Friday, January 17, 2025

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို...

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ...

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ်...

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင်...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ မြန် မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေး...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များ မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ဇန်နဝါရီ ၁၅ ရက်က...
HomeNewsLocal Newsအင်းလေးဒေသ ရေဘေးသင့် ပြည်သူများထံ...

အင်းလေးဒေသ ရေဘေးသင့် ပြည်သူများထံ တန်ဖိုးငွေ ကျပ် (၄၂) သိန်းကျော် တန်ဖိုးရှိ လောင်စာတောင့်များ ဒုတိယအကြိမ်ဖြစ်ထောက်ပံ့လှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ရေဘေးသင့်ပြည်သူများ ချက်ပြုတ်ရေး ကိစ္စအဆင်ပြေစေရေး တန်ဖိုးငွေ ကျပ် (၄၂)သိန်းကျော် တန်ဖိုးရှိ လောင်စာတောင့်များကို ဒုတိယအကြိမ်ဖြစ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး ကော်မတီမှ စက်တင်ဘာ (၂၉) ရက် နံနက်ပိုင်းက ထောက်ပံ့လှူဒါန်းပေးလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ညောင်ရွှေအထိုင်ချ ကယ်ဆယ်ရေးစခန်းက ကြီးကြပ်ကာ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (လောက်ကိုင်)၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ရွာငံ)၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ညောင်ရွှေ) တို့ နှင့်အတူ လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

“အင်းလေးဒေသ ရေပြင်ကျယ်ကြီးအလယ် ထင်းခွေဖို့ မ လွယ်၊ မီးသွေးကလည်း ဝယ်ဖို့ ခက်ခဲ၊ လျှပ်စစ်မီး မရှိသ လို Gas နဲ့ ချက်ဖို့ မရှိတာမို့ ထမင်းအိုးတည်ဖို့နဲ့ ချက်ပြုတ်ရေး ပြေလည်စေဖို့ အလှူရှင်များရဲ့ လှူဒါန်းမှုနဲ့ ထပ်မံ ဖြန့်ဝေလှူဒါန်းပေးတာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး ကော်မတီမှ ဆိုသည်။

ထိုသို့လှူဒါန်းပေးရာတွင် ပထမအကြိမ် လောင်စာတောင့် သုံးသောင်း၊ တန်ဖိုးငွေကျပ် ၂၅၅၀၀၀၀ ဖိုး ဝယ်ယူဖြန့်ဝေလှူဒါန်းခဲ့ပြီးဖြစ်သော်လည်း လိုအပ်နေသေးသောကြောင့် ယနေ့ စက်တင်ဘာ (၂၉)ရက်တွင် လောင်စာတောင့် ငါးသောင်း၊ တန်ဖိုးငွေ ၄၂၅၀၀၀၀ ကျပ်ဖိုး ထပ်မံ ဖြန့်ဝေလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) အနေဖြင့် မန္တလေးနှင့် အနီးတဝိုက်တွင် ရေဘေးကယ်ဆယ်ရေးလုပ်‌ဆောင်ရမှု လျော့နည်းလာ၍ စက်တင်ဘာ(၂၁)ရက်မှစတင်ကာ ညောင်ရွှေမြို့၊ အထက(၂)၌ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ရုံးခွဲများဖြစ်သော ရွာငံမြို့နယ်ရုံးအဖွဲ့၊ လောက်ကိုင်မြိုနယ်အဖွဲ့၊ ညောင်ရွှေမြို့နယ်အဖွဲ့၊ မုံရွာမြို့နယ်ရုံးအဖွဲ့ များဖြင့် အထိုင်ချစခန်း ဖွင့်လှစ်ကာ ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျ ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ (၄၅၅) ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေ ယာဉ် (စကု)တို့ ဇန်နဝါရီ (၁၄)ရက်က ရန်ကုန်မြို့မှ ထွက်ခွာသွားခြင်းဖြစ်သည်။ အဆိုပါ ရေယာဉ်တို့တွင် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့တို့ လိုက်ပါလာပြီး...

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းပြုလုပ်

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက သိရသည်။ အဆိုပါ ပြစ်ဒဏ်ပေးမှုကို မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်ရပ်လမ်းဆုံတွင် ဆိုင်ကယ်ဦးထုပ်မပါဘဲ မောင်းနှင်လာသူများကို တားဆီး၍ ဦးထုပ်မဆောင်းသည့် ပြစ်ဒဏ်အစား ဆိုင်ကယ်စီး ဦးထုတ်အသစ်တစ်လုံးကို ချက်ခြင်းဝယ်ယူဆောင်းခိုင်းစေသည့် ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ " ဦးထုပ်ဆောင်းဖို့ အရင်တည်းက အသိပညာပေးတာမျိုးတွေကို ယာဉ်ထိန်းရဲတွေက လုပ်ပါတယ်။ အဓိကဆိုင်ကယ်မောင်းသူတွေ ဦးထုပ်မဆောင်းရင်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို အသိပညာပေးတာတွေ အခါအားလျှော်ရင် ဆွေးနွေးမှုတွေလုပ်ပါတယ်။ အခုဟာကဗျာ...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန်ဆွေးနွေး

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ ထွေထွေအတွင်းရေးမှူးချုပ်တို့သည် ဇန်နဝါရီ ၉ ရက်ညနေပိုင်းက တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ-တရုတ် စင်တာ (ASEAN - China Centre - ACC)၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် တရုတ်-မြန်မာနှစ်နိုင်ငံကြား အကျိုး စီးပွားရရှိစေရေးနှင့် ချစ်ကြည်ရင်းနှီးမှုခိုင်မြဲစေရေး၊ အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ၊ AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍ၊ အပြန်အလှန်ဖလှယ်ရေးကဏ္ဍများတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071