခုန်ကြသည်။ အတာကျူးသည့် လ တန်ခူးသင်္ကြန်ပွဲကား ဤသို့ပျော်ရွှင်ကြည်နူးရာ ကောင်းလှပါသည်။ ကျေးလက်တော ရွာနှင့် မြို့ကြီး များ၌ သင်္ကြန်ရနံ့တို့ သင်းပျံ့နေပါသည်။ အတာ သင်္ကြန် ရေအေးအေး နှလုံးစိတ်ဝမ်းကို အေးချမ်း စေပါသည်။ မှန်ပါသည်။ လူငယ်တို့ ပျော်ရွှင်၍ လူကြီးသူမတို့ တရားဓမ္မကျင့်သုံးကာ အဘိုးအို၊ အဘွားအိုတို့အား ပြုစုပြီးပူဇော် ကန်တော့ကြသော အတာသင်္ကြန် နေ့ရက်များသည် ရိုးရာဓလေ့၏ ကောင်းသောအမွေများပင်ဖြစ်ပါသည်။ ရိုးရာယဉ် ကျေးမှုအမွေနှင့် လူငယ်တို့၏ ပျော်ရွှင်မှုတို့ ဖြစ် ထွန်းပေါ်ပေါက်မြဲဖြစ်သော သင်္ကြန်ပွဲတော်၏ အနှစ်သာရကို ယဉ်ကျေးသော၊ ပျူငှာသော၊ နှစ်လို ဖွယ်ကောင်းသော၊ တန်ဖိုးထားအပ်သော ပွဲတော် တစ်ခုကို ကောင်းစွာအမှတ်ရနေမိပါသည်။
နေမျိုး