အဆိုတော်ဖော်ကာနဲ့ ချစ်သူ မပွင့်ဖြူအောင်တို့ရဲ့ လက်ထပ် မင်္ဂလာဧည့်ခံပွဲကို အောက် တိုဘာလ ၈ ရက်၊ နံနက် ၉နာရီက ရန်ကုန်မြို့ Melia Hotel မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ သူတို့ချစ်သူနှစ်ဦး ကတော့ ချစ်သူသက် တမ်း ၅ နှစ် အကြာမှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။
“ကျွန်တော်တို့ အနေနဲ့လည်း မိသားစုဘဝလေး ထူထောင်ချင်တာပါ။ ကျွန်တော်တို့ နှစ်ယောက် မိသားစု ဘဝလေး ထူထောင်ပြီး ကလေးလေးတွေမွေးမယ်။ ကျွန် တော်ကိုယ်တိုင်လည်း ကြည်နူး သာယာစရာကောင်းတဲ့ မိသားစုက ကြီးပြင်းလာတဲ့အခါ ကျွန်တော် ကိုယ်တိုင် လည်း အဲဒီလို ဘဝလေး ဖန်တီးချင်စိတ် ရှိတယ်။ သူ လည်း အဲဒီလို စိတ်ရှိတယ်။ ခုအိမ်ထောင် ကျပြီးနောက် ပိုင်းမှာလည်း ကျွန်တော့် အနေနဲ့ ဒီအနုပညာပေါ်မှာ အရင်အတိုင်းပဲ ကိုယ့်ဘက်က လုံတယ်ဆိုမှ ထုတ် ပြမှာပါ။ မိန်းမရသွားလို့၊ ဘာဖြစ်လို့၊ ညာဖြစ်လို့ ဆိုပြီး ပေါချောင်ကောင်း မလုပ်ပါဘူး။ အရင် ထက် ပိုကြိုးစား ရတာတော့ ရှိမှာပေါ့။ ဒါပေမဲ့ အရေအတွက် အများကြီးနဲ့ အနုပညာ တွေထုတ်လုပ်မှာ မဟုတ်ပါဘူး။ ကွာလတီ ကိုတော့ အမြဲ ထိန်းမှာပါ”လို့ဖော်ကာက ပြောပြ ပါတယ်။
ဖော်ကာတို့ ချစ်သူနှစ်ဦးက မင်္ဂလာပွဲအပြီးမှာတော့ ဟန်းနီး မွန်းအဖြစ် တကူးတက သွားဖို့ မရှိဘဲ ခရီးတွေတော့ထွက် ဖြစ်ဦးမယ်လို့လည်း သိရ ပါတယ်။ P054
P054
ဓာတ်ပုံ-အောင်ဇော်မင်း
