Sunday, July 13, 2025

မြန်မာလှေလှော်အသင်း ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့

မြန်မာ့လက်ရွေးစင်လှေလှော်ကစားသမားများ သည် ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက်တို့က စင်ကာပူနိုင်ငံ၌ကျင်းပသည့် စင်ကာပူတာတိုဖလား ကနူး/ကယက်လှေလှော်ပြိုင်ပွဲအားဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲ...

မြန်မာလူငယ်ကြက်တောင်အသင်း ရွှေတံဆိပ်(၁၂) ခုအပါအဝင် ဆုတံဆိပ်(၂၃)ခုဆွတ်ခူး

ကမ္ဘာဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ဇူလိုင် ၇ ရက်မှ ဇူလိုင် ၁၂ ရက်အထိကျင်းပခဲ့သည့် အာရှလူငယ်သက်တန်းကြက်တောင်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် မြန်မာလူငယ်ကြက်တောင်အသင်းသည် ရွှေတံဆိပ်(၁၂)ခုအပါအဝင် ဆုတံဆိပ်(၂၃) ခုဆွတ်ခူးနိုင်ခဲ့ကြောင်း...

ကံမမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့ရှိနေအိမ်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်နေ

မကွေးတိုင်း၊ ကံမမြို့နယ်နှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တို့ရှိ နေအိမ်များအတွင်း ယနေ့ ဇူလိုင် ၁၃ ရက်က ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ကံမမြို့တွင် နံနက်...

ခမာနီတို့၏ နယ်မြေများကို ယူနက်စ်ကိုက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း

ဖိနှိပ်မှုဌာနများအဖြစ်မှ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဌာနများအဖြစ် သို့အသွင်ပြောင်းလဲနိုင်ခဲ့ ခြင်းကို ဂုဏ်ပြုသောအားဖြင့် ခမာနီနယ်မြေ သုံးခုကို ယူနက်စ်ကိုက ကမ္ဘာ့အမွေအနှစ် ဒေသများအဖြစ် အသိအမှတ်ပြုလိုက်သည့်အတွက် တနင်္ဂနွေနေ့တွင်...
HomeInternationalအင်ဒို ကုန်သင်္ဘောတစ်စင်း ပျောက်ဆုံးနေပြီး...

အင်ဒို ကုန်သင်္ဘောတစ်စင်း ပျောက်ဆုံးနေပြီး ရေတပ်သင်္ဘောနှစ်စင်း အပါအဝင် ကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေနေ

လူ ၁၂ ဦးပါတဲ့ အင်ဒိုနီးရှား ကုန်တင်သင်္ဘောတစ်စင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ပါပူအာ အရှေ့စွန်း ကမ်းလွန်ရေပြင်မှာ ပျောက်ဆုံးနေခဲ့တာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ လိုက်လံရှာဖွေနေကြေတယ်လို့ တာဝန်ရှိသူတွေက ဇူလိုင် ၂၂ ရက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။

အဆိုပါ ကုန်သင်္ဘောဟာ ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနအတွက် ဆက်သွယ်ရေး တာဝါတိုင်တွေတည်ဆောက်ဖို့နဲ့ အခြားအခြေခံအဆောက်အအုံပိုင်းဆိုင်ရာ ပစ္စည်းကိရိယာတွေ တင်ဆောင်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သင်္ဘောဟာ ယာဟူကီမိုကုန်းမြင့်ဒေသမှာ ဆက်သွယ်ရေးအခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် ပြီးခဲ့တဲ့ သီတင်းပတ် တနင်္လာနေ့က ယင်းဒေသဆီ ခုတ်မောင်းသွားခဲ့ပေမယ့် နောက်နှစ်ရက်အကြာမှာ ပျောက်ဆုံးသွားခဲ့တယ်လို့ ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန အရာရှိတစ်ဦးဖြစ်တဲ့ ဖက်ဟီလာ မာသာက ပြောဆိုပါတယ်။

ရှာဖွေကယ်ဆယ်ရေးအေဂျင်စီဟာ အမှုထမ်း ၁၅၀၊ ရေတပ် သင်္ဘောနှစ်စင်းနဲ့အတူ စနေနေ့ကစလို့ သင်္ဘောပျောက် ရှာဖွေမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် အိုင် ဝါယန်ဆူယာတနာက ပြောဆိုပါတယ်။

သင်္ဘောဟာ ဘာကြောင့် အဆက်အသွယ်ပျောက်သွားရတာလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ အေဂျင်စီက ပြောဆိုခဲ့ပါတယ်။

Ref: yahoo news

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာလှေလှော်အသင်း ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့

မြန်မာ့လက်ရွေးစင်လှေလှော်ကစားသမားများ သည် ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက်တို့က စင်ကာပူနိုင်ငံ၌ကျင်းပသည့် စင်ကာပူတာတိုဖလား ကနူး/ကယက်လှေလှော်ပြိုင်ပွဲအားဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲ ဒုတိယနေ့ဖြစ်သည့် ယနေ့ ဇူလိုင် ၁၃ ရက်တွင် မြန်မာ့လက်ရွေးစင်လှေလှော်ကစားသမားများသည် အသက်(၁၅)နှစ်မှ(၁၈)နှစ်ကြား ကနူးတစ်ယောက်လှော် အမျိုးသားမီတာ(၂၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ Open ကနူးတစ်ယောက်လှော် အမျိုးသားမီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ Open ကနူးနှစ်ယောက်လှော် အမျိုးသားမီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်တို့ဆွတ်ခူးနိုင်ခဲ့ကြသည်။ ထို့ပြင် Open ကနူးလေးယောက်လှော် အမျိုးသား မီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ Open ကနူးတစ်ယောက်လှော် အမျိုးသားမီတာ(၂၀၀)ပြိုင်ပွဲတွင်...

မြန်မာလူငယ်ကြက်တောင်အသင်း ရွှေတံဆိပ်(၁၂) ခုအပါအဝင် ဆုတံဆိပ်(၂၃)ခုဆွတ်ခူး

ကမ္ဘာဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ဇူလိုင် ၇ ရက်မှ ဇူလိုင် ၁၂ ရက်အထိကျင်းပခဲ့သည့် အာရှလူငယ်သက်တန်းကြက်တောင်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် မြန်မာလူငယ်ကြက်တောင်အသင်းသည် ရွှေတံဆိပ်(၁၂)ခုအပါအဝင် ဆုတံဆိပ်(၂၃) ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ မြန်မာလူငယ်ကြက်တောင်အသင်းသည် ယူ-၁၅ ၊ ယူ-၁၇ နှင့် ယူ-၂၃ ပြိုင်ပွဲများတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီးနောက် ရွှေတံဆိပ်(၁၂)ခု၊ ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ်(၈)ခု(စုစုပေါင်း ၂၃ ခု)ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာလူငယ်ကြက်တောင်အသင်းကစား သမားများဖြစ်သည့် အမျိုးသား(၆)ဦးနှင့် အမျိုး သမီး(၆)ဦးတို့အပါအဝင် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အုပ်ချုပ်၊နည်းပြများသည် မ နက်ဖြန် ဇူလိုင် ၁၄ ရက်တွင်...

ကံမမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့ရှိနေအိမ်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်နေ

မကွေးတိုင်း၊ ကံမမြို့နယ်နှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တို့ရှိ နေအိမ်များအတွင်း ယနေ့ ဇူလိုင် ၁၃ ရက်က ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ကံမမြို့တွင် နံနက် ၁၁ နာရီခန့်က ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အမှတ်(၁)ရပ်ကွက်၊ အမှတ် (၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ကံမမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များနှင့်အတူ ရေဘေးသင့်အိမ်ထောင်စုဝင်များအား ရေ ဘေးလွတ်ကင်းရာ ရွှေခရုတောက်ဘုရားတောင်ပေါ်၊ မေဃဝတီဘုန်းတော်ကြီးကျောင်းနှင့် သုံးထပ်ဘုန်းတော်ကြီးကျောင်းတို့သို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့အတူ မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင်လည်း နံ နက် ၉...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071