ဟောင်ကောင်၊ ဇွန် ၁၆
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီဒေသတွင် ဇွန်လ ၁၆ ရက် နံနက်ပိုင်းက ရစ်ခ်တာစကေး ၆.၈ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျာမနီနိုင်ငံအခြေစိုက် GFZ ဘူမိသိပ္ပံသုတေသနစင်တာက ထုတ်ပြန်ခဲ့သည်။
GFZ ၏ ထုတ်ပြန်ချက်အရ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၃ နာရီ ၂၇ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဗဟိုချက်မှာ မြေမျက်နှာပြင်အောက် အနက် ၁၀ ကီလိုမီတာတွင် တည်ရှိကြောင်း သိရသည်။
ကနဦးတိုင်းတာချက်များအရ ငလျင်ဗဟိုချက်သည် တောင်လတ္တီတွဒ် ၁.၁၃ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၁၂၀.၂၅ ဒီဂရီတွင် တည်ရှိခဲ့ကြောင်း GFZ က ဖော်ပြထားသည်။
လက်ရှိအချိန်အထိ လူသေဆုံးမှု သို့မဟုတ် ပျ-က်စီးဆုံးရှုံးမှုဆိုင်ရာ သတင်းအချက်အလက်များကို ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
Ref: Xinhua
