Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' Newsအစ်ကိုဖြစ်သူနဲ့အတူ ဇာတ်ကားရိုက်ကူးရမှာ ရှိန်နေတာမျိုး...

အစ်ကိုဖြစ်သူနဲ့အတူ ဇာတ်ကားရိုက်ကူးရမှာ ရှိန်နေတာမျိုး မရှိတော့ဘဲ ကာရိုက်တာ အပေါ်မှာပဲ စိတ်နှစ်ထားပြီး အကောင်းဆုံး ကြိုးစားတဲ့ မင်းသွေး

သရုပ်ဆောင် မင်းသွေးက ‘ အမုန်းစွဲ’ ရုပ်ရှင်ဇာတ်ကားကြီးမှာ အစ်ကိုနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပြီး ညီအစ်ကိုနှစ်ယောက်ရဲ့ အမှတ်တရ တွေတော့ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ဇာတ်ကားအပေါ် အကောင်းဆုံး ကြိုးစားထားကြောင်း ကိုတော့…

” ‘အမုန်းစွဲ’ ရုပ်ရှင်ဇာတ်ကားကို ကျွန်တော် တော်တော်ကြိုက်တယ်။ ဒီဇာတ်ကားလေးက ပရိသတ်အတွက်ရော ကျွန်တော်တို့အတွက်ရော ထူးခြား တဲ့ ဇာတ်ကားလေးပါ။ ဒီရုပ်ရှင်ဇာတ်ကားမှာ ညီအစ်ကိုနှစ်ယောက် စလုံး ပေးတဲ့ကာရိုက်တာအပေါ်အကောင်းဆုံး ပြင်ဆင်ပြီး ကြိုးစားထားတယ်။ အစ်ကိုနဲ့ အတူ ရိုက်ကူးရတာ အရင်တုန်းက ဆိုရင် ရှိန်တယ်။ အခုနောက်ပိုင်း ရိုက်ကူးရတာလည်း များလာပြီဆိုတော့ ကာရိုက်တာအပေါ်မှာပဲ စိတ်နှစ် ထားပြီး ကြိုးစားတယ်။ ရှိန်နေတာတွေတော့ မရှိတော့ပါဘူး။ ဒီဇာတ်ကား လေးကညီအစ်ကို နှစ်ယောက် ရိုက်ကူးနေကျ ပုံစံမျိုးမဟုတ်ဘူး။ အမြင်လေး တော့ထူးမှာပါ” လို့ပြောပါတယ်။ ခရီးသွားရတာ ဝါသနာပါတဲ့သရုပ်ဆောင်မင်းသွေးက ကယား ပြည်နယ် ဆီသွားရောက် မယ့် ခရီး စဉ်အတွက် အကောင်းဆုံး ပြင်ဆင်နေပြီး ဒီဇင် ဘာလအတွင်း ခရီးသွားဖို့ ကောင်းတဲ့နေရာတွေကို လည်း အခုလို ညွှန်ပြခဲ့ ပါတယ်။

” အခု ဒီဇင်ဘာလမှာ ကယား ပြည်နယ်မှာ Program ရိုက်ကူးဖို့ ရှိတယ်။ ဒီလိုအလွန်အေးတဲ့ အချိန် မှာ အလွန်အေးတဲ့ဒေသကို သွားရတဲ့ အတွက် ပျော်မိတယ်။ နောက်ပြီး ဒီခရီးစဉ်က တကယ့်တောရိုင်း ဆန်ဆန် သဘာဝပုံစံတွေ ကို တွေ့မြင်ရမှာပါ။ ကျွန်တော် သိသ လောက် ပရိသတ် တွေကို ပြန်လည် ဝေမျှဖို့ရှိတယ်။ ကယားပြည်ကို ကျွန်တော် တစ်ခါမှ မသွား သေးဘူး။ ဒါပထမဆုံးပါ။ ကျွန်တော်ကခရီးသွားရတာ ကြိုက်တယ်။ ခရီးသွားဖို့ ကောင်းတဲ့နေရာတွေညွှန်ပြပါဆိုရင် ကျွန်တော်ပင်လယ်ကလာတဲ့ သူမို့လား မသိဘူး၊ ကျွန်းတွေ၊ တောတောင် တွေကိုသွားဖို့ညွှန်ပြချင်တယ်”လို့ မင်းသွေးကဆိုပါတယ်။ သရုပ်ဆောင်မင်းသွေးက အစ်ကို ဖြစ်သူနေတိုးနဲ့ အတူ တွဲရိုက် ကူးမယ့် ဇာတ်ကားတွေ လည်းရှိနေသေး ကြောင်းသိရပါ တယ်။

ချယ်ရီ

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071