Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeCelebrities' Newsအခွင့်အရေးရမယ်ဆိုရင် မြန်မာနိုင်ငံမှာဇာတ်ကားတွေရိုက်ကူးချင်ပါတယ် Mario...

အခွင့်အရေးရမယ်ဆိုရင် မြန်မာနိုင်ငံမှာဇာတ်ကားတွေရိုက်ကူးချင်ပါတယ် Mario Maurer

Mario

နာမည်ကျော် Pee Mak မင်းသား Mario Maurer က Pond’s Men ရဲ့ သံတမန်တစ်ဦးအနေနဲ့ မြန်မာနိုင်ငံကို နောက်တစ်ကြိမ်ထပ်မံရောက်ရှိလာခဲ့ပါတယ်။ Mario မြန်မာနိုင်ငံကို လာရောက်ချိန်မှာ မြန်မာပရိသတ်များက လေဆိပ်အထိ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။ Junction City မှာ ပြုလုပ်ခဲ့တဲ့ ဖေ့ဘုတ်စ်ဓာတ်ပုံပြိုင်ပွဲမှာလည်း နိုင်းနိုင်းနဲ့အတူ အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သလို မြန်မာပရိသတ်များနဲ့လည်း ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီး သီချင်းဆိုကပြခဲ့ပါတယ်။ Mario က သံတမန်အနေနဲ့သာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နောင်မှာ မြန်မာနိုင်ငံမှာလည်း အနုပညာအလုပ်တွေ လုပ်ကိုင်ဖို့ရှိမလားလို့ မေးမြန်းတော့ …

” မြန်မာနိုင်ငံကို နောက်တစ်ကြိမ်လာရတာ ကျွန်တော့်အနေနဲ့ တအားဝမ်းသာပါတယ်။ မြန်မာပြည်က လူတွေကလည်း တအားချစ်ဖို့ ကောင်းတယ်။ Pond’s Men နဲ့ ဆိုရင် ဒီကိုလာတာ ၂ကြိမ်ရှိပါပြီ။ အခွင့်အရေးရမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေလည်း လုပ်ချင်ပါတယ်။ ကိုနိုင်းနိုင်း နဲ့တွဲပြီး အလုပ်လုပ်ရတာလည်း ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပါ။ အခုဘန်ကောက်မှာ ကျွန်တော့်ရဲ့အလုပ်အချိန်တွေက တော်တော် လေးပြည့်နေတယ်။ ဒရာမာအသစ်လည်း စနေပါတယ်။ ဒရာမာ ၂ကား ထွက်ဖို့ရှိပါတယ်။ ဒါကြောင့်ပါ။ တကယ်လို့ ကျွန်တော့်မှာ အခွင့်အရေးရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒရာမာပဲဖြစ်ဖြစ်၊ အက်ရှင်ပဲဖြစ်ဖြစ် ဇာတ်ကားတွေ ရိုက်ကူးချင်ပါတယ်” လို့ မီဒီယာများနဲ့ တွေ့ဆုံပွဲမှာ Mario က ပြောပြပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံမှာ ဇာတ်ကားတွေ ရိုက်ကူးဖြစ်ရင် ဘယ်လိုကာရိုက်တာမျိုးကို ရိုက်ကူးချင်လဲဆိုတဲ့ မေးမြန်းမှုအပေါ် Mario က…” ကျွန်တော့်အနေနဲ့ ဘယ်ကာရိုက်တာမျိုးကိုမဆို ရိုက်ကူးချင်ပါတယ်။ ကာရိုက်တာ တစ်ခုချင်းစီကလည်း အခက်အခဲကိုယ်စီ ရှိကြစမြဲပါ။ ကျွန်တော့်အတွက်လည်း စိန်ခေါ်မှု အသစ်တွေချည်းပါပဲ။ ဘယ်လိုဒရာမာဇာတ်ပဲဖြစ် ဖြစ်၊ အက်ရှင်ဇာတ်ကားပဲဖြစ်ဖြစ်၊ ဘယ်လိုဇာတ် ကားမျိုးစုံ ရိုက်ကူးကြည့်ချင်တယ်။ သတ်မှတ်ထား တာမျိုးတွေ မရှိပါဘူး” လို့ ပြောပြပါတယ်။ Mario ကို တခဲနက် အားပေးကြတဲ့ မြန်မာပရိသတ်တွေ အတွက်လည်း…

” ကျွန်တော့်ကိုအားပေးကြိုဆိုကြတဲ့ မြန်မာနိုင်ငံက ပရိသတ်တွေ ယောက်ျားလေးရော၊ မိန်းကလေးတွေကိုပါ ကျေးဇူးတင်ပါတယ်။ အားပေးတဲ့အပြင် support လုပ်ပေးတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း အခွင့်အရေးရရင် မြန်မာနိုင်ငံ ကိုလာချင်တယ်။ အလုပ်ကိစ္စနဲ့ မဟုတ်ဘဲ အလည်လာချင်ပါတယ်။ မြန်မာပရိသတ်တွေကိုလည်း အချိန်ပေးပြီး တွေ့ချင်ပါသေးတယ်” လို့ ပြောပြပါတယ်။

Mario က မေလ ၂၁ ရက်နေ့ ညမှာတော့ ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်ခဲ့ပြီး ပရိသတ်များနဲ့လည်း အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးပေးခဲ့ပါတယ်။ Mario က မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ပြန်ချိန်မှာလည်း လေဆိပ်မှာ ပရိသတ်တွေက နှုတ်ဆက်ပြီး ထွက်ခွာခဲ့ပါတယ်။ Mario က မြန်မာပရိသတ်တွေ ကြားမှာတော့ Pee Mak ဇာတ်ကားနဲ့ အားပေးမှုကိုရရှိခဲ့ပြီး Mario ရဲ့ တခြားကျော်ကြားတဲ့ ဇာတ်ကားများကတော့ First Love, My True Friend, Jon Dara the Beginning နဲ့ Take Me Hom စတဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071