Tuesday, January 20, 2026

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ် (၁၂၀)...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ်(၁၂၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို ယခုလ (ဇန်နဝါရီ ၃၀) က စတင်ကာ ပြုလုပ်မည်ဟု သိရသည်။ ဖွင့်ပွဲအခမ်းအနားကိုမူ (ဇန်နဝါရီ ၃၁) ရက်တွင်...
HomeInternationalအစ္စရေးသည် ဆိုမာလီလန်ကို လွတ်လပ်သောနိုင်ငံအဖြစ်...

အစ္စရေးသည် ဆိုမာလီလန်ကို လွတ်လပ်သောနိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုသည့် ပထမဆုံးနိုင်ငံဖြစ်လာ

ဒီဇင်ဘာ ၂၇

အစ္စရေးနိုင်ငံသည် ဆိုမာလီလန်က လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်သည့် သမ္မတနိုင်ငံအဖြစ် ထူထောင်မှုကို သောကြာနေ့တွင် ပထမဆုံး တရားဝင်အသိအမှတ်ပြုလိုက်သည်။ ဤဆုံးဖြတ်ချက်သည် ဒေသတွင်းနိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲပုံဖော်စေနိုင်သကဲ့သို့ ဆိုမာလီလန်၏ ခွဲထွက်မှုကို ကာလရှည်ကြာ ကန့်ကွက်လာခဲ့သည့် ဆိုမာလီနိုင်ငံ၏ ရပ်တည်ချက်ကိုလည်း စိန်ခေါ်ရာရောက်နိုင်ပါသည်။

အစ္စရေးနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် စီးပွားရေးကဏ္ဍများတွင် ဆိုမာလီလန်နှင့် ချက်ချင်းပူးပေါင်းဆောင်ရွက်သွားရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားခဲ့ပါသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ၎င်းက ဆိုမာလီလန်သမ္မတ အာဘဒီရာမန် မိုဟာမက် အဗ္ဗဒူလာဟီကို ဂုဏ်ပြုကြောင်း၊ ၎င်း၏ခေါင်းဆောင်မှုကို ချီးကျူးစကားဆိုကာ အစ္စရေးနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပါသည်။ နေတန်ယာဟုက ယခုကြေညာချက်သည် ‘သမ္မတ ထရမ့်ပ်၏ ဦးဆောင်မှုဖြင့် လက်မှတ်ရေးထိုးခဲ့သော အေဘရာဟမ် သဘောတူညီချက်များ၏ ခံယူချက်အတိုင်း ဖြစ်သည်’ ဟု ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် သဘောတူညီချက်များနှင့်ပတ်သက်၍ ထရမ့်ပ်၏ ပထမသက်တမ်း အုပ်ချုပ်ရေးအဖွဲ့က ကြားဝင်စေ့စပ်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါသဘောတူညီချက်တွင် အစ္စရေးက ယူအေအီး၊ ဘာရိန်းတို့အပြင် နောက်ပိုင်းတွင် အခြားနိုင်ငံများနှင့် သံတမန်ဆက်ဆံရေး တရားဝင်ထူထောင်ခြင်းများ ပါဝင်ခဲ့ကြသည်။

ဝန်ကြီးချုပ် နေတန်ယာဟု၊ နိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆားနှင့် ဆိုမာလီလန်သမ္မတတို့သည် အပြန်အလှန် အသိအမှတ်ပြုကြောင်း ပူးတွဲကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု အစ္စရေး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ဆိုမာလီလန်သည် အေဘရာဟမ် သဘောတူညီချက်များတွင် ပါဝင်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသဘောတူညီချက်သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သမ္မတ အဗ္ဗဒူလာဟီက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါသည်။ ဆိုမာလီလန်နိုင်ငံအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများ တည်ဆောက်ရန်၊ အပြန်အလှန်သာယာဝပြောမှုကိုမြှင့်တင်ရန်နှင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကတစ်လွှားတည်ငြိမ်ရေးကိုဖော်ဆောင်ရန် သန္နိဋ္ဌာန်ချထားကြောင်းလည်း ၎င်းက ဆိုထားပါသည်။

တစ်ချိန်တည်းမှာပင် အစ္စရေး၏ ကြေညာချက်ထွက်ပေါ်လာပြီးနောက် အာဖရိကဦးချိုဒေသအတွင်း ခြိမ်းခြောက်မှုများမြှင့်တက်လာကြောင်း ဆွေးနွေးရန် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဘာဒါ အဗ္ဗဒဲလတ္တီသည် ဆိုမာလီ၊ တူရကီနှင့် ဂျီဘူတီနိုင်ငံတို့မှ ၎င်း၏လုပ်ဖော်ကိုင်ဖက် ဝန်ကြီးများနှင့် သောကြာနေ့တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း အီဂျစ်က ပြောကြားခဲ့သည်။

အဆိုပါ ဝန်ကြီးများသည် အစ္စရေးနိုင်ငံ၏ ဆိုမာလီလန်နိုင်ငံအား အသိအမှတ်ပြုခြင်းအပေါ် ရှုတ်ချခဲ့ကြပြီး ဆိုမာလီနိုင်ငံ၏ ညီညွတ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ် အပြည့်အဝထောက်ခံကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြပြီး ခွဲထွက်ဒေသများကို အသိအမှတ်ပြုခြင်းသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်ရာရောက်ကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးပြောကြားခဲ့သည်။

ဆိုမာလီလန်နိုင်ငံသည် ၁၉၉၁ ခုနှစ် ဆိုမာလီပြည်တွင်းစစ် စတင်ချိန်မှစ၍ ထိရောက်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အထိုက်အလျောက် ငြိမ်းချမ်းတည်ငြိမ်မှုရရှိခဲ့သော်လည်း အဆိုပါခွဲထွက်ဒေသသည် ယခုအချိန်အထိ မည်သည့်နိုင်ငံ၏ အသိအမှတ်ပြုမှုကိုမျှ မရရှိခဲ့ပေ။ နှစ်ပေါင်းများစွာကြာအောင် ဆိုမာလီနိုင်ငံသည် ဆိုမာလီလန်ကို အသိအမှတ်ပြုမည့် မည်သည့်နိုင်ငံကိုမဆို ဆန့်ကျင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို စည်းရုံးလှုံ့ဆော်ခဲ့ပါသည်။ ဗြိတိသျှ အစောင့်အရှောက်ခံနယ်မြေဟောင်းဖြစ်သည့် ဆိုမာလီလန်သည် အစ္စရေး၏ အသိအမှတ်ပြုမှုကြောင့် အခြားနိုင်ငံများကလည်း ၎င်းတို့နောက်သို့ လိုက်လာကြလိမ့်မည်ဟု မျှော်လင့်နေပြီး၊ အဆိုပါလုပ်ဆောင်ချက်သည် သံတမန်ရေးရာ အရှိန်အဝါနှင့် နိုင်ငံတကာဈေးကွက်များသို့ ဝင်ရောက်နိုင်မှုကို တိုးတက်လာစေမည်ဖြစ်ပေသည်။ မတ်လထဲတွင်လည်း ဂါဇာမှ ပါလက်စတိုင်းသားများကို ပြန်လည်အခြေချရန် အမေရိကန် သို့မဟုတ် အစ္စရေးထံမှ မည်သည့်အဆိုပြုချက်မျှ မရရှိခဲ့ကြောင်း ဆိုမာလီနှင့် ဆိုမာလီလန်တို့က ငြင်းဆိုခဲ့ကြပြီး၊ မိုဂါဒါရှူး (ဆိုမာလီအစိုးရ) ကမူ ၎င်းကဲ့သို့ လုပ်ဆောင်မှုမှန်သမျှကို ပြတ်ပြတ်သားသား ပယ်ချကြောင်း ပြောကြားခဲ့သည်။

Ref: သည်တယ်လီဂရပ်အွန်လိုင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့် ကားများ သည် နှင်းအောက်သို့ မြုပ်ခြင်းများ ဖြစ်ပေါ်နေကြောင်း ရို-က်တာသတင်းဌာန၏ မှတ်တမ်းများနှင့် မိုးလေဝသစောင့်ကြည့်ရေးစခန်းများအရ သိရသည်။ မိုးလေဝသစခန်းများ၏ အဆိုအရ အချို့ဒေသများတွင် ဒီဇင်ဘာလအတွင်း နှင်းထု ၃.၇ မီတာအထိ ကျခဲ့ပြီးနောက် ယခု ဇန်နဝါရီလ ပထမလဝက်အတွင်းမှာပင် နှင်း ၂ မီတာ (၆.၅ ပေ) ကျော် ထပ်မံကျခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071