ယနေ့ဧပြီလ(၁၇) ရက် မြန်မာနှစ်ဆန်း(၁)ရက် နေ့လယ်ပိုင်းတွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား (၉၀၀) ကျော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။
ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများထဲတွင် အမျိုးသား (၉၀၀) ဝန်းကျင်နှင့် အမျိုးသမီး (၄၀) ဝန်းကျင်ပါဝင်ကြောင်း ပြန်လည် လွတ်မြောက်လာသူများထံမှ စုံစမ်း သိရသည်။
” အမျိုးသမီး (၄၀) လောက်ပါတယ်။ အမျိုးသားက (၉၀၀) လောက်ပါတယ် ၊ စုစုပေါင်းဆိုရင် (၉၄၀) လောက်ပေါ့” ဟုပြန်လည်လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။
ယနေ့ နှစ်ဆန်းတစ်ရက်တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများမှ အကျဉ်းသား (၃၃၀၃)ဦးကို ပြစ် ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး မန္တလေးတိုင်းအတွ င်းမှ အကျဉ်းသား ၅၀၀ နီးပါးပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အချို့ အကျဉ်းသားများ၏ ပြစ်ဒဏ်များ၏ ခြော က်ပုံတစ်ပုံကိုလည်း လျှော့ပေါ့ပေးခဲ့ကြောင်း သိရသည်။




