အခွန်ကဏ္ဍသည်အရေးကြီးသဖြင့် အခွန်ကောက်ခံမှုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောမှ ယနေ့ အောက်တိုဘာ ၂၂ ရက်မွန်းလွဲပိုင်းကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး(၄/၂၀၂၅)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အခွန်ကဏ္ဍသည် အရေးကြီးသဖြင့် အခွန်ကောက်ခံမှုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရမည်ဖြစ်ကာ သတ်မှတ်ဘဏ္ဍာနှစ်အလိုက်လုပ်ငန်းများကို လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများအတိုင်း အလေးထားဆောင်ရွက်ရမည်ဟု မှာကြားသည်။
၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက်တင်ပြတောင်းခံထားသည့် အသုံးစရိတ်များနှင့် လုပ်ငန်းများသည် နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြစ်၍ သက်ဆိုင်ရာဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်၊ လုပ်ငန်းများဆောင်ရွက်ရာ၌ အရည်အသွေးပြည့်မီစေရေး၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ဆောင်ရွက်ရန် မှာကြားသည်။
ထို့ပြင် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားမဝင်ကုန်သွယ်မှုသည် အဓိကအဟန့်အတားဖြစ်ပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုးသက်ရောက်လျက်ရှိသဖြင့် တရားမဝင်ကုန်သွယ်မှုများအား သက်ဆိုင်ရာဌာနများက ယခုထက်ပိုမိုတားဆီးကြပ်မတ်ဆောင်ရွက်ပြီး ဖမ်းဆီးရမိမှုများကို ဥပဒေပုဒ်မ မှန်မှန်ကန်ကန်ဖြင့် တရားစွဲအရေးယူရမည်ဟုလည်း နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက ပြောသည်။
