Wednesday, April 30, 2025

စပိန်ဓါတ်အားပြတ်တောက်မှုကြောင့် လူ ၇ ဦးထက်မနည်း‌ေ-သဆုံး

မာဒရိ၊ဧပြီ ၂၉ စပိန်နှင့်ပေါ်တူဂီတို့၌ဖြစ်ပွားခဲ့သည့် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုနှင့်ဆက်နွယ်နေသည်ဟုယူဆရသော လူ ၇ ဦး‌ေ-သဆုံးမှု စပိန်၌ဖြစ်ပေါ်ခဲ့ပြီး အာဏာပိုင်များကဆက်လက်စုံစမ်းလျက်ရှိသည်ဟုလည်းသိရသည်။ ‌ေ-သဆုံးသူများသည် အခြေအနေအမျိုးမျိုးဖြင့်‌ေ-သဆုံးခဲ့ကြသော်လည်း အားလုံးသည် ဓါတ်အားပြတ်တောက်မှုနှင့်ဆက်စပ်လျက်ရှိသည်ဟုလည်းဆိုသည်။ စပိန်မြို့ပြတပ်ဖွဲ့ဝင်များသည် အင်္ဂါနေ့က နေအိမ်၌‌ေ-သဆုံးလျက်ရှိသည့်...

မန္တလေးတွင် ကျပ်သိန်း (၄,၀၀၀) ကျော်ဖိုး...

မန္တလေးတွင် ပြိုကျရန် အန္တရာယ်ရှိနေသည့် အဆောက်အဦးထဲမှ ကျပ်သိန်း (၄,၀၀၀) ကျော်ဖိုး ရွှေနှင့် ငွေသားခိုးယူသူများကို ဖမ်းမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်တွင် အခင်းဖြစ် အဆောက်အဦးပိုင်ရှင်သည်...

နေပြည်တော် အပါအဝင် ဒေသ(၆) ခုမှ...

‌ငလျင်ကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်အပါအဝင်ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြန်လည်ပြင်ဆင်ရန် နည်းလမ်း (၃) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆောက်အဦးများပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံမှ...

နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်းများ ဆက်တိုက်ရောက်ရှိလာ

ငလျင်ဘေးသင့် ဒေသများသို့ လှူဒါန်းရန် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ (၂၈)ရက်တွင် ရောက်ရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။ အဆိုပါ ပစ္စည်းများမှာ တဘက်၊ သွားတိုက်ဆေး၊...
HomeInternationalအင်ဒိုနီးရှား၌ Tiktok တွင်...

အင်ဒိုနီးရှား၌ Tiktok တွင် နာမည်ကြီးနေသည့် နိုက်ထရိုဂျင် အရည်လောင်း သကြားလုံးများကို ကလေးများ လိုက်စားကြရာမှ အဆိပ်သင့်

အင်ဒိုနီးရှားနိုင်ငံရှိ ကလေး အယောက် ၂၀ ကျော်သည် Tiktok တွင် နာမည်ကြီး ရေပန်းစားနေသော နိုက်ထရိုဂျင်အရည် အုပ်လောင်းထားသည့် သကြားလုံးများကို စားသုံးရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကလေးငယ်အချို့သည် နဂါးငွေ့ဟု ခေါ်သည့် အဆိုပါ သက်တံရောင် သကြားလုံးများကို စားသုံးခဲ့ပြီးနောက် အစာအိမ် ရောင်ရမ်းခြင်းနှင့် အစာအဆိပ်သင့်ခြင်း စသော ရောဂါလက္ခဏာများကို ခံစားခဲ့ရသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် အစိုးရသည် အဆိုပါ သကြားလုံးများတွင် ပါဝင်သော နိုက်ထရိုဂျင်အရည်များကို အသင့်စား အစားအစာများတွင် အသုံးမပြုကြရန် သတိပေးထားပြီး ပိုမိုသတိထားကြရန် တိုက်တွန်းထားသည်။

နိုက်ထရိုဂျင်အရည်သည် သကြားလုံးများပေါ်တွင် အငွေ့များ တလူလူပျံအောင် ပြုလုပ်ပေးသည့် ပစ္စည်းတစ်မျိုးဖြစ်ပြီး လူများ စားသုံးသည့်အခါတွင်လည်း ရေခဲငွေ့၊ ဆေးလိပ်ငွေ့များကဲ့သို့ ခပ်မိုက်မိုက် အငွေ့များ ထွက်ပေါ်လာစေသည်။

သို့ရာတွင် အားနည်းချက်မှာ နိုက်ထရိုဂျင်အရည်များ အငွေ့မပျံခင် စားသုံးမိပါက အစာအိမ် ရောင်ရမ်းခြင်းမျိုး ဖြစ်ပေါ်စေနိုင်ပြီး အလွန်ပြင်းထန်းပါက အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ရှိကြောင်း ဂရစ်ဖစ် တက္ကသိုလ်မှ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဘေးကင်းမှု သုတေသနပညာရှင်ဖြစ်သည့် အင်ဒိုနီးရှား ဆရာဝန် ဒေါက်တာ ဒစ်ကီ ဘူဒီမန်ကဆိုသည်။

ထို့ပြင် အရေပြား ပူလောင်ခြင်းနှင့် အသက်ရှုရ အလွန်ခက်ခဲခြင်းစသော ဝေဒနာမျိုးလည်း ခံစားနိုင်ရချေရှိကြောင်း သိရသည်။

ယခုလက်ရှိတွင် ကလေးငယ် ၂၅ ဦးအစာအဆိပ်သင့်ထားပြီး နှစ်ဦးအား ဆေးရုံတင်ထားရသော်လည်း သေဆုံးသူ တစ်ဦးမျှ မရှိသေးကြောင်း သိရသည်။

Source: The Guardian

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စပိန်ဓါတ်အားပြတ်တောက်မှုကြောင့် လူ ၇ ဦးထက်မနည်း‌ေ-သဆုံး

မာဒရိ၊ဧပြီ ၂၉ စပိန်နှင့်ပေါ်တူဂီတို့၌ဖြစ်ပွားခဲ့သည့် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုနှင့်ဆက်နွယ်နေသည်ဟုယူဆရသော လူ ၇ ဦး‌ေ-သဆုံးမှု စပိန်၌ဖြစ်ပေါ်ခဲ့ပြီး အာဏာပိုင်များကဆက်လက်စုံစမ်းလျက်ရှိသည်ဟုလည်းသိရသည်။ ‌ေ-သဆုံးသူများသည် အခြေအနေအမျိုးမျိုးဖြင့်‌ေ-သဆုံးခဲ့ကြသော်လည်း အားလုံးသည် ဓါတ်အားပြတ်တောက်မှုနှင့်ဆက်စပ်လျက်ရှိသည်ဟုလည်းဆိုသည်။ စပိန်မြို့ပြတပ်ဖွဲ့ဝင်များသည် အင်္ဂါနေ့က နေအိမ်၌‌ေ-သဆုံးလျက်ရှိသည့် အသက် ၈၁ နှစ်နှင့် ၇၇ နှစ်အရွယ်ရှိ သက်ကြီးဇနီးမောင်နှံနှင့် အသက် ၅၆ နှစ်အရွယ်ရှိ ၎င်းတို့၏သားဖြစ်သူတို့၏ ရုပ်အလေ-ာင်းများကိုတွေ့ရှိခဲ့ကြသည်။ ၎င်းတို့သုံးဦးစလုံးသည် အိမ်အပြင်ဘက်မီးစက်မှမီးခိုးငွေ့များကြောင့် ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်းဖြစ်သည်ဟုအာဏာပိုင်များကယူဆကြပြီး သုံးဦးအနက်တစ်ဦးသည် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာရှိကာ တစ်ခါတစ်ရံ အောက်ဆီဂျင်အကူအညီဖြင့် နေရသည်ဟုလည်းသိရသည်။ ယင်းနောက် အသက် ၅၂ နှစ်အရွယ်အမျိုးသားတစ်ဦးသည် မီးလေ-ာင်မှုကြောင့်အသက်ဆုံးရှုံးခဲ့ရသလို ၁၃ ဦးမှာမူ မီးခိုးမွှန်ခြင်းကြောင့် ဆေးကုသမှုခံယူခဲ့ရသည်ဟုလည်းသိရသည်။...

မန္တလေးတွင် ကျပ်သိန်း (၄,၀၀၀) ကျော်ဖိုး ရွှေနှင့် ငွေသားခိုးယူသူများကို ဖမ်းမိ

မန္တလေးတွင် ပြိုကျရန် အန္တရာယ်ရှိနေသည့် အဆောက်အဦးထဲမှ ကျပ်သိန်း (၄,၀၀၀) ကျော်ဖိုး ရွှေနှင့် ငွေသားခိုးယူသူများကို ဖမ်းမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်တွင် အခင်းဖြစ် အဆောက်အဦးပိုင်ရှင်သည် ငလျင်ဘေးကြောက်သောကြောင့် မျက်နှာချင်းဆိုင်လမ်းတစ်ဘက်ရှိ တိုက်ခန်းမြေညီထပ်၌ သွားရောက်အိပ်နေချိန် ၎င်းပိုင်ဆိုင်သည့် ရွှေထည်များနှင့် ကျပ်သိန်း (၂,၀၀၀) ခန့် စုစုပေါင်းကျပ်သိန်း (၄,၃၀၀)ကျော် ပျော-က်ဆုံးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရဲစခန်း၌ အမှုဖွင့်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ရာ ပျေ-ာက်ဆုံးမှုဖြစ်ပွားခဲ့သည့် တိုက်ခန်းနှင့်ကပ်လျက်ရှိ ဆောက်လက်စအဆောက်အဦးရှိ အလုပ်သမားတစ်ဦး ပျေ-ာက်ဆုံးနေရာမှ ခြေရာခံ စုံစမ်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ စုံစမ်းမှုများအရ...

နေပြည်တော် အပါအဝင် ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြင်ဆင်ရန် နည်းလမ်း(၃) မျိုးဖြင့် ဆောင်ရွက်မည်

‌ငလျင်ကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်အပါအဝင်ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြန်လည်ပြင်ဆင်ရန် နည်းလမ်း (၃) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆောက်အဦးများပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။ ဧပြီလ (၂၉) ရက်က နေပြည်တော်တွင် ကျင်းပသည့် အဆိုပါကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုံးဌာန အဆောက်အဦးများအား ပြင်ဆင်ရန်အတွက် မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိဆောင်ရွက်နေသည့် ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်းနှင့် အင်ဂျင်နီယာအသင်း (၃)သင်းမှ သတ်မှတ်ထောက်ခံပေးထားသည့် ကုမ္ပဏီများအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071