ဝါရှင်တန်၊ဧပြီ ၁၅
ထိုင်းနိုင်ငံအနေဖြင့် အမေရိက၏ အခွန်စည်းကြပ်မှုနှင့်ပတ်သက်ပြီး ထရမ့်ပ်အစိုးရက ထိုင်းပို့ကုန်များအပေါ် ၃၆ ရာခိုင်နှုန်းအခွန်စည်းကြပ်မှုကိစ္စအားဆွေးနွေးရန်အတွက် လာမည့်သီတင်းပတ်၌ ထရမ့်ပ်အစိုးရကိုယ်စားလှယ်များနှင့် ထိုင်းညှိနှိုင်းရေးအဖွဲ့တို့ဝါရှင်တန်၌ ဆွေးနွေးကြမည်ဖြစ်ကြောင်းသိရသည်။
ထိုင်းညှိနှိုင်းရေးအဖွဲ့အနေဖြင့်လည်း အမေရိကထံတောင်းဆိုမည့် အဆိုပြုချက်များအားအဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သလို အဆိုပါပြင်ဆင်မှုများထဲတွင် ထိုင်းနိုင်ငံ၏အမေရိကသို့ကုန်သွယ်မှုပိုငွေဒေါ်လာ ၄၆ ဘီလျံကိစ္စလည်းပါဝင်သည်ဟုသိရသည်။
ဒုတိယဝန်ကြီးချုပ်နှင့်ဘဏ္ဍာရေးဝန်ကြီးတို့ဦးဆောင်မည့် အဆိုပါညှိနှိုင်းရေးအဖွဲ့သည် လာမည့်ဧပြီ ၂၁ ရက်နေ့၌ ဝါရှင်တန်တွင် အမေရိကန်ကုန်သွယ်ရေးအရာရှိများနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် ဘဏ္ဍာရေးဝန်ကြီးသည် seattle သို့သွားကာ စိုက်ပျိုးရေး၊စက်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍများမှ အမေရိကန်လုပ်ငန်းရှင်များနှင့်လည်းတွေ့ဆုံမည်ဟုသိရသည်။
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးလည်းပါဝင်မည့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံသည် အမေရိကအတွက် အပြုသဘောဆောင်သည့်မိတ်ဖက်နိုင်ငံဖြစ်သည်ဟူသောမူဝါဒကိုလက်ကိုင်ထားကာ ညီညွတ်မျှတပြီးရေရှည်တည်တံ့သည့် စီးပွားရေးမိတ်ဖက်ဖြစ်စေရမည်ဟုလည်းကတိပြုထားသည်။
Source : ဘန်ကောက်ပို့စ်