Wednesday, December 11, 2024

ဒီဇင်ဘာလအတွက် ပြည်တွင်းစားဆန် ရည်ညွှန်းဈေးများ သတ်မှတ်ထုတ်ပြန်

ယခုဒီဇင်ဘာလအတွက် ဈေးကွက်အတွင်း ရောင်းချရမည့်ပြည်တွင်းစားဆန်ရည်ညွှန်းဈေးများကို သတ်မှတ်ထုတ်ပြန်ပေးထားပြီး သုံးလဆက်တိုက် ရည်ညွှန်းဈေးပြောင်းလဲခြင်းမရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။ ယင်းသတ်မှတ်ရည်ညွှန်းဈေးနှုန်းများမှာ ပြည်တွင်းစားသုံးမှုရှိသည့် ဆန်အုပ်စုအလိုက် (၁၀၈) ပေါင်/ (၂၄)...

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ခြင်းနှင့် ပတ်သက် သမ္မတရုံးကို တောင်ကိုရီးယား...

ပြီးခဲ့သည့် သီတင်းပတ်က တောင်ကိုရီးယားနိုင်ငံတွင် စစ်အုပ်ချုပ်ရေးဖော်ဆောင်ရန် ကြိုးပမ်းခဲ့ခြင်းနှင့်ပတ်သက်၍ ဆိုးလ်မြို့ရှိ သမ္မတရုံးကို တောင်ကိုရီးယားရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သည်။ စွပ်စွဲပြစ်တင်မှုအပြင် ရာထူးကဆင်းပေးရန် တောင်းဆိုမှု အများအပြားရှိနေသော်လည်း သမ္မတရာထူးကို...

သွင်းကုန်လုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေရောင်းချပေးမည်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေများ ရောင်းချပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ (၁၀) ရက်တွင် အသိပေးကြေညာထားသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်...

ဆုံးရှုံးခဲ့ရသည့် ရမှတ်အတွက် ဖိလစ်ပိုင်နှင့် ပွဲစဉ်အတွင်း...

အင်ဒိုနီးရှား-မြန်မာ ပွဲစဉ်အတွင်း ဆုံးရှုံးခဲ့ရသည့် ရမှတ်အတွက် ဖိလစ်ပိုင်နှင့် ယှဉ်ပြိုင်မည့်ပွဲစဉ်အတွင်း အနိုင်(၃)မှတ်ရရန် ကြိုးစားသွားမည်ဟု မြန်မာအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပွဲကြိုစကား ပြောကြားပြန်သည်။ "ပထမပွဲမှာ အမှတ်ဆုံးရှုံးထားလို့...
HomeNewsLocal Newsအင်းတော်ကြီးဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေရပ်ကွက်များတွင်...

အင်းတော်ကြီးဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေရပ်ကွက်များတွင် ရေဝင်ရောက်လျက်ရှိ

အင်းတော်ကြီးဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေရပ်ကွက်များတွင် ရေဝင်ရောက်လျက်ရှိ

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသတွင် သြဂုတ် ၃ ရက်(ယနေ့)နံနက် ၆ နာရီကျော်ခန့်မှ စတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လျက်ရှိကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်မွန်းချောင်းနှင့်နန့်သာအင်းချောင်းများမှ ရေများလျှံတက်လာကာ နန့်မွန်းမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်၍ လမ်းများပေါ်တွင်လည်း ရေကျော်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

“ရေဝင်တဲ့အိမ်တွေက လူတွေနဲ့အိမ်ပစ္စည်းတွေကို ရေဘေးလွတ်တဲ့နေရာတွေပို့ပေးထားပါတယ် မ နက်ထဲကမိုးအရမ်းရွာတော့ရေတက်နိုင်လို့ ကယ် ဆယ်ရေးလုပ်ဖို့အဆင်သင့်ပြင်ထားတာ လမ်းတွေပေါ်မှာလည်း ရေကျော်နေတော့ ဖြတ်သန်းနေတဲ့လူတွေ အခက်အခဲမဖြစ်အောင် လမ်းကြောင်းတစ်လျှောက်မှာကူညီပေးပါတယ်”ဟု နန်းမွန်းမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေဝင်ရောက်လျက်ရှိသည့် ရပ်ကွက်များမှာ အနိမ့်ပိုင်းများဖြစ်သော ရပ်ကွက် ၁ ၊ ရပ်ကွက် ၂ နှင့်ရပ်ကွက် ၃ တို့ရှိ နေအိမ်များနှင့်လမ်းများပေါ်သို့ ရေကျော်ရေဝင်ရောက်လျက်ရှိသည်။

အလားတူ ဟိုပင်-နန့်မွန်း-ညောင်ပင်သွားကားလမ်း၏ နေရာအချို့တွင် ၂ ပေခန့်၊ နန့်မွန်း-အုန်းစံဆိုင်-ဘီလူးသွားကားလမ်း၏ နေရာအချို့တွင်လည်း ၈ လက်မခန့်ရေကျော်ခဲ့သော်လည်း လက် ရှိအချိန်၌ ပြည်လည်ကျဆင်းလာပြီးဖြစ်ကြောင်း သိရသည်။

“ကားလမ်းပေါ်မှာရေကျော်တာကတော့ တဖြည်း ဖြည်းနဲ့ကျသွားပြီ ရပ်ကွက်တွေထဲကတော့ ချက်ခြင်းမကျသေးဘူး ရေအကုန်ကျသွားမှပဲ ရေ ဘေးလွတ်တဲ့ဆီကိုရွှေ့ပေးထားတဲ့ အိမ်ထောင်စုတွေကို ပြန်ရွှေ့ပေးသွားမှာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo- MOI/CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒီဇင်ဘာလအတွက် ပြည်တွင်းစားဆန် ရည်ညွှန်းဈေးများ သတ်မှတ်ထုတ်ပြန်

ယခုဒီဇင်ဘာလအတွက် ဈေးကွက်အတွင်း ရောင်းချရမည့်ပြည်တွင်းစားဆန်ရည်ညွှန်းဈေးများကို သတ်မှတ်ထုတ်ပြန်ပေးထားပြီး သုံးလဆက်တိုက် ရည်ညွှန်းဈေးပြောင်းလဲခြင်းမရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။ ယင်းသတ်မှတ်ရည်ညွှန်းဈေးနှုန်းများမှာ ပြည်တွင်းစားသုံးမှုရှိသည့် ဆန်အုပ်စုအလိုက် (၁၀၈) ပေါင်/ (၂၄) ပြည် တစ်အိတ် လျှင် အမြင်ဆုံး (၈၅,၀၀၀) ကျပ်မှ (၁၅၀,၀၀၀) ကျပ်အကြား ၊ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ နှံကောက်၊ ရွှေမန်းစသည့်ဆန်ဈေးများမှ (၈၅,၀၀၀) ကျပ်၊ ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းက ထွက်ရှိသည့် ရွှေသွယ်၊ အညာသား၊ ပခန်း၊ မှော်ဘီ-၂ ၊ မှော်ဘီ-၃၊...

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ခြင်းနှင့် ပတ်သက် သမ္မတရုံးကို တောင်ကိုရီးယား ရဲတပ်ဖွဲ့ဝင်ရောက်စီးနင်း၊ ကာကွယ်ရေးဝန်ကြီးဟောင်း သ-တ်သေရန်ကြိုးစား

ပြီးခဲ့သည့် သီတင်းပတ်က တောင်ကိုရီးယားနိုင်ငံတွင် စစ်အုပ်ချုပ်ရေးဖော်ဆောင်ရန် ကြိုးပမ်းခဲ့ခြင်းနှင့်ပတ်သက်၍ ဆိုးလ်မြို့ရှိ သမ္မတရုံးကို တောင်ကိုရီးယားရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သည်။ စွပ်စွဲပြစ်တင်မှုအပြင် ရာထူးကဆင်းပေးရန် တောင်းဆိုမှု အများအပြားရှိနေသော်လည်း သမ္မတရာထူးကို ဆက်လက်ခံယူနေသည့် သမ္မတ ယွန်ဆွတ်ယိုသည် သူပုန်ထမှုနှင့် နိုင်ငံတော်သစ္စာဖောက်မှု စွဲချက်များဖြင့် အစိုးရဌာနခွဲအသီးသီး၏ စုံစမ်းစစ်ဆေးမှုအများအပြားကို ရင်ဆိုင်နေရသည်။ တစ်ချိန်တည်းမှာပင် စစ်အုပ်ချုပ်ရေးကြေညာမှုကို တာဝန်ယူခဲ့သည့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟွန်းကလည်း ထိန်းသိမ်းခံနေရစဉ်တွင် မိမိကိုယ်ကို သ-တ်သေရန် ကြိုးပမ်းခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ကင်ယောင်ဟွန်းအား တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အစောင့်အကြပ်များဖြင့် ထားရှိထားပြီး လောလောဆယ်တွင်...

သွင်းကုန်လုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေရောင်းချပေးမည်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေများ ရောင်းချပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ (၁၀) ရက်တွင် အသိပေးကြေညာထားသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ (၃၅) သန်းနှင့် ထိုင်းဘတ် သန်း (၄၀) ရောင်းချပေးမည်ဖြစ်သည်။ ဗဟိုဘဏ်အနေဖြင့် သွင်းကုန်လုပ်ငန်းရှင်များအဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေများကို ထုတ်ရောင်းပေးလျက်ရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ (၉၄) သန်းကျော်၊ ထိုင်းဘတ် (၃၄၆) သန်းကျော်နှင့် တရုတ်ယွမ် (၁ ၃.၇၅)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071