အင်ဒိုနီးရှားတွင်စကြဝဠာကိုလေ့လာရန် Lembang ၌ Bosscha Observatory နက္ခတ်တာရာကြည့်အဆောက်အအုံကို ၁၉၂၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးကတည်းက ကမ္ဘာတစ်ဝှမ်းမှ နက္ခတ္တဗေဒပညာရှင်များကို ဆွဲဆောင်နိုင်ခဲ့သည်။
တစ်ချိန်က အေးချမ်းသော Lembang သည် စည်ကားလာနေသော အပန်းဖြေစခန်းအဖြစ်သို့ ပြောင်းလဲလာကာ ပတ်ဝန်းကျင်ရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ပန်းခြံများမှ ထွန်းသော မီးရောင်များကြောင့်နက္ခတ်ကြည့်ရာတွင် ယခင်လို ပြတ်သားကြည်လင်စွာ တွေ့ရမှုအားနည်းလာသည်။
“စိုက်ခင်းများနှင့် လယ်မြေများ သိမ်းပြီး Lembang ကိုစဆောက်ခဲ့စဥ်ကလူဦးရေကျဲပါးတယ်။ ဒါပေမယ့် အခုကျတော့ခရီးသွားတွေနဲ့ စည်ကားလာနေတယ်။ ရလာဒ်ကတော့အလင်းတွေတအားများနေတာပေါ့” ဟု Bosscha Observatory ဒါရိုက်တာ Premana Premadi က CNA သို့ပြောကြားခဲ့သည်။
အလင်းညစ်ညမ်းမှုသည် နက္ခတ္တဗေဒပညာရှင်များ သိပ္ပံနည်းကျ သုတေသနပြုရန် ပိုမိုခက်ခဲစေသည်ဟု Mdm Premadi က ပြောကြားခဲ့သည်။
ညဘက် ကောင်းကင်ယံကို စောင့်ကြည့်လေ့လာရာတွင် ကောင်းကင် ကြည်လင်နေချိန် ည ၁၁ နာရီကျော်မှ စတင်နိုင်ပြီး ထိုအချိန်၌ပင် သိပ္ပံပညာရှင်များသည် မိုးကုတ်စက်ဝိုင်းပေါ် ၃၀ ဒီဂရီအထက်တွင် ကြယ်များကို ကြည့်ရှုနိုင်သည်။
တယ်လီစကုပ်များအောက်ဘက်သို့ ဦးတည်နေပါကအနီးနားရှိ အပန်းဖြေ စခန်းများမှ ထွက်ပေါ်နေသောအလင်းရောင်များကြောင့် နက္ခတ်ကြယ်တာရာများကြည်လင်စွာမမြင်ရတော့ပေ။
Source: CNA