Thursday, February 13, 2025

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်

ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်ကြောင်းမြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်း...

စာမေးပွဲဖြေဆိုရန် စာသင်ခုံများသယ်ရန်သွားသည့်ကားကို လက်နက်ကိုင်အဖွဲ့က မိုင်းဖြင့်ဖောက်...

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၁ ရက်က စာမေးပွဲဖြေဆိုရန် စာသင်ခုံများသယ်ရန်သွားသည့်ကားကို လက်နက်ကိုင်အဖွဲ့မှ မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်း သားကလေးငယ်(၂)ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ...

BGF က ကျားဖြန့်နှင့် လူမှော-င်ခို...

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) က မြဝတီဒေသအတွင်း ကျားဖြန့်နှင့် လူမှော-င်ခိုပ‌ပျောက်ရေး နှိမ်နင်းရန် ယနေ့ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် အထူးအဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယနေ့...

ရွှေစက်တော်ဘုရားပွဲသို့ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ဟု ဂေါပကပြော

မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကု မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော်သို့ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါ ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်တွင်...
HomeNewsLocal Newsအင်တာပိုလ်၏ ရဲအဖွဲ့များ စွမ်းရည်မြှင့်တင်ရေးတွင်...

အင်တာပိုလ်၏ ရဲအဖွဲ့များ စွမ်းရည်မြှင့်တင်ရေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့်ကဏ္ဍများ ညီလာခံတွင် ဆွေးနွေးခဲ့

(Unicode)

အင်တာပိုလ်၏ ရဲအဖွဲ့များ စွမ်းရည်မြှင့်တင်ရေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့်ကဏ္ဍများ ညီလာခံတွင် ဆွေးနွေးခဲ့ဟု နစကထုတ်ပြန်

အင်တာပိုလ်၏ ဖိတ်ကြားချက်အရ နစက ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်သည့် အဆင့်မြင့်ရဲအရာရှိကြီးများ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် (၈၉) ကြိမ်မြောက် အင်တာပိုလ် အထွေထွေ ညီလာခံ (89thSession of INTERPOL General Assembly) သို့ တက်ရောက်ခဲ့ရာတွင် အင်တာပိုလ်၏ ရဲအဖွဲ့များ စွမ်းရည်မြှင့်တင်ရေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် ကဏ္ဍများနှင့် မြန်မာနိုင်ငံ မှုခင်းတားဆီးနှိမ်နင်းရေးတွင် ရဲတပ်ဖွ့ဲများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ပိုမိုတိုးမြှင့်နိုင်ရေးတို့ကို ဆောင်ရွက်နိုင်ခဲ့သည်ဟု နစကက သတင်းတစ်ရပ်ထုတ်ပြန်သည်။

သတင်းထုတ်ပြန်ချက်ထဲ သက်တမ်းကုန်ဆုံးသည့် အင်တာပိုလ်အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင် ဒေသဆိုင်ရာကိုယ်စားလှယ် ၁၂ နေရာကို လျှိဝှက်မဲပေးစနစ်ဖြင့် ရွေးချယ် ခန့်အပ်ခြင်းတိုတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့သည်ဟုလည်း ဖော်ပြသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်သည် အင်တာပိုလ် ညီလာခံ တက်ရောက်စဉ်အတွင်း အင်တာပိုလ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ Mr. KIM Jong Yang၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Jurgen Stock တို့ကို သီးခြားတွေ့ဆုံသည့်အပြင် ၂၀၂၂- ၂၀၂၅ လေးနှစ် ရာထူးသက်တမ်းအတွက် အင်တာပိုလ်ဥက္ကဋ္ဌ ရွေးချယ်ခြင်းခံရသော အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) ရဲချုပ် Police Inspector General, H.E. Mr. Ahmed Nasser Al Raisi ကိုလည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး HE. Mr.Sergey N. Lebedev၊ ဗီယက်နမ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Nyugen Duy Ngoc တို့နှင့်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရဲအဖွဲ့အကြီးအကဲ၊ အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ တော်ဝင်ရဲအဖွဲ့တို့မှ ရဲတပ်ဖွဲ့အကြီးအကဲများနှင့် သီးခြားစီ တွေ့ဆုံကာ နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနများနှင့် ရဲတပ်ဖွဲ့များ အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရေး၊ မှုခင်းများ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး တို့ နှင့် ပတ်သက်၍ လည်း ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

(၈၉) ကြိမ်မြောက် အင်တာပိုလ်အထွေထွေညီလာခံသို့ အင်တာပိုလ်အဖွဲ့ဝင် ၁၉၄ နိုင်ငံအနက် ၁၆၉ နိုင်ငံတို့မှ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာနများ၏ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ ရဲအဖွဲ့ကြီးအကဲများဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ၊ အင်တာပိုလ်မှ အမှုဆောင်ကော်မတီဥက္ကဋ္ဌ Mr. KIM Jong Yang ၊ အထွေထွေ အတွင်း ရေးမှူးချုပ် Mr. Jurgen Stock နှင့် အမှုဆောင်ကော်မတီဝင်များ နိုင်ငံတကာ မှုခင်းတိုက်ဖျက် ရေးဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြသည်ဟုသိရသည်။

(Zawgyi)


အင်တာပိုလ်၏ ဖိတ်ကြားချက်အရ နစက ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်သည့် အဆင့်မြင့်ရဲအရာရှိကြီးများ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြိုတွင် နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် (၈၉) ကြိမ်မြောက် အင်တာပိုလ် အထွေထွေ ညီလာခံ (89thSession of INTERPOL General Assembly) သို့ တက်ရောက်ခဲ့ရာတွင် အင်တာပိုလ်၏ ရဲအဖွဲ့များ စွမ်းရည်မြှင့်တင်ရေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် ကဏ္ဍများနှင့် မြန်မာနိုင်ငံ မှုခင်းတားဆီးနှိမ်နင်းရေးတွင် ရဲတပ်ဖွဲများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ပိုမိုတိုးမြှင့်နိုင်ရေးတို့ကို ဆောင်ရွက်နိုင်ခဲ့သည်ဟု နစကက သတင်းတစ်ရပ်ထုတ်ပြန်သည်။


ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်သည် အင်တာပိုလ် ညီလာခံ တက်ရောက်စဉ်အတွင်း အင်တာပိုလ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ Mr. KIM Jong Yang၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Jurgen Stock တိုကို သီးခြားတွေ့ဆုံသည့်အပြင် ၂၀၂၂- ၂၀၂၅ လေးနှစ် ရာထူးသက်တမ်းအတွက် အင်တာပိုလ်ဥက္ကဋ္ဌ ရွေးချယ်ခြင်းခံရသော အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) ရဲချုပ် Police Inspector General, H.E. Mr. Ahmed Nasser Al Raisi ကိုလည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး HE. Mr.Sergey N. Lebedev၊ ဗီယက်နမ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Nyugen Duy Ngoc တို့နှင့်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရဲအဖွဲ့အကြီးအကဲ၊ အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ တော်ဝင်ရဲအဖွဲ့တို့မှ ရဲတပ်ဖွဲ့အကြီးအကဲများနှင့် သီးခြားစီ တွေ့ဆုံကာ နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနများနှင့် ရဲတပ်ဖွဲ့များ အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရေး၊ မှုခင်းများ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး တို့ နှင့် ပတ်သက်၍ လည်း ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

(၈၉) ကြိမ်မြောက် အင်တာပိုလ်အထွေထွေညီလာခံသို့ အင်တာပိုလ်အဖွဲဝင် ၁၉၄ နိုင်ငံအနက် ၁၆၉ နိုင်ငံတို့မှ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာနများ၏ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ ရဲအဖွဲ့ကြီးအကဲများဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ၊ အင်တာပိုလ်မှ အမှုဆောင်ကော်မတီဥက္ကဋ္ဌ Mr. KIM Jong Yang ၊ အထွေထွေ အတွင်း ရေးမှူးချုပ် Mr. Jurgen Stock နှင့် အမှုဆောင်ကော်မတီဝင်များ နိုင်ငံတကာ မှုခင်းတိုက်ဖျက် ရေးဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြသည်ဟုသိရသည်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071