ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ကုန်တင်ယာဉ် (၂) စီး အရှိန်လွန်ကာ ခေါင်းချင်းဆိုင်တိုက်မိပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦး ယာဉ်အတွင်း ည-ပ်နေရာ ကယ်ထုတ်ပေးခဲ့ရပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သိရသည်။
အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမပေါ်တွင် မေလ(၈)ရက်၊ နံနက် (၇)နာရီ (၃၅)မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းခွဲရုံးမှ လူနာတင်ယာဉ်ဖြင့် စေတနာ့လုပ်အားရှင်များက ရှေးဦးပြုစုခြင်းနှင့် လူနာတင်ယာဉ် အကူအညီပေးနိုင်ရန် သွားရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နေရာတွင် ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသား တစ်ဦးမှာ ယာဉ်အတွင်း ည-ပ်နေသည့်အတွက် နံနက် (၇) နာရီ၊ (၅၄)မိနစ်အချိန်တွင် ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသ ည်။
ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ထိ-ခို-က်ဒ-ဏ်ရ-ာရသည့် အမျိုးသား၏ ဝဲဘက်ခြေသလုံးနှင့် ဝဲခြေဖမိုးဒ-ဏ်ရ-ာအား စနစ်တကျ ရှေးဦးပြုစုပေးခဲ့ပြီး အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ အချိန်မှီ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။