သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်ရဲ့ မောင်ဖြစ်သူ သရုပ်ဆောင်စိုးသီဟက သူ့ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ဗီဒီယိုဇာတ်ကားများ ရိုက်ကူးနေပါ တယ်။ အခုဆိုရင် သူ့ရဲ့ တတိယမြောက် ဇာတ်ကားဖြစ်တဲ့ ‘အိမ် မက်လွမ်းဝေ’ ဆိုတဲ့ ဇာတ်ကားကို ပါဝင်သရုပ်ဆောင် ရိုက်ကူးနေပါ တယ်။ ဒီဇာတ်ကားကို ရိုက်ကူးပုံ ဖော်ပေးသူကတော့ ဒါရိုက်တာ ဇေပါဖြစ်ပြီး သရုပ်ဆောင်များကတော့ ယုသန္တာတင်၊ ဝါဝါအောင်တို့ ပါဝင်ထားကြပါတယ်။ အခုချိန်မှာ ဗီဒီယိုလောကအခြေနေက မကောင်းတော့ပေမယ့် သရုပ် ဆောင် သစ်တစ်ယောက်အနေနဲ့ ရင်းနှီးမှုများစွာ၊ စွန့်စားမှုများစွာနဲ့ ဗီဒီယို ဇာတ်ကားများ ထုတ်လုပ်ရိုက် ကူးဖြစ်ကြောင်းကို သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်ရဲ့ မောင်ဖြစ်သူ သရုပ်ဆောင်စိုးသီဟက သူ့ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ဗီဒီယိုဇာတ်ကားများ ရိုက်ကူးနေပါ တယ်။
အခုဆိုရင် သူ့ရဲ့ တတိယမြောက် ဇာတ်ကားဖြစ်တဲ့ ‘အိမ် မက်လွမ်းဝေ’ ဆိုတဲ့ ဇာတ်ကားကို ပါဝင်သရုပ်ဆောင် ရိုက်ကူးနေပါ တယ်။ ဒီဇာတ်ကားကို ရိုက်ကူးပုံ ဖော်ပေးသူကတော့ ဒါရိုက်တာ ဇေပါဖြစ်ပြီး သရုပ်ဆောင်များကတော့ ယုသန္တာတင်၊ ဝါဝါအောင်တို့ ပါဝင်ထားကြပါတယ်။ အခုချိန်မှာ ဗီဒီယိုလောကအခြေနေက မကောင်းတော့ပေမယ့် သရုပ် ဆောင် သစ်တစ်ယောက်အနေနဲ့ ရင်းနှီးမှုများစွာ၊ စွန့်စားမှုများစွာနဲ့ ဗီဒီယို ဇာတ်ကားများ ထုတ်လုပ်ရိုက် ကူးဖြစ်ကြောင်းကို “ကျွန်တော့် ထုတ်လုပ်ရေးက ရိုက်ကူးတာဆိုတော့ ကျွန်တော့်အတွက် အားသာချက်က ကျွန်တော့် စိတ်ကြိုက်ဖန်တီးခွင့်ရတယ်။ ကျွန်တော့်ရင်ထဲမှာရှိတဲ့ အနုပညာတွေကို ချပြခွင့်ရတယ်။ ဒါပေမဲ့ ဒီဘက်မှာ တစ်ဘက်ကဘာရှိလည်းဆိုတော့ ဒီဘက်မှာဈေးကွက်ကမ ကောင်းဘူး။ လက်ရှိမှာ ဆုတ်ယုတ် နေတဲ့အချိန်။ ပြီးတော့ ကျွန်တော်ကလည်း သရုပ်ဆောင်သစ်လည်း ဖြစ်တယ်။ သရုပ်ဆောင် ကြီးတွေတောင် ဗီဒီယိုဇာတ်ကားတွေမှာ နည်းနည်း အခက်အခဲတွေ ရှိနေတဲ့အချိန်မှာ ကျွန်တော့်အတွက်က အများကြီး ပိုပြီးတော့ ကြိုးစားရတယ်။ ရင်းနှီးရတယ်။ စွန့်စားမှု ကြီးရပါတယ်။ ၇ဝ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ကျွန်တော်အကုန်ပေးဆပ် ရင်းနှီးပြီး တော့ သရုပ်ဆောင်တယ်။
ကျွန်တော်ချပြတဲ့ အနုပညာလေးကို ပရိသတ်က ရင်ထဲရောက် အောင် လုပ်နိုင်တယ်။ ကြိုက်တယ်။ လက်ခုပ်သံလေး တစ်ချက်ကြားရတယ်။ ဒီကောင်လေး မဆိုးဘူးလို့ ပြောလာရင်ပဲ ကျွန်တော် ကျေနပ်ပါတယ်” လို့ သရုပ် ဆောင် စိုးသီဟက ပြောပြပါတယ်။ သူ့ထုတ်လုပ်ရေးကနေ နောက်ထပ် ဗီဒီယိုဇာတ်ကား ၃ ကားလောက် ထပ်မံ ရိုက်ကူးပြီးသွားရင်တော့ ရုပ်ရှင်ဇာတ်ကားတစ်ကား စတင်ရိုက်ကူးသွားဖို့ရှိ ကြောင်း သိရပြီး အစ်မဖြစ်သူ လှမျိုးသဉ္ဇာနွယ်နဲ့အတူ ဇာတ်ကားများအတူ ရိုက်ကူးသွားမှာဖြစ်ကြောင်း အစ်မဆီကလည်း အကြံဥာဏ်တွေ အမြဲယူ ဖြစ် ကြောင်းကို စိုးသီဟက “ကျွန်တော့် အစ်မက ကျွန်တော် ဒီလောကထဲ စဝင် ကတည်းက အစစအရာရာ ကူညီတယ်။ ပံ့ပိုးတယ်။ ဒီနေ့ဒီချိန်ထိလည်း စေတနာအများကြီးနဲ့ ကူညီပံ့ပိုးနေတုန်းပဲ။ ကျွန်တော်ဒီလောက ကိုခြေချ ဖြစ်တာလည်း အစ်မကြောင့်ပါပဲ။ အစ်မနဲ့အတူ ဇာတ်ကားတွေ ရိုက်ကူး သွားဖို့ ရှိပါတယ်။” ပြောပြခဲ့ပါတယ်။
ဇင်မာနွယ်
ဓာတ်ပုံ – ဇော်ဝင်းအောင်