Monday, June 23, 2025

အမေရိကကိုလက်တုန့်ပြန်မည်–အီရန်သမ္မတ

တေရန်၊ဇွန် ၂၂ အီရန်နျူကလီးယားစက်ရုံများကို အမေရိက,က တို-က်ခို-က်ခဲ့သည့်အတွက် လက်တုန့်ပြန်မည်ဖြစ်ကြောင်း အီရန်သမ္မတ မာဆွတ်ဒ် ပီဇက်ခီယန်က ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၎င်းသည် ပြင်သစ်သမ္မတနှင့်...

အမှိုက်အမျိုးအစားများ ခွဲခြားပစ်နိုင်ရန် ရန်ကုန်စည်ပင် နိုးဆော်နေ

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနိုးဆော်တို-က်တွန်းနေသည်။ လက်ရှိတွင် Shopping Mall များနှင့် အဆင့်မြင့်အရောင်းဆိုင်ကြီးများတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန်...

အီရန်အရေးလုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပ၊ အပ-စ်ရပ်ရန်ရုရှားနှင့် တရုတ်တွန်းအားပေး

အရှေ့အလယ်ပိုင်းတွင် ခြွင်းချက်မရှိ အပ-စ်အခ-တ်ရပ်စဲရေးကို တောင်းဆိုသော ဆုံးဖြတ်ချက်အတွက် ရုရှား၊ တရုတ်နှင့် ပါကစ္စတန်နိုင်ငံများက အဖွဲ့ဝင် ၁၅ နိုင်ငံပါကောင်စီကို အဆိုပြုခဲ့မှုအရ အီရန်နျူကလီးယားနယ်မြေများကို...

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ဆက်တို-က်ကျဆင်းလာ

စားသုံးသူဈေးကွက်အတွင်း ရောင်းချရန် ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို (၆,၀၈၀) ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် တစ်ပါတ်တွင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ...
HomeInternationalအငြင်းပွားနယ်စပ်တလျှောက် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်အင်အား...

အငြင်းပွားနယ်စပ်တလျှောက် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်အင်အား တိုးချဲ့

နှစ်နိုင်ငံ အငြင်းပွားနယ်စပ်တလျှောက်တွင် ကမ္ဘောဒီးယားဘက်က တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားခဲ့မှုကြောင့် ထိုင်းဘက်ကလည်း ၎င်း၏ တပ်အင်အားကို တိုးမြှင့်ခဲ့သည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးက စနေနေ့တွင် ပြောကြားခဲ့သည်။ နယ်စပ်တွင် လူအ‌ေ-သအပျေ-ာက်ရှိသောပစ်ခတ်မှုဖြစ်ခဲ့ပြီး နှစ်နိုင်ငံအကြား တင်းမာမှုများ ပေါ်ပေါက်နေခြင်းဖြစ်သည်။
         
မေလ ၂၈ ရက် နေ့က ကမ္ဘောဒီးယားစစ်သားတစ်ဦး ‌ေ-သဆုံးခဲ့သော နယ်စပ်မျဉ်းမရှိသည့် ဧရိယာတွင် နှစ်ဖက်တပ်များ ခေတ္တတို-က်ပွဲဖြစ်ပြီးချိန်မှ စတင်ကာ အရှေ့တောင်အာရှ နှစ်နိုင်ငံ အစိုးရနှစ်ရပ်သည် ဆွေးနွေးဖြေရှင်းမှုကို ကတိပြုသည့် စကားလုံးများသုံးကာ အပြန်အလှန်ပြောဆိုခဲ့ကြသည်။              
              
သို့သော်လည်း ကြာသပတေးနေ့က ပြုလုပ်ခဲ့သော နှစ်ဖက်ဆွေးနွေးမှုများတွင် တင်းမာမှုလျော့ပါးစေမည့် အဆိုပြုချက်များကို ကမ္ဘောဒီးယားနိုင်ငံက ပယ်ချခဲ့သည်ဟု ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်သည့် Phumtham Wechayachai က ပြောကြားခဲ့သည်။
           
“ဒီ့အပြင် နယ်စပ်တလျှောက်တင်းမာမှုတွေ ပိုဆိုးလာစေတဲ့ စစ်အင်အား တိုးချမှုတွေလည်း ရှိနေပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် Phumtham က ပြောကြားထားသည်။
        
“အကျိုးဆက်အနေနဲ့ ထိုင်းဘုရင့်တပ်မတော်ဟာ နောက်ထပ်အစီအမံတွေကို အကောင်အထည်ဖော်ဖို့နဲ့ ကျွန်တော်တို့ရဲ့ စစ်ရေးတည်ရှိမှုအနေအထားကို လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့ လိုအပ်လာတယ်လို့ ယူဆပါတယ်” ဟု ၎င်းက ဆိုခဲ့ပြီး နှစ်ဖက်တပ်များ အင်အားတိုးချမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြောခဲ့ခြင်း မရှိပေ။
           
စနေနေ့က ထိုင်းစစ်တပ်၏ သီးခြားထုတ်ပြန်ချက်တစ်ခုတွင်မူ ကမ္ဘောဒီးယား စစ်သားများနှင့် အရပ်သားများသည် ထိုင်းနိုင်ငံ ပိုင်နက်အတွင်းသို့ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ဆိုထားသည်။
          
ယင်းကဲ့သို့ ရန်စမှုများနှင့် တပ်အင်အားချထားမှုများသည် အင်အားသုံးရန် ရည်ရွယ်နေခြင်းကို ရှင်းလင်းစွာညွှန်ပြနေကြောင်း ထိုင်းစစ်တပ်က ပြောဆိုခဲ့ပြီး ကမ္ဘောဒီးယားနှင့် နယ်စပ်တလျှောက်ရှိ ထိုင်းနယ်စပ်စစ်ဆေးရေးစခန်းအားလုံးကို စစ်တပ်က ထိန်းချုပ်သွားမည်ဟု ပြောကြားခဲ့သည်။
             
ယင်းကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ရိုက်တာသတင်းဌာ၏ တောင်းဆိုမှုကို ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိကြောင်း သိရသည်။

Ref: ယဟျူးနူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကကိုလက်တုန့်ပြန်မည်–အီရန်သမ္မတ

တေရန်၊ဇွန် ၂၂ အီရန်နျူကလီးယားစက်ရုံများကို အမေရိက,က တို-က်ခို-က်ခဲ့သည့်အတွက် လက်တုန့်ပြန်မည်ဖြစ်ကြောင်း အီရန်သမ္မတ မာဆွတ်ဒ် ပီဇက်ခီယန်က ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၎င်းသည် ပြင်သစ်သမ္မတနှင့် ဖုန်းခေါ်ဆိုစဥ်က ပြင်သစ်သမ္မတ၏ ပြဿနာကိုထိန်းထိန်းသိမ်းသိမ်းဖြေရှင်းရန် တောင်းဆိုမှုကို ယခုပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။ အမေရိက၏တို-က်ခို-က်မှုသည် ၎င်း၏မရိုးသားမှုပြယုဂ်တစ်ခုပင်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးနှင့်ငြိမ်းချမ်းရေး ကြိုးပမ်းမှုများအတွက် ထရမ့်ပ်၏ အခိုင်အမာပြောဆိုမှုများသည် အခြေအမြစ်မရှိသည့်စကားများသာဖြစ်သည်ဟုလည်း ဆိုခဲ့သည်။ သို့သော် အီရန်သည် ဥရောပနှင့် သံတမန်ရေးဆိုင်ရာကတိကဝတ်ပြုမှုကို အလေးထားကာ တွေ့ဆုံဆွေးနွေးရေးနှင့် အပြန်အလှန်ဆက်ဆံရေးအတွက် အမြဲအဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပြီး သံတမန်ရေးလမ်းကြောင်းကိုလည်း မည်သည့်အခါမျှ မစွန့်လွှတ်ခဲ့ဟု၎င်းကဆိုသည်။ မက်ခရွန်ကလည်း အီရန်နှင့်စေ့စပ်ဆွေးနွေးရန်ဆန္ဒရှိကြောင်းထပ်လေ-ာင်းပြောကြားခဲ့ပြီး ပါရီသည်...

အမှိုက်အမျိုးအစားများ ခွဲခြားပစ်နိုင်ရန် ရန်ကုန်စည်ပင် နိုးဆော်နေ

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနိုးဆော်တို-က်တွန်းနေသည်။ လက်ရှိတွင် Shopping Mall များနှင့် အဆင့်မြင့်အရောင်းဆိုင်ကြီးများတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်ပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တို-က်တွန်းထားကြောင်း သိရသည်။ အမှိုက်အမျိုးအစား ၄ မျိုး ခွဲခြားစွန့်ပစ်ရာတွင် အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံး၊ အမှိုက်ခြောက်များဖြစ်သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန့်ပစ်ပစ္စည်းများအတွက် အဝါရောင်အမှိုက်ပုံး၊ ပလတ်စတစ်အမှိုက်များဖြစ်သော ပလတ်စတစ်သုံးပစ္စည်းများအား...

အီရန်အရေးလုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပ၊ အပ-စ်ရပ်ရန်ရုရှားနှင့် တရုတ်တွန်းအားပေး

အရှေ့အလယ်ပိုင်းတွင် ခြွင်းချက်မရှိ အပ-စ်အခ-တ်ရပ်စဲရေးကို တောင်းဆိုသော ဆုံးဖြတ်ချက်အတွက် ရုရှား၊ တရုတ်နှင့် ပါကစ္စတန်နိုင်ငံများက အဖွဲ့ဝင် ၁၅ နိုင်ငံပါကောင်စီကို အဆိုပြုခဲ့မှုအရ အီရန်နျူကလီးယားနယ်မြေများကို အမေရိက,က တို-က်ခို-က်ခဲ့ခြင်းကို ဆွေးနွေးရန် တနင်္ဂနွေနေ့တွင် လုံခြုံရေးကောင်စီက အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့သည်။ ဆုံးဖြတ်ချက်အပေါ် မည်သည့်အချိန်တွင် မဲခွဲဆုံးဖြ-တ်မည်ဆိုသည်ကိုမူ လတ်တလောတွင် မသိရသေးပေ။ အစ္စရေးက အီရန်ကို တို-က်ခို-က်ခဲ့မှုများအတွင်း ေ-သဆုံးသူ ၈၆၅ ဦးနှင့် ဒဏ်ရာရသူ ၃,၃၉၆ ဦး ရှိခဲ့သည်ဟု ဝါရှင်တန်အခြေစိုက် လူအခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ဆုံးဖြတ်ချက်မူကြမ်းစာသားကို သုံးနိုင်ငံက ဖြန့်ဝေထားကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071