Monday, January 20, 2025

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း...

ရန်ကုန်တွင် ယနေ့ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု...

ရန်ကုန်မြို့တွင် ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ တစ်ရက်အတွင်း သင်္ဃန်းကျွန်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍...

“ဝ” ဒေသမှတစ်ဆင့် ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ...

တရုတ်အစိုးရ၏ ညွှန်ကြားချက်အရဟုဆိုကာ "ဝ" ဒေသမှ ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ လွတ်လွပ်စွာ ဖြတ်သန်းသယ်ယူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း UWSA ၏ ဦးစီးချုပ်ရုံးမှ ယနေ့ ဇန်နဝါရီ...

စူပါမော်ဒယ်လောကထိုင်းဝင်ဆန့်နိုင်ရေးညိုမီကမ့်ဘဲလ်အကူအညီတောင်း

ဆော့ဖ်ပါဝါမြှင်တင်ရေးနှင့် နိုင်ငံသားများ ပိုမိုကြွယ်ဝစေရေး အစီအစဉ် ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်းလူမျိုးများက ကမ္ဘာ့အဆင့်မီ မော်ဒယ်လောကတွင် ဝင်ဆန့်နိုင်ရေးအတွက် ၎င်း၏ စိတ်ကူးကို အကြံညဏ်ပေးရန်အတွက်...
HomeInternationalအင်ဒိုနီးရှားတွင် ကူးတို့သင်္ဘောနစ် ၊လူ...

အင်ဒိုနီးရှားတွင် ကူးတို့သင်္ဘောနစ် ၊လူ ၁၅ ဦးထက် မနည်း သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းကမ်းလွန်၌ ဇူလိုင်လ ၂၃ ရက် တနင်္ဂနွေနေ့နှောင်းပိုင်းတွင် ကူးတို့သင်္ဘောငယ်တစ်စီး နှစ်မြုပ်ခဲ့ရာ လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး လူ ၁၉ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ဒေသခံ သတင်းစာများ၏ ဖော်ပြချက်အရ လူအယောက် ၄၀ လိုက်ပါလာသော သင်္ဘောငယ်သည် တနင်္ဂနွေနေ့ ည ၁၁ နာရီခွဲခန့်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် လူအယောက် ၄၀ မှ ခြောက်ဦးသာ အသက်ရှင်ကျန်ရစ်ကြောင်း အတည်ပြုထားနိုင်သည်။ သေဆုံးသူ ၁၅ ဦးမှအပ ကျန် ၁၉ ဦးမှာမူ ပျောက်ဆုံးနေဆဲ ဖြစ်သဖြင့် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေရသည်။

“သေဆုံးသူအားလုံးရဲ့ အလောင်းတွေကို ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ပြီး ကျန်ရစ်သူ မိသားစုတွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်၊ အသက်ရှင်ကျန်ရစ်သူတွေကိုတော့ ဒေသခံ ဆေးရုံမှာ ဆေးကုသပေးနေပါတယ်” ဟု အရှေ့တောင်ဆူလာဝေစီ ပြည်နယ်၊ ကန်ဒါရီ မြို့ရှိ ဒေသတွင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ ခေါင်းဆောင် မူဟာမက် အရာဖာက ပြောခဲသည်။

သင်္ဘောနစ်မြုပ်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ကနဦးစုံစမ်းမှုများအရ လိုက်ပါသူဦးရေ အလွန်များနေခြင်းေကြာင့်ဖြစ်နိုင်ကြောင်း သိရသည်။

Source: WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း မိုးလေဝသတိုင်းထွာချက်များအရ ညအပူ ချိန်များမှာ ရခိုင်ပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၃) ဒီဂရီဆဲလ်စီးယပ်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂) ဒီဂရီဆဲလ်စီးယပ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၀.၀ ဒီဂရီဆဲလ်စီးယပ်၊...

ရန်ကုန်တွင် ယနေ့ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု (၂) ကြိမ်ဖြစ်ပွား

ရန်ကုန်မြို့တွင် ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ တစ်ရက်အတွင်း သင်္ဃန်းကျွန်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ နေ့လယ် (၂)နာရီ (၂၅)မိနစ်အချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက် ပန်းရိုက်လမ်း တွင် မီးလောင်မှုဖြစ်ပွားရာ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ မီးလောင်ကျွမ်းမှုမှာ များသဖြင့် နေ့လယ် (၂)နာရီ...

“ဝ” ဒေသမှတစ်ဆင့် ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ သယ်ယူဖြတ်သန်းခွင့် ပြန်လည်ခွင့်ပြု

တရုတ်အစိုးရ၏ ညွှန်ကြားချက်အရဟုဆိုကာ "ဝ" ဒေသမှ ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ လွတ်လွပ်စွာ ဖြတ်သန်းသယ်ယူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း UWSA ၏ ဦးစီးချုပ်ရုံးမှ ယနေ့ ဇန်နဝါရီ (၂၀)ရက်စွဲနှင့် ထုတ်ပြန်လာသည်။ ကိုးကန့်ဒေသနှင့် "ဝ" ဒေသ ဟိုပန်မြို့ကို ဆက်သွယ်ထားသည့် ဖောင်ဆိပ်တံတားပေါ်မှ မော်တော်ယာဉ်များ၊ လူနှင့် ကုန်စည်သယ်ဆောင်ခွင့်ကို ထိန်းချုပ်ထားရာမှ ယခုကဲ့သို့ ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများမှလွဲ၍ သာမန်ပြည်သူများ၏ ထွက်ကုန်များ၊ စားသောက်ကုန်နှင့် ကုန်ပစ္စည်းများကို ပုံမှန်အတိုင်းရောင်းဝယ်ဖောက်ကားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာ့တပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့ပြီးနောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071