Home Celebrities' News အခွင့်အရေးရလို့ ရုပ်ရှင်ကားကြီးတွေ ရိုက်ခွင့်ရမယ်ဆိုရင် ရိုက်ချင်ပါတယ်ဆိုတဲ့ နန်းစန္ဒာလှထွန်း

အခွင့်အရေးရလို့ ရုပ်ရှင်ကားကြီးတွေ ရိုက်ခွင့်ရမယ်ဆိုရင် ရိုက်ချင်ပါတယ်ဆိုတဲ့ နန်းစန္ဒာလှထွန်း

0
153

ရုပ်ရှင်ဇာတ်ကားတွေမှာ အသစ်တွေကို နေရာပေးတဲ့ ထုတ်လုပ်ရေးတွေရှိသလို နာမည်ကြီး တွေနဲ့ပဲ ရိုက်ကူးထုတ်လုပ်တဲ့ ထုတ်လုပ်ရေးတွေလည်း ဈေးကွက်ထဲမှာ နေရာယူထားဆဲဆိုတာ ရုပ်ရှင်ချစ်ပရိ သတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ ဘယ်လိုပဲပြောပြော အသစ်ဆိုတာ သူများထက် နှစ်ဆကြိုးစားမှသာ နေရာရတတ်တာမျိုးပါ။ ရုပ်သံဇာတ်လမ်းတွဲတွေ အားကောင်းလာတဲ့ ခေတ်မှာ မျက်နှာသစ်သရုပ်ဆောင်တွေကို ပရိသတ်တွေ သတိထားလာကြတယ်။ အားပေးလာ ကြတယ်။ အဲဒီအထဲမှာ သရုပ်ဆောင် နန်းစန္ဒာလှထွန်းတစ်ယောက်လည်း အပါ အ၀င်ဖြစ်ပါ တယ်။ သူက …

”ပုံမှန်ကတော့ နန်းက Forever Group နဲ့က Contract ရှိနေတဲ့ အခါကျတော့ ဇာတ်လမ်းတွဲတွေပဲ ဆက်လက်ရိုက်ဖြစ်မယ်။ တကယ်လို့ အပြင်ကနေ ပြီးတော့မှ အခွင့်အရေးရခဲ့လို့ ရုပ်ရှင်ကားကြီးတွေ ဘာတွေ ကမ်းလှမ်းလာခဲ့တယ်ဆိုရင် လုပ် ချင်ပါတယ်။ ပြီးတော့ လာမယ့်မိုးရာသီမှာ နန်း Commercial တွေ ရိုက်သွားဖို့ရှိပါတယ်”လို့ ရင်ထဲက ဆန္ဒကို ဖွင့်ဟလာပါတယ်။ လက်ရှိလှုပ်ရှားနေတဲ့ သူ့ရဲ့ အနေအထားကိုလည်း ကျေနပ်မှု မရှိသေးပါဘူးလို့ ဆက်လက်ပြောပါတယ်။

”အခုချိန်အထိတော့ ကိုယ့်ဟာနဲ့ကိုယ်ကျေနပ်တာတော့မရှိသေးပါဘူး။ ထပ်ပြီးတော့ လည်း အများကြီးကြိုးစားချင်သေးတယ်။ ပြီးတော့ ကိုယ်မလုပ်ရသေးတဲ့ ကာရိုက်တာ တွေလည်း အများကြီးကျန်သေးတယ်။ အမြဲတမ်းလည်း ကိုယ့်ဟာနဲ့ကိုယ် ဒီ့ထက်ပိုပြီး တော့ ကြိုးစားရဦးမယ်လို့လည်း ထင်ပါတယ်” လို့ နန်းစန္ဒာလှထွန်းက ဆိုပါတယ်။ ဘယ်လိုပဲဆိုဆို နန်းစန္ဒာလှထွန်းတို့ရိုက်ကူးနေတဲ့ ရုပ်သံဇာတ်လမ်းတွဲ ဆိုတာ စနစ်တကျနဲ့ အချိန်တွေအကြာကြီးပေး ပြီး ရိုက်ကူးထားတာ ဆိုတာ ကြည့်ရှုတဲ့ပရိသတ်တွေလည်း နားလည် သင့်သလောက် နားလည် လာကြပြီ။ ဇာတ်လမ်းတွဲရိုက်ကူးရတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး နန်းစန္ဒာလှထွန်းက …

”နန်းတို့ဇာတ် လမ်းတွဲတစ် ခေါက် ရိုက်ရင် တော့ ၃ လ၊ ၄ လလောက်ကြာတယ်ပေါ့။ ကောင်းသွားတာက အဲဒီ ဇာတ်ကောင်ဖြစ်သလိုကို ခံစားရတယ်။ Mood တွေ အရမ်းဝင်သွားပြီးမှ ရိုက်ရတာ ပိုပြီးတော့ အဆင်ပြေတယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊
ဓာတ်ပုံ-အောင်နိုင်စိုး

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here