
အဆိုတော်ရွှေထူးက စိတ်ကူးယဉ်စာအုပ် Music Video ကိုရိုက်ကူးရေးပိုင်းမှာ အားလုံးပြီးစီးသွားပြီဖြစ်တဲ့ အတွက် ဇန်န၀ါရီထဲမှာတော့ သေချာပေါက် ပရိသတ်ခံစားနိုင်တော့မှာပါလို့ ဆိုပါတယ်။ New Year မှာတော့ ကန်တော်ကြီးမျှော်စင်ကျွန်းက ဘိုဘိုအင်တာတိန်းမန့်ရှိုးမှာရှိပါမယ်လို့သူကပြောပြီး ၂၀၁၇အတွက် Planတွေချပြီးပြီလားလို့မေးတော့ “၂၀၁၇အတွက် ကျွန်တော့်ရဲ့ Plan က ရှိုးတွေဆိုသွားမယ်။ လက်ခံထားတဲ့ ရုပ်ရှင်ကားကြီးကိုရိုက်ကူးသွားမယ်။တစ်လပိုင်းမှာ သေချာပေါက် ကျွန်တော့်ရဲ့ စိတ်ကူးယဉ်စာအုပ် အမ်တီဗီထွက်မယ်။ နည်းနည်းခြားသွားရင်တော့ ကျွန်တော့်ရဲ့ ဒုတိယSolo ထွက်ပါမယ်။ကျွန်တော် ပုံစံအဆန်းလေးတွေပြောင်းထားတယ်။ မှန်းတော့မမှန်းရဲသေးဘူး ပရိသတ်ကပဲဆုံးဖြတ်သွားမှာပါ”လို့ရွှေထူးကပြောပါတယ်။
မျိုးမောင်
