Wednesday, January 21, 2026

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ...

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင်...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...
HomeInternationalအဆင့်မြင့် ကြိုးမဲ့ရထားတွဲယာဥ်တန်းကိုတရုတ်စမ်းသပ်

အဆင့်မြင့် ကြိုးမဲ့ရထားတွဲယာဥ်တန်းကိုတရုတ်စမ်းသပ်

ဒီဇင်ဘာ ၂၉

တရုတ်နိုင်ငံသည် ကုန်တင်ရထားတွဲအများအပြားကို သံမဏိချိတ်ဆက်မှုများကို အသုံးမပြုဘဲ ကြိုးမဲ့စနစ်ဖြင့် ချိတ်ဆက်မောင်းနှင်နိုင်သည့် ရထားပို့ဆောင်ရေးစနစ်သစ်တစ်ခုကို စမ်းသပ်အောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။

တနင်္လာနေ့က အင်နာမွန်ဂိုလီးယားပြည်နယ်ရှိ ဘော်ရှင် ရထားလမ်းပေါ်တွင် ပြုလုပ်ခဲ့သော စမ်းသပ်မှု၌ စုစုပေါင်းကုန်တင်နိုင်စွမ်း တန်ချိန် ၃၅,၀၀၀ (အီဖယ်မျှော်စင်အလေးချိန်၏ ၃ ဆခွဲခန့်) ရှိသည့် ကုန်တင်ရထား ၇ စီးကို ကြိုးမဲ့စနစ်ဖြင့် ချိတ်ဆက်အသုံးပြုခဲ့ပါသည်။ အဆိုပါရထားများကို တစ်စင်းချင်းစီ သီးခြားမောင်းနှင်ပါက ထားရှိရမည့် ဘေးကင်းလုံခြုံရေးအကွာအဝေးထက် ပိုမိုနီးကပ်စွာထားရှိ၍ တစ်ပြိုင်နက်တည်း အတူတကွ မောင်းနှင်နိုင်ခဲ့ပါသည်။ ဤနည်းပညာသည် ရထားလမ်းသစ်များကိုထပ်မံခင်းရန်မလိုဘဲ တရုတ်နိုင်ငံ၏ ရထားကုန်စည်ပို့ဆောင်ရေးစွမ်းဆောင်ရည်ကို ၅၀ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်ပေးနိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံဌာန CCTV က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ အုပ်စုလိုက်ထိန်းချုပ်မောင်းနှင်သည့်စနစ်ကို နိုင်ငံပိုင်ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းဖြစ်သော တရုတ်ရှင်ဟွာစွမ်းအင်ကုမ္ပဏီနှင့် အခြားပြည်တွင်းအဖွဲ့အစည်းများက ပူးပေါင်းထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

တရုတ်နိုင်ငံအနေဖြင့် ဆယ်စုနှစ်များစွာအတွင်း ၎င်း၏ ရထားကုန်စည်ပို့ဆောင်ရေးစွမ်းရည်ကို တိုးမြှင့်လျက်ရှိပြီး ယခုနှစ်၏ ပထမကိုးလပတ်အတွင်းမှာပင် ကုန်စည်တန်ချိန် ၃ ဘီလျံကျော်ကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံပိုင် ချိုင်းနားဒေးလီးသတင်းစာ ဖော်ပြချက်အရ သိရှိရပါသည်။ ထို့အပြင် တရုတ်မီးရထား အမြန်ကုန်ပို့ဆောင်ရေး ကဲ့သို့သော ဝန်ဆောင်မှုများဖြင့် အခြားနိုင်ငံများသို့ ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး ဥရောပနှင့် အာရှရှိ နိုင်ငံပေါင်းများစွာသို့ ရထားလမ်းချိတ်ဆက်မှုများအပြင် ကုန်စည်ပို့ဆောင်မှုကိုလည်း မြှင့်တင်လျက်ရှိသည်။

တိုးပွားလာသည့် ကုန်စည်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ရထားလမ်းသစ်များ တည်ဆောက်ခြင်းသည် ကုန်ကျစရိတ်ကြီးမားလှသဖြင့် ရထားတွဲများ၏ အရှည်ကိုတိုးမြှင့်ခြင်း သို့မဟုတ် ရထားတစ်စင်းနှင့်တစ်စင်းအကြား မောင်းနှင်သည့် အချိန်ကာလအပိုင်းအခြားများကို လျှော့ချခြင်းကဲ့သို့သော နည်းလမ်းများသည် ကုန်ကျစရိတ်ကို များစွာသက်သာစေနိုင်ကြောင်း ဟူနန်ပြည်နယ်၊ ချန်ရှာမြို့ရှိ တောင်ပိုင်းဗဟိုတက္ကသိုလ်မှ သုတေသီများက လွန်ခဲ့သော နှစ်နှစ်ခန့်က သင်္ချာဂျာနယ်တွင် ဖော်ပြခဲ့သော သုတေသနစာတမ်း၌ ထောက်ပြထားကြောင်း သိရှိရပါသည်။

Ref: မိုင်နျူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံး ကျပ် (၁ဝဝဝဝ)ဖြင့်ရောင်းချပေး

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင် အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်ဝန်းအတွင်း၌ ရောင်းချပေးခဲ့သည်။ ယင်းသည် အကြွေး စနစ်ဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အလှူရှင်များကလည်း သီလရှင်ဆရာလေးများအပါအဝင် တာမွေမြို့ရှိ ရပ်ကွက်နေပြည်သူများနှင့် အနှေးယာဉ်လုပ်သားများကို ဆန်၊ဆီ၊ဆား၊ ဟင်းသီးဟင်းရွက်များအပါအဝင် ပိုက်ဆံများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ဆန်၊ဆီ၊ကြက်ဥနှင့် ပဲ တို့ကို သက်သာသောဈေးနှုန်းဖြင့်တာမွေမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၀ သို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ တာမွေမြို့နယ်သည် ဇန်နဝါရီ...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071