သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ သမီး စံထိပ်ထားဦးက အခုတလောမှာ TV ကြော်ငြာတွေ၊ အစီအစဉ်တွေမှာ ပါဝင်လက်ခံ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ အမေ ဖြစ်သူကလည်း သရုပ်ဆောင်ဖြစ်တာကြောင့် သားအမိနှစ်ယောက်အတူ ရိုက်ကူးဖို့ ဇာတ်ကားတွေ လာကမ်းလှမ်းတာမျိုး လည်းရှိတယ်လို့ စံထိပ်ထားဦးက ဆိုပါတယ်။ ဒီလို ဇာတ်ကားလက်ခံဖို့အတွက် မေမေက ခွင့်မပြုသေးဘူးလို့ ပြောပြတဲ့ စံထိပ်ထားဦးက….
“သရုပ်ဆာင်ပိုင်းကတော့ ထိပ်ထိပ်က မေမေ့လောက် လုပ် တတ်မယ်၊ လုပ်နိုင်မယ်လို့ မထင်သေးပါဘူး။ မေမေနဲ့ အတူတူ ရိုက် ကူးဖို့လည်း ဇာတ်ကားတွေ လာပြီးကမ်းလှမ်းတာ၊ ငှားတာတွေ ရှိပါ တယ်။ ဇာတ်ကားကြီး နှစ်ကားလောက် ရှိတယ်။ ဒါပေမဲ့ မေမေက သမီးကိုငယ်သေးတယ်။ ဒီဘက်မှာဝါသနာပါရင် စာမှာနည်းနည်း လျော့ သွားမှာဆိုးလို့ ခွင့်မပြုသေးဘူး။ သမီးကလည်းရိုက်တော့ရိုက်ချင်တယ်။ ဒါပေမဲ့ မလုပ်သင့်သေးဘူး။ ငယ်သေးတာဖြစ်တဲ့အတွက် ကြော်ငြာ လောက်ပဲ လက်ခံဖို့ ဆုံးဖြတ်ထားပါတယ်။ မေမေကလည်း သမီးကို စကားပြောရင် ရိုးရိုးရှင်းရှင်းပဲပြောရမယ်။ ဟန်မဆောင်ရဘူး။ ပဲမများရ ဘူးလို့ သင်ပေးပါတယ်။ ရိုက်ကူးထားတဲ့ ကြော်ငြာတွေမှာလည်း ပရိသတ်တွေ က ထိပ်ထိပ်ကြိုးစားတာကို အသိအမှတ်ပြုကြတယ်။ ကြိုက်ကြတယ်လို့လည်း ပြောပြီး အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ပြောပြပါတယ်။ စံထိပ်ထားဦးက သရုပ်ဆောင်ပိုင်းထက် သီချင်းပိုင်းကို ပိုပြီး အားသန် တာကြောင့် နောက်ပိုင်းမှာတော့ စီးဒီးခွေထွက်နိုင်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
” ညီမက Pop သီချင်း ပုံစံမျိုးဆိုတာ ပိုပြိးအားသန်တယ်။ အခုချိန်မှာတော့ အဆိုပိုင်းနဲ့ ပတ်သက်ပြီး ဘယ်သူမှသင်ပေးတာ၊ Guide လုပ်ပေးတာမျိုးတော့ မရှိသေးပါဘူး။ MISY မှာ တော့ Local ဆရာမက သင်ပေးတယ်။ အရင်ကလည်း Vocal ပိုင်းနဲ့ ပတ်သက်ပြီး သင်တန်းတတ် ခဲ့ဖူးတယ်။ အဆိုတော်တွေထဲမှာလည်း မနီနီခင်ဇော်တို့၊ မဝိုင်းစုတို့ ၊ International ပိုင်းမှာလည်း Adelel တို့ကို ကြိုက်တယ်။ နောက်ပိုင်း သီချင်းတွေလုပ်ပြီး တစ်ကိုယ်တော်အခွေလေး တစ်ခွေလောက် ထွက်နိုင် အောင်တော့ ကြိုးစားသွားပါမယ်” လို့ စံထိပ် ထားဦးက ပြောပြပါတယ်။ စံထိပ်ထားဦးက Beauty Studio အစီအစဉ်မှာလည်း မေတိုးခိုင်နဲ့အတူ ပါဝင်ရိုက်ကူးထားတယ်လို့ သိရပါတယ်။
မြတ်မိုးပွင့်၊
ဓာတ်ပုံ- မင်းမင်းထွန်း