ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဆောက်လုပ်နေသည့် အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးရှိ ဆိုင်ခန်းများကို ဘဏ်ချိတ်စနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း Sun Myat Tun Construction ကုမ္ပဏီလီမိတက်မှ စုံစမ်းသိရှိရသည်။
လက်ရှိတွင် Lower Ground Floor နှင့် ၅ လွှာရှိ ဆိုင်ခန်းများကို ရောင်းချထားပြီးဖြစ်ကာ ၆ လွှာမှ ၈ လွှာအထိရောင်းချရန်ကျန်ရှိနေသေးကြောင်း သိရသည်။
ရောင်းချရန်ကျန်ရှိသည့်ဈေးဆိုင်ခန်းများ၏ နှုန်းထားမှာ ၁၀ ပေပတ်လည်တစ်ခန်းလျှင် ကျပ်သိန်း ၂၃၀၀ ကျော်မှစရှိပြီး ကုမ္ပဏီတိုက်ရိုက်သော်လည်းကောင်း၊ ဘဏ်ချိတ်စနစ်ဖြင့်သော်လည်းကောင်း ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
ဘဏ်ချိတ်စနစ်ဖြင့်ဝယ်ယူပါက ၃ နှစ်မှ ၁၀ နှစ်အထိ ဝယ်ယူနိုင်ကြောင်း သိရသည်။
အဆင့်မြင့် မင်္ဂလာဈေးကြီးသည် နိုင်ငံတကာအဆင့်မီ လက်လီ ၊ လက်ကားဈေးကြီးဖြစ်ပြီး ၁၇ လွှာ အဆောက်အဦးအဖြစ် တည်ဆောက်ထားကြောင်း၊ မြေညီ Upper Floor မှ ၄လွှာထိကို ယခင် ဈေးသူ ဈေးသားဟောင်းများအား ၅ ပေ ပတ်လည် ဆိုင်ခန်းများအဖြစ် ပြန်လည်နေရာချပေးထားကာ ဆိုင်ခန်းပေါင်း ၆ဝဝဝ ကျော် ပါရှိကြောင်း သိရသည်။
ထို့ပြင် တစ်နေရာတည်းမှ နယ်မြို့နေရာ အနှံ့အပြားသို့ လက်လီ/လက်ကား ရောင်းဝယ် ဖောက်ကားနိုင်သည့် တစ်ခုတည်းသော အဆင့်မြင့် လက်လီ/လက်ကား ဈေးကြီးဖြစ်လာမည်ဖြစ်ပြီး မကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
