Wednesday, July 16, 2025

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ်ရောင်းချမည်

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် Block of Stamp အထူးထုတ်(၂၀၀)ကျပ်တန် (၃)ခုပါ စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကို ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ရောင်းချပေးသွားမည်ဖြစ်ကြောင်း...

ကမ္ဘာ့ဖလား‌ဘောလုံးပွဲလက်မှတ်များစက်တင်ဘာ၁၀ရက်တွင်စရောင်းမည်

မက္ကဆီကို၊ အမေရိကနှင့် ကနေဒါ နိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် လက်မှတ်များဝယ်ယူရမည့် လုပ်ငန်းစဉ်ကို စက်တင်ဘာ ၁၀...

အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကိုအမြစ်ဖြတ်ရန် ဟွန်မာနက်အမိန့်ထုတ်

နိုင်ငံတစ်ဝန်းရှိ အွန်လိုင်းအလိမ်အညာလုပ်ငန်းများကို အမြစ်ပြတ်ရှင်းလင်းရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က အာဏာပိုင်များကို အမိန့်ထုတ်လိုက်ပြီး နှိမ်နင်းရေးလုပ်ငန်းစဉ်များကို တားဆီးသည့် မည်သည့်အရာရှိမဆို အလုပ်ထုတ်ခံရမည်ဟု သတိပေးခဲ့သည်။ တနင်္လာနေ့(ဇူလိုင်လ ၁၄ရက်နေ့)...

ပအိုဝ်းအမျိုးသား ညီညွတ်ရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထား

ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ယမန်နေ့ ဇူလိုင်လ(၁၅)ရက်ကလျှောက်ထားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် လျှောက်ထားသည့် ပါတီ (၁၉) ပါတီ ရှိနေကြောင်း...
HomeInternationalအင်ဒိုနှင့်နော်ဝေတို့က သစ်တောထိန်းသိမ်းရေးအတွက် ဆုကြေးငွေချီးမြှင့်ရန်နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုး

အင်ဒိုနှင့်နော်ဝေတို့က သစ်တောထိန်းသိမ်းရေးအတွက် ဆုကြေးငွေချီးမြှင့်ရန်နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုး

အင်ဒိုနှင့်နော်ဝေတို့က သစ်တောထိန်းသိမ်းရေးအတွက် ဆုကြေးငွေချီးမြှင့်ရန်နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုး

အင်ဒိုနီးရှား၊စက်တင်ဘာ ၁၂

သစ်တောပြုန်းတီးမှုလျော့ပါးရေးအတွက် အင်ဒိုနီးရှားနှင့်နော်ဝေတို့သည် စက်တင်ဘာ ၁၂ ရက် တနင်္လာနေ့တွင်သဘောတူညီချက်တစ်ရပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။အလားတူစာချုပ်မျိုးအား ယခင်ကကုလကျောထောက်နောက်ခံပြု ကမ္ဘာလုံးဆိုင်ရာစီမံကိန်းတစ်ရပ်အနေဖြင့် ကန်ဒေါ်လာ ၁ ဘီလီယံတန် သဘောတူညီချက်တစ်ရပ်အနေဖြင့်ပြုလုပ်ခဲ့ဖူးသော်လည်း ထိရောက်မှုမရှိခဲ့သည့်အတွက် ဝေဖန်ခံခဲ့ရသည်။

သစ်ပင်များကိုကာကွယ်ခြင်းသည် ရာသီဥတုထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာရည်မှန်းချက်များပြည့်မီရန် အဓိကသော့ချက်ဖြစ်သော်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများကမူ ကမ္ဘာပေါ်တွင်တတိယအကြီးဆုံး မိုးသစ်တောနယ်မြေဖြစ်သည့် အင်ဒိုနီးရှားတွင်သစ်တောပြုန်းတီးမှုကင်းစင်ရေးအတွက် အင်ဒိုသည် ကုမ္ပဏီများအား စိုက်ခင်းသစ်များခုတ်ထွင်ရှင်းလင်းရန် ခွင့်ပြုခြင်းအတွက်အင်ဒိုအစိုးရအားအပြစ်တင်ကြသည်။

သို့သော်ဂျကာတာကမူ အခြေခံသစ်တောဆုံးရှုံးမှုနှုန်းကို ငါးနှစ်ဆက်တိုက်လျှော့ချခြင်းဖြင့် တိုးတက်မှုရှိလာသည်ဟုပြောကြားခဲ့ပြီး အော်စလိုသည်လည်း ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန်အတွက် ရလဒ် ကို အခြေခံ ကာ ဆုချီးမြှင့်ပေးမည်ဖြစ်ကြောင်း နော်ဝေရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“အင်ဒိုနီးရှားအစိုးရရဲ့ကြီးမားတဲ့ ရလဒ်တွေနဲ့ရည်မှန်းချက်ကြီးတဲ့အစီအစဉ်တွေကို ပံ့ပိုးပေးဖို့မိတ်ဖက်အသစ်တစ်ခုကို ဒီနေ့စတင်ရလို့ ဝမ်းသာဂုဏ်ယူမိပါတယ်” ဟု နော်ဝေရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး Espen Barth Eide ကထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မျိုးသုဉ်းလုနီးပါးမျိုးစိတ်များကို ခြိမ်းခြောက်လျက်ဒေသခံတိုင်းရင်းသားများအားနေရပ်စွန့်ခွာရအောင်တွန်းပို့ပေးနိုင်သည့် ထန်းပင်နှင့်သစ်တောစိုက်ခင်းစီမံကိန်းများအတွက် မိုးသစ်တောအများအပြားသည်ဖျက်ဆီးခံနေရဆဲဖြစ်သဖြင့် ယခုသဘောတူညီချက်သည် အင်ဒိုနီးရှား၏အခြေနေကို ပြောင်းလဲပေးနိုင်မည်မဟုတ်ကြောင်းတက်ကြွလှုပ်ရှားသူများကဆိုကြသည်။

“ဒီသဘောတူညီချက်က ဒေသခံတိုင်းရင်းသားများအား အသိအမှတ်ပြုမှုအပါအဝင် လက်ရှိပြဿနာတွေကို မဖြေရှင်းနိုင်ပါဘူး” ဟု အင်ဒိုသစ်တောရေးရာတက်ကြွလှုပ်ရှားသူ Iqbal Damanik က AFP သို့ပြောကြားခဲ့သည်။“သစ်တောပြုန်းတီးမှုကို အောင်အောင်မြင်မြင်လျှော့ချရေးဆိုတဲ့အချက်က သစ်တောပြုန်းတီးမှုလုံးဝမဖြစ်တာမဟုတ်ဘဲ သစ်တောပြုန်းတီးမှုတွေကုိ လျှော့ချတာသာဖြစ်လို့ဆက်လက်ရှိနေဦးမယ်လို့ဆိုလိုပါတယ်” ဟု၎င်းကဆိုခဲ့သည်။

နိုင်ငံများသည် ၎င်း၏ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန်အတွက် အင်ဒိုအား ကန်ဒေါ်လာ ၁ ဘီလီယံ ပေးဆောင်ရန် နော်ဝေက ၂၀၁၀ ခုနှစ်တွင်လက်မှတ်ရေးထိုးခဲ့သည်။သုတေသနပညာရှင်များက အင်ဒို၏ကာဗွန် လျှော့ချရေး ရည်မှန်းချက်တွင် တိုးတက်မှုအနည်းငယ်သာရှိကြောင်းဆိုကြသော်လည်း ဂျကာတာကအဆိုပါပိုက်ဆံပမာဏသည် လုံလောက်မှုမရှိဟုဆိုကာ စာချုပ်အားမနှစ်ကဖျက်သိမ်းခဲ့သည်။

ကုလကျောထောက်နောက်ခံပြုထားသော REDD+ နည်းလမ်းသည် ထိရောက်မှုမရှိသကဲ့သို့ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများကိုပါနင်းချေခြင်းဖြစ်သည်ဟု ဝေဖန်သူများကဆိုကြသည်။ယခုသဘောတူညီချက်အသစ်အရ နော်ဝေသည် အင်ဒို၏သစ်တောပြုန်းတီးမှုလျှော့ချရေးအတွက် ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ကနဦးပေးချေငွေအဖြစ်ကန်ဒေါ်လာ ၅၆ သန်းကို ပေးပို့မည်ဖြစ်ကြောင်းကြေငြာချက်တွင်ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံ၏ သစ်ပင်ဖုံးလွှမ်းမှုရာခိုင်နှုန်းသည် ၂,၀၀၀ ခုနှစ်မှစကာ ၁၈ ရာခိုင်နှုန်းလျော့ကျသွားပြီး ထိုအချိန်မှစ၍ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း၏ ၆ ဒသမ ၅ ရာခိုင်နှုန်းအထိဆုံးရှုံးခဲ့ကြောင်း Global Forest Watch ၏ သဘာဝပတ်ဝန်းကျင် သုတေသနအဖွဲ့ World Resources Institute ၏စောင့်ကြည့်မှု အစီအစဉ်အရသိရသည်။

Source –AFP/yb

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ်ရောင်းချမည်

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် Block of Stamp အထူးထုတ်(၂၀၀)ကျပ်တန် (၃)ခုပါ စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကို ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်း စာပို့တံဆိပ်ခေါင်းသစ်ကို မြန်မာ့စာတိုက်လုပ်ငန်းမှ ဇူလိုင် ၂၀ ရက်နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းနှင့် ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ရောင်းချရာ၌ အထူးအစီအစဉ်အဖြစ် နေ ပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇူလိုင် ၂၀ ရက်၌ ဝယ်ယူသော...

ကမ္ဘာ့ဖလား‌ဘောလုံးပွဲလက်မှတ်များစက်တင်ဘာ၁၀ရက်တွင်စရောင်းမည်

မက္ကဆီကို၊ အမေရိကနှင့် ကနေဒါ နိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် လက်မှတ်များဝယ်ယူရမည့် လုပ်ငန်းစဉ်ကို စက်တင်ဘာ ၁၀ ရက်တွင် စတင်မည်ဖြစ်ကြောင်း ဖီဖာက ကြေညာခဲ့ပြီး ပရိသတ်များအနေဖြင့် ကြည့်ရှုလိုသည့် ပွဲစဉ်များအတွက် ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် တရားဝင်စာရင်းပေးသွင်းကြရန် တိုက်တွန်းခဲ့သည်။ အမေရိကတွင် ကျင်းပခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး တစ်ရက်အကြာ အင်္ဂါနေ့တွင် အပြည်ပြည်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်က ယင်းသို့ ကြေညာခဲ့ခြင်းဖြစ်သည်။ “သမိုင်းတလျှောက် အကြီးကျယ် အခမ်းနားဆုံးဖြစ်လာမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲကို ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကတို့က လက်ခံကျင်းပမှာဖြစ်တာကြောင့်...

အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကိုအမြစ်ဖြတ်ရန် ဟွန်မာနက်အမိန့်ထုတ်

နိုင်ငံတစ်ဝန်းရှိ အွန်လိုင်းအလိမ်အညာလုပ်ငန်းများကို အမြစ်ပြတ်ရှင်းလင်းရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က အာဏာပိုင်များကို အမိန့်ထုတ်လိုက်ပြီး နှိမ်နင်းရေးလုပ်ငန်းစဉ်များကို တားဆီးသည့် မည်သည့်အရာရှိမဆို အလုပ်ထုတ်ခံရမည်ဟု သတိပေးခဲ့သည်။ တနင်္လာနေ့(ဇူလိုင်လ ၁၄ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကာ အင်္ဂါနေ့ညပိုင်းတွင် လူသိရှင်ကြားထုတ်ပြန်လိုက်သော အမိန့်၌ နိုင်ငံခြားသား ရာဇဝတ်ဂိုဏ်းအချို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် အခြေစိုက်ကာ ၎င်းတို့၏ အွန်လိုင်းလိ-မ်ညာမှုများကို ဆောင်ရွက်လျက်ရှိကြောင်း ဟွန်မာနက်က ပြောသည်။ ရဲတပ်ဖွဲ့အပြင် မြို့ကြီးများနှင့် ပြည်နယ်များဆိုင်ရာ ခေါင်းဆောင်များသည် ၎င်းတို့၏ အပိုင်နယ်မြေနှင့် တရားစီရင်ရေးနယ်နိမိတ်အတွင်းရှိ အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို တရားဥပဒေနှင့်အညီ ရှင်းလင်းသုတ်သင်ရန် တာဝန်ယူရမည်ဟု ၎င်းက ပြောကြားခဲ့သည်။ လက်နက်ကိုင်အဖွဲ့များအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071