Monday, February 17, 2025

တရုတ်လေယာဉ် ၂၄ စီး ကို...

တိုင်ပေ၊ဖေဖော်ဝါရီ ၁၆ ကနေဒါစစ်သင်္ဘောတစ်စီးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းစဉ် တရုတ်လေယာဉ် ၂၄ စီး ကိုကျွန်းတစ်ဝိုက်တွေ့ရှိခဲ့ရသည်ဟု ထိုင်ဝမ်ဘက်ကပြောကြားခဲ့သည်။ အဆိုပါကနေဒါရေတပ်သင်္ဘောသည် ပထမဆုံးအကြိမ် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းသည့်သင်္ဘောဖြစ်ကြောင်း...

ထိုင်းနိုင်ငံမှ ကုန်စည်တင်သွင်းမှုကို ထပ်မံ ကန့်သတ်လာမည်ကို...

ထိုင်းနိုင်ငံမှ ‌အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကြောင့် လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက်ပိုင်း ကုန်စည်တင်သွင်းမှုများကိုပါ ထပ်မံကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၁၅)...

နီပေါ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်...

နီပေါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် မွန်းလွဲပိုင်းအချိန်က ပြိုင်ပွဲကျင်းပမည့် Dasharath...

ပူတာအို ရေခဲတောင်တက်ခရီးစဥ်တွင် အဓိကအားထားရသည့် ဖုန်ရင်ချောင်းကူးတံတား...

ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွင်းရှိ ဖုန်ရင်ရာဇီနှင့် ဖန်ဂရမ်ရာဇီ ရေခဲတောင်တက်ခရီးစဉ်များအတွင်း အဓိက အားထားသွားလာရသည့် ဖုန်ရင်ချောင်းကူးတံတား ပြင်ဆင်ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ‌အဆိုပါ တံတားပြုပြင်ရေးတွင် ပါဝင်သူဒေသခံတစ်ဦးက...
HomeNewsLocal Newsအင်းစိန် ဗဟိုအကျဉ်းထောင်ရှိ အမျိုးသမီး...

အင်းစိန် ဗဟိုအကျဉ်းထောင်ရှိ အမျိုးသမီး အိပ်ဆောင်တွင် ဟစ်ကြွေးဆန္ဒထုတ်ဖော်မှု တစ်ရပ်ဖြစ်ပွား

အင်းစိန် ဗဟိုအကျဉ်းထောင်ထဲက အမျိုးသမီးအကျဉ်းထောင် အတွင်းမှာ သြဂုတ်လ ၁၁ရက် ည ၉ နာရီအချိန်ခန့်က ဟစ်ကြွေး ဆန္ဒထုတ်ဖော်မှု တစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။
အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရ ဒုတိယညွှန်ကြားရေးမှူးဦးချမ်းအေးကျော်က အခုသတင်းအပေါ် ဟုတ်မှန်ကြောင်းပြောဆိုခဲ့ပြီး အင်းစိန်ဗဟို အကျဉ်းထောင်ရှိ အမျိုးသမီးအကျဉ်းထောင်ရဲ့ အိပ်ဆောင်အမှတ်၇မှာ ဖြစ်ခဲ့တာဖြစ်တယ်လို့ ပြောပြပါတယ်။
၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၁ ရက် ည မြဝတီ၊မြန်မာ့အသံတို့ရဲ့ ည၈နာရီသတင်းထဲ နစကကကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုတွေ ပိတ်သိမ်းပေးမယ်ဆိုတဲ့ ကြေညာချက်အပြီး အမှုရင်ဆိုင်နေရဆဲ သူတွေလွတ်မြောက်ပြီး အကျဉ်းကျနေသူတွေ အဘယ်ကြောင့် မလွတ်ပေးရတာလဲဆိုပြီး အကျဉ်းကျအမျိုးသမီး ၃၀ကျော်က သွေးသစ္စာနဲ့ ကမ္ဘာမကြေဆိုကာ ဟစ်ကြွေးဆန္ဒထုတ်ဖော်မှုလုပ်ခဲ့ကြတာလို့ ဦးချမ်းအေးကျော်က ပြောပါတယ်။
ဟစ်ကြွေးဆန္ဒထုတ်ဖော်မှုလုပ်ခဲ့ကြသူတွေက တောင်းဆိုချက်မပါဘဲ ဟစ်ကြွေးဆန္ဒပြမှုသာရှိတယ်လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်၈ရက် ညပိုင်းက မန္တလေးအိုးဘိုထောင်မှာ ဟစ်ကြွေးဆန္ဒထုတ်ဖော်မှုတွေ၊ပြီးခဲ့တဲ့ ဇူလိုင် ၂၃ရက်က ရန်ကုန်အင်းစိန်ထောင် အတွင်းဟစ်ကြွေးဆန္ဒထုတ်ဖော်မှုနဲ့ တောင်းဆိုမှုတွေ ဖြစ်ခဲ့ပါသေးတယ်။
နစကက သြဂုတ်လ ၁၁ရက်ညက ကိုဗစ်အကြောင်းပြချက်နဲ့ ကြေညာချက်ထုတ်ရာမှာ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုတွေ ပိတ်သိမ်းပေးတာမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါပြစ်မှုများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပါ ပြစ်မှုများ၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပါပြစ်မှုများ၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေပါပြစ်မှုများ (အမိန့်အမှတ် ၁၄၇/၂၀၂၁ ၏အပိုဒ် ၂(စ)နှင့် (ဆ)ပါပြစ်မှုများမပါ)၊ မတရားအသင်းအက်ဥပဒေပါပြစ်မှုများ၊ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊ အကြည်အညို ပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)အရ စွဲဆိုထားသောအမှုများ၊ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေးအမှုများ၊ တရားရုံးမှာ ဦးတိုက်လျှောက်ထား စွဲဆိုထားသောအမှုများ၊ သက်ဆိုင်ရာ တရားစွဲအဖွဲအစည်းက လုံလောက်သော အကြောင်းပြချက်နဲ့ ပိတ်သိမ်းခြင်းမပြုသင့်သည့်အမှုများ၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ မတိုင်မီ သက်ဆိုင်ရာတရားရုံးတွေမှာ လျှောက်ထားတဲ့ အမှုတွေ မှအပ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နဲ့ ယင်းနေ့မတိုင်မီ ပြစ်မှု တစ်ခုခုနဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာတရားရုံးများမှာ စွဲဆိုခံရပြီး ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုအားလုံးကို ပိတ်သိမ်း၍ တရားခံတွေကို အမှုမှလွှတ်ရမယ်လို့ ဆိုထားပါတယ်။
လူသတ်မှု၊ မုဒိမ်းမှု၊ သူတစ်ဦးဦးအားထိခိုက်နစ်နာစေတဲ့ပြစ်မှု၊ လူပုဂ္ဂိုလ်တစ်ဦး သိုမဟုတ် လူပုဂ္ဂိုလ်များရဲ့ ငွေကြေး သို့မဟုတ် ပစ္စည်းဆုံးရှုးနစ်နာစေတဲ့ ပြစ်မှုတွေနဲ့ စပ်လျဉ်းပြီး ကိုယ်တိုင်ထိခိုက်နစ်နာသူက အမှုကိုပိတ်သိမ်းခြင်းမပြုလိုကြောင်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာတရားရုံးမှာ လျှောက်ထားခြင်း မရှိမှဘဲ အဆိုပါအမှုကို ပိတ်သိမ်း၍ တရားခံ အားလွှတ်ရမယ်လို့ ကြေညာချက်ထဲ ဖော်ပြထားပါတယ်။ဒါ့အပြင် ကိုယ်တိုင်ထိခိုက်နစ်နာသူက အမှုပိတ်သိမ်းခြင်းမပြုလိုကြောင်း လျှောက်ထားသည့်အခါ သက်ဆိုင်ရာတရားရုံးက ရောက်ရှိတဲ့ အဆင့်မှစ၍ အမှုကို ဆက်လက်စစ်ဆေးရမယ်လို့ ဆိုထားပါသေးတယ်။ အမှုကို ပိတ်သိမ်းရာမှာ ကိုယ်တိုင်ထိခိုက် နစ်နာသူ ဆိုတာက နှစ်နာသူကိုယ်တိုင်၊ နှစ်နာသူရဲ့ တရားဝင်ဇနီး၊ ခင်ပွန်းနဲ့ သားသမီး၊ နစ်နာသူ အိမ်ထောင်မရှိဘူးဆိုရင် နစ်နာသူ ကိုယ်တိုင်နဲ့ နစ်နာသူရဲ့ မိဘ၊ မောင်နှမတွေကို ဆိုလိုတာလိုလည်း နစကက ဆိုထားတာတွေ့ရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071