ပေကျင်း၏ မြေရှားသတ္တုများအပေါ် တိုးချဲ့ကန့်သတ်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကသို့တင်ပို့သည့် ပို့ကုန်များအပေါ် နောက်ထပ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမည်ဟု ဝါရှင်တန်က ကြေညာခဲ့သည်။
အလွန်တရာ ရန်လိုသော တရုတ်၏ မြေရှားသတ္တုပြည်ပတင်ပို့မှု ကန့်သတ်ချက်အသစ်ကို တုန့်ပြန်သောအားဖြင့် အရေးကြီးသော ဆော့ဖ်ဝဲတင်ပို့မှုအပေါ် အခွန်တိုးကောက်မည့်အပြင် ပို့ကုန်ထိန်းချုပ်မှုသည်လည်း နိုဝင်ဘာလ (၁)ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ထရမ့်ပ်က သောကြာနေ့တွင် ပြောကြားလိုက်သည်။
တရုတ်သမ္မတ ရှိကျင့်ဖျင်နှင့် တောင်ကိုရီယားမှာနောက် သုံးပတ်အကြာတွင် အစည်းအဝေးကျင်းပမည်ဟု ကြေညာထားသော အစည်းအဝေး၏ ကျင်းပန်ုင်ချေကိုလည်း ယခုအခါ အစည်းအဝေးကိုကျင်းပစရာ အကြောင်းမရှိတော့ဟု ထရုသ် ဆိုရှယ်တွင်ပြောကြားခဲ့သည်။ ကျွန်တော် မဖျက်သိမ်းပါဘူး ဟု ထရမ့်ပ်က အိမ်ဖြူတော်တွင် သတင်းထောက်များအား နောက်ပိုင်းတွင် ပြောကြားခဲ့ပြန်သည်။ ပေကျင်းက အစည်းအဝေးကို မည်သည့်အခါကမှ အတည်မပြုခဲ့ပေ။
တနင်္လာနေ့တွင် ပေကျင်းက အမေရိကသည် စက်တင်ဘာလကတည်းက တရုတ်ကို ထိခို-က်စေသော စီးပွားရေး ဆောင်ရွက်ချက်များကို တစတစ တိုးမြှင့်နေသည်ဟု စွပ်စွဲခဲ့သည်။
“ဒီလုပ်ရပ်တွေဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ဆိုးဆိုးရွားရွားထိခို-က်စေပြီး နှစ်ဘက်ကြား စီးပွားရေးနဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲတွေကိုလည်း ဆိုးရွားစွာ ထိခိုက်စေပါတယ်” ဟု ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
“အကြိမ်တိုင်းမှာ စည်းကြပ်ခွန်တွေကို မြင့်တင်ဖို့ ခြိမ်းခြောက်တာဟာ တရုတ်နဲ့ ထိတွေ့ဆက်ဆံဖို့ မှန်ကန်တဲ့ ချဉ်းကပ်မှုနည်းလမ်း မဟုတ်ဘူး”ဟုပေကျင်းက ပြောသည်။
Ref: ချန်နယ်နူးစ်အေးရှား
