ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာမြို့ နယ်တို့တွင် ငွေကျပ်သိန်း ၄၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ထံမှ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
ဧပြီ (၁၉) ရက်၊ နေ့လယ် (၁)နာရီ (၁၅)မိနစ်အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အ တူ အင်းစိန်မြို့နယ်၊ ကြို့ကုန်း(အရှေ့)ရပ်ကွက်တွင် သန်းထွန်း(ခ)ဦးထွန်း မောင်းနှင်ပြီး မနန်းဆိုင်ဆာ(ခ)အေးယိမ်း လိုက်ပါလာသည့် TOYOTA VITZ အမျိုးအစား မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၀၀ ၀)နှင့် လက်ကိုင်ဖုန်း (၂) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နေ့လယ် (၂)နာရီခွဲအချိန်တွင် မနန်းဆိုင်ဆာ(ခ)အေးယိမ်း နေထိုင်သည့် ရွှေပြည်သာမြို့နယ်၊ (၂၀)ရပ်ကွက်၊ မြောင်းမြလမ်းရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၅၀၀၀၀ ပြား (ဒေသကာလပေါ က်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၅၀၀)အား ထပ်မံတွေ့ရှိသိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ သန်းထွန်း(ခ)ဦးထွန်း(၅၇)နှစ် နှင့် မနန်းဆိုင်ဆာ(ခ)အေးယိမ်း(၄၄)နှစ်တို့အား သက်ဆိုင်ရာ ရဲစ ခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။