ဖော်လိုဝါ ထောင်နဲ့ချီရှိတဲ့ နာမည်ကျော် အင်ဖလူဝန်ဇာ တစ်ဦးဟာ Tiktok တရုတ်ဗားရှင်းဖြစ်တဲ့ Douyin မှာ အရက်ပြင်း ၇ ပုလင်း ကို တိုက်ရိုက် လိုက်ဖ်လွှင့် သောက်ပြခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သူကတော့ အသက် ၃၄ နှစ်အရွယ် ဝေါင် မော်ဖန် ဆိုသူဖြစ်ပြီး လိုက်ဖ်လွှင့်ပြီး ၁၂ နာရီအကြာမှာ သေဆုံးသွားတာပါ။ Tiktok နဲ့ အင်စတာဂရမ်မှာတော့ “ဆန်းချန်း” ဒါမှမဟုတ် “ဘရာသား သရီး သောင်ဇန်” ဆိုပြီး လူသိများပါတယ်။
ဖြစ်စဉ်ကတော့ ဝေါင်ဟာ မေလ ၁၆ ရက်နေ့မှာ Douyin ပေါ်က PK ဆိုတဲ့ ပြိုင်ပွဲကို အခြား အင်ဖလူဝန်ဇာ တစ်ဦးနဲ့အတူ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ PK ဆိုတာကတော့ ကြည့်ရှုသူတွေဆီကနေ ဆုတွေ၊ လက်ဆောင်တွေရဖို့ အင်ဖလူဝန်ဇာ တွေကြား ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲပဲဖြစ်ပါတယ်။ ပြိုင်လို့ ရှုံးတဲ့အချိန်တိုင်း ရှုံးနိမ့်သူက ပြစ်ဒဏ်အနေနဲ့ “ပိုင်းကျို” လို့ခေါ်တဲ့ အရက်ကို သောက်ပြရပါတယ်။
အဲလိုနဲ့ပဲ ဝေါင်ဟာ ပိုင်းကျို ၇ ပုလင်းနဲ့ ကျွဲရိုင်း ၃ ဘူး သောက်ရတဲ့အထိ ဖြစ်သွားခဲ့တယ်။ ရှန်းယို သတင်းစာရဲ့ ဖော်ပြချက်အရ ပိုင်းကျိုမှာ အရက်ပါဝင်မှု ပမာဏက ၃၀ ကနေ ၆၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။
ဝေါင် ကို သူ့မိသားစုတွေ တွေ့ရှိချိန်မှာတော့အရေးပေါ် ဆေးကုသမှုတောင် လုပ်ဖို့ မမီတော့ဘဲကွယ်လွန်သွားနှင့်ပြီပဲ ဖြစ်ပါတယ်။ ဝေါင် ဆုံးတဲ့ သတင်းဟာ တရုတ်ပြည်မှာ အလွန်နာမည်ကြီးသွားတာကြောင့် သူပါတဲ့ အဲဒီ ဗီဒီယိုကို ဖြုတ်ချလိုက်ရတယ်လို့ သိရပါတယ်။
Source: Mirror