Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeNewsLocal Newsအင်ဂျင်နီယာအရည်အချင်းများ ပြည့်ဝသည့် လူငယ်ကောင်းများဖြစ်စေရေး...

အင်ဂျင်နီယာအရည်အချင်းများ ပြည့်ဝသည့် လူငယ်ကောင်းများဖြစ်စေရေး ရည်မှန်းဆောင်ရွက်ရန် ဒုတိယဝန်ကြီးတိုက်တွန်း

နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ်တစ်အား အထောက်အကူပြုနိုင်မည့် အင်ဂျင်နီယာအရည်အချင်းများ ပြည့်ဝသည့် လူငယ်ကောင်းများဖြစ်စေရေး ရည်မှန်းဆောင်ရွက်သွားရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက တိုက်တွန်းပြောကြားခဲ့သည်။

ယမန်နေ့ နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (သန်လျင်)သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများနှင့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ တွေ့ဆုံစဉ် သီလဝါအထူးစီးပွားရေးဇုန်နှင့် ဒေသတွင်း MSME များ ဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာလိုအပ်ချက်များကို အမှန်တကယ်ပံ့ပိုးပေးနိုင်ရေးအတွက် University-Industry Collaboration မြှင့်တင်ဆောင်ရွက်ရင်း နိုင်ငံ့အကျိုးပြုသုတေသနများဖြင့် ရှင်သန်သက်ဝင်နေစေရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် သုတ/ရသ စာအုပ်များကို ပေးအပ်ပြီး ရေနံအင်ဂျင်နီယာဌာနတွင် စာသင်ခန်း၊ စာကြည့်တိုက်၊ Seminar ခန်း၊ ကွန်ပျူတာခန်း၊ လက်တွေ့စမ်းသပ်ခန်းများ၊ လက်တွေ့ပစ္စည်းကိရိယာများကို သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျ ဖြည့်ဆည်းထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်) သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက ဒီဇင်ဘာ ၁ ရက်တွင် ဖွင့်လှစ်မည့် ပထမနှစ်သင်တန်းများအတွက် ပြင်ဆင်ထားရှိမှုများ၊ သီလဝါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ပြင်ပစက်မှုလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို အရှိန်အဟုန်မြှင့်တင်ကာ သင်တန်းများကို သတ်မှတ်စံနှုန်းများအတိုင်း စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေးအလေးထားဆောင်ရွက်သွားရန်ကိုလည်း ဒုဝန်ကြီးက တိုက်တွန်းခဲ့သည်။

မွန်းလွဲပိုင်းတွင် အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ) သို့ ရောက်ရှိပြီး လျှပ်စစ်စွမ်းအား၊ မြို့ပြနှင့် စက်မှုအင်ဂျင်နီယာ ဘာသာရပ်များဆိုင်ရာ B.Tech သင်တန်းများ ဖွင့်လှစ်နေမှုအခြေအနေ၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့်သင်တန်းများ၊ ဒေသတွင်း စက်မှုဇုန်ခြောက်ဇုန်တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကနဦးစစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်ပြီး ဒုဝန်ကြီးက လူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းကောင်းများကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်မည့် ပုံမှန်နှင့် ကာလတိုသင်တန်းများကို ရလဒ်အခြေပြုသင်ကြားရေးစနစ်ဖြင့် ပီပီပြင်ပြင် ဖွင့်လှစ်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

အစိုးရနည်းပညာကောလိပ်များတွင် အစိုးရနည်းပညာအထက်တန်းကျောင်းများနှင့် အခြေခံပညာနှင့် စက်မှု-စိုက်ပျိုး-မွေးမြူရေး အထက်တန်းကျောင်းများမှ စက်မှုနည်းပညာဘာသာရပ် ပြီးမြောက်သူများအနက် သတ်မှတ်အဆင့်မီပါက ပထမနှစ်သင်တန်းများသို့ ပေါင်းကူးအနေဖြင့်လည်းကောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံများမှ သင်တန်းပြီးမြောက်သူများအနက် သတ်မှတ်အဆင့်မီပါက တတိယနှစ်သင်တန်းများသို့ ပေါင်းကူးအနေဖြင့်လည်းကောင်း တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice Showcase-2025) ကျင်းပမည်

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား လက်ဆင့်ကမ်း ပညာပေးသူများအဖြစ် ရွေးချယ်ခန့်အပ်ခြင်းအစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ လူဦးရေ ၈ သန်းကျော်ရှိသော ရန်ကုန်တိုင်း ဒေသကြီးတွင် ဆန်အမျိုးအစားများ၊ အရည်အသွေးများ၊ အမှတ်တံဆိပ်များနှင့် ဈေးနှုန်းများ မျိုးစုံစွာ ကွဲပြား များပြားလာသည်နှင့်အမျှ ရန်ကုန်မြို့ သူမြို့ သားများ - အထူးသဖြင့် အလုပ် များသော အိမ်ရှင်မများနှင့် လူငယ်လူလတ်ပိုင်း...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ ၁၀ ဘီလီယံအထိ နစ်နာကြေးပေးရန် ဒေါ်နယ်လ် ထရမ့် တရားစွဲပြီ

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့် မိန့်ခွန်းကို ဘီဘီစီ (BBC)သတင်းဌာနမှ တည်းဖြတ်ပြင်ဆင်မှုနှင့်ပတ်သက်၍ ထရမ့်က တရားစွဲဆိုခဲ့ရာ နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုထားသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ထုတ်လွှင့်ခဲ့သည့် Panorama အစီအစဉ်တွင် သူ၏မိန့်ခွန်းကို ဘီဘီစီက “ရည်ရွယ်ချက်ရှိရှိ၊ အငြိုးတကြီး၊ လှည့်ဖြားသည့်သဘောဖြင့်” တည်းဖြတ်ခဲ့သည်ဟု ထရမ့်က စွပ်စွဲထားသည်။ တနင်္လာနေ့ ညနေပိုင်းက တင်သွင်းခဲ့သည့် တရားစွဲဆိုမှုတွင်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071