Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeNewsLocal Newsအချိုးကျကိုယ်စားပြုစနစ်ဆွေးနွေးပွဲ ထပ်မံကျင်းပမည်ဟု UECက...

အချိုးကျကိုယ်စားပြုစနစ်ဆွေးနွေးပွဲ ထပ်မံကျင်းပမည်ဟု UECက ပါတီများကိုအကြောင်းကြား

(Unicode)

အချိုးကျကိုယ်စားပြုစနစ်ဆွေးနွေးပွဲ ထပ်မံကျင်းပမည်ဟု UECက ပါတီများကိုအကြောင်းကြား

ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များနှင့် စပ်လျဉ်းသည့် တွေ့ဆုံဆွေးနွေးပွဲကို ထပ်မံပြုလုပ်ရန်ရှိ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအချို့ကို သက်ဆိုင်ရာလွှတ်တော်အလိုက် ဆွေးနွေးနိုင်ရန်အတွက် အဖွဲ့များခွဲ၍ ဖွဲ့စည်းပေးထားကြောင်း နိုင်ငံရေးပါတီအချို့ကပြောသည်။

ဆွေးနွေးပွဲထပ်မံကျင်းပသွားမည့်အကြောင်း ဖိတ်ကြားစာများလည်း ပေးပို့ထားပြီး အဆိုပါ ဖိတ်ကြားစာထဲ“ ပြီးခဲ့သည့် နိုဝင်ဘာ ၅ရက်နေ့နှင့် ၆ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် နိုင်ငံရေးပါတီ ၅၃ပါတီတက်ရောက်သည့် အချိုးကျကိုယ်စားပြုစနစ်ဆွေးနွေးပွဲတွင် တင်ပြခဲ့သည့်စာတမ်းများအရ အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးနိုင်ရေးအတွက်ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များတွင် ကျင်းပသင့်သည့် ရွေးကောက်ပွဲ Design နှင့် မဲဆန္ဒနယ် ခွဲဝေသတ်မှတ်ခြင်းများကို ဆွေးနွေး ဆောင်ရွက်ရန် လိုအပ်လာသည်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖော်ပြထားသည်။

ကျင်းပမည့်ရက်နှင့် နေရာကိုမူ ထပ်မံအကြောင်းကြားမည်ဟု ဆိုထားသည်။

ပြည်သူ့လွှတ်တော်ကို ကိုယ်စားပြုဆွေးနွေးမည့် နိုင်ငံရေးပါတီ အဖွဲ့(၁)တွင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်ပါတီ၊ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊မြန်မာအမျိုးသားကွန်ကရက်ပါတီ၊အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊လမ်းပြကြယ်ပါတီ၊ခေတ်သစ်ပြည်ထောင်စုပါတီ၊ပြည်ထောင်စုလယ်သမားအလုပ်သမားပါတီ၊အမျိုးသားညီညွှတ်သောဒီမိုကရက်တစ်ပါတီ၊၈၈မျိုးဆက်ကျောင်းသားလူငယ်(ပြည်ထောင်စုမြန်မာနိုင်ငံ)တို့ဖြစ်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုဆွေးနွေးမည့် ပါတီများ အဖွဲ့(၂)တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ၁၂ပါတီ ပါသည်။

အမျိုးသားလွှတ်တော်၊တိုင်း၊ပြည်နယ်လွှတ်တော်များအတွက်လည်း ပါတီ ၄၀ကျော်ဖြင့် ဖွဲ့စည်းပေးထားသည်။

 မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ၁၉၄၈ ခုနှစ် မှ ၁၉၆၂ ခုနှစ်အတွင်း ကျင်းပခဲ့သည့်ပါလီမန်အထွေထွေရွေးကောက်ပွဲများ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁၉၇၄ ခုနှစ် မှ ၁၉၈၈ ခုနှစ်အတွင်း ကျင်းပခဲ့သည့်ရွေးကောက်ပွဲများ၊ ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့သည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများတွင် မဲများသူ အနိုင်ရတဲ့စနစ် (FPTP) ကိုသာ ကျင့်သုံးခဲ့သည်။ယင်းစနစ်က နိုင်သူအကုန်ယူသည့် မဲပေးသော စနစ်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးသိန်းစိုးက ပြောင်းလဲခဲ့သည့် ခေတ်ကာလအခြေအနေအရ ဒီမိုကရေစီနိုင်ငံ အများစုသည် မဲဆန္ဒနယ်တစ်နယ်တွင် ကိုယ်စားလှယ်တစ်ဦး ရွေးကောက်သည့် စနစ်မှာ ခေတ်နောက်ကျ၍ မျှတမှုမရှိသဖြင့် နိုင်ငံအများအပြားက ယင်းစနစ်ကို ငြင်းပယ်ခဲ့ကြပြီး အချိုးကျကိုယ်စားပြုစနစ်ကို အစားထိုးကျင့်သုံးနေသည်ကို တွေ့မြင်ရမှာဖြစ်ကြောင်း ရန်ကုန် ဆွေးနွေးပွဲတွင် ပြောဆိုထားဖူးသည်။

(Zawgyi)

အခ်ိဳးက်ကိုယ္စားျပဳစနစ္ေဆြးေႏြးပြဲ ထပ္မံက်င္းပမည္ဟု UECက ပါတီမ်ားကိုအေၾကာင္းၾကား

ေျပာင္းလဲက်င့္သုံးသင့္သည့္ ေ႐ြးေကာက္ပြဲစနစ္မ်ားႏွင့္ စပ္လ်ဥ္းသည့္ ေတြ႕ဆုံေဆြးေႏြးပြဲကို ထပ္မံျပဳလုပ္ရန္ရွိ၍ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ႏိုင္ငံေရးပါတီအခ်ိဳ႕ကို သက္ဆိုင္ရာလႊတ္ေတာ္အလိုက္ ေဆြးေႏြးႏိုင္ရန္အတြက္ အဖြဲ႕မ်ားခြဲ၍ ဖြဲ႕စည္းေပးထားေၾကာင္း ႏိုင္ငံေရးပါတီအခ်ိဳ႕ကေျပာသည္။

ေဆြးေႏြးပြဲထပ္မံက်င္းပသြားမည့္အေၾကာင္း ဖိတ္ၾကားစာမ်ားလည္း ေပးပို႔ထားၿပီး အဆိုပါ ဖိတ္ၾကားစာထဲ“ ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၅ရက္ေန႔ႏွင့္ ၆ရက္ေန႔က ရန္ကုန္တိုင္းအစိုးရအဖြဲ႕႐ုံး မဂၤလာခန္းမတြင္ ႏိုင္ငံေရးပါတီ ၅၃ပါတီတက္ေရာက္သည့္ အခ်ိဳးက်ကိုယ္စားျပဳစနစ္ေဆြးေႏြးပြဲတြင္ တင္ျပခဲ့သည့္စာတမ္းမ်ားအရ အခ်ိဳးက် ကိုယ္စားျပဳစနစ္က်င့္သုံးႏိုင္ေရးအတြက္ျပည္သူ႔ လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္လႊတ္ေတာ္မ်ားတြင္ က်င္းပသင့္သည့္ ေ႐ြးေကာက္ပြဲ Design ႏွင့္ မဲဆႏၵနယ္ ခြဲေဝသတ္မွတ္ျခင္းမ်ားကို ေဆြးေႏြး ေဆာင္႐ြက္ရန္ လိုအပ္လာသည္”ဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေဖာ္ျပထားသည္။

က်င္းပမည့္ရက္ႏွင့္ ေနရာကိုမူ ထပ္မံအေၾကာင္းၾကားမည္ဟု ဆိုထားသည္။

ျပည္သူ႔လႊတ္ေတာ္ကို ကိုယ္စားျပဳေဆြးေႏြးမည့္ ႏိုင္ငံေရးပါတီ အဖြဲ႕(၁)တြင္ တိုင္းရင္းသားစည္းလုံးညီၫႊတ္ေရးပါတီ၊အမ်ိဳးသားႏိုင္ငံေရးမဟာမိတ္အဖြဲ႕ခ်ဳပ္ပါတီ၊ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ၊ျမန္မာအမ်ိဳးသားကြန္ကရက္ပါတီ၊အမ်ိဳးသားတိုးတက္ျမင့္မားေရးပါတီ၊လမ္းျပၾကယ္ပါတီ၊ေခတ္သစ္ျပည္ေထာင္စုပါတီ၊ျပည္ေထာင္စုလယ္သမားအလုပ္သမားပါတီ၊အမ်ိဳးသားညီၫႊတ္ေသာဒီမိုကရက္တစ္ပါတီ၊၈၈မ်ိဳးဆက္ေက်ာင္းသားလူငယ္(ျပည္ေထာင္စုျမန္မာႏိုင္ငံ)တို႔ျဖစ္ကာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားျပဳေဆြးေႏြးမည့္ ပါတီမ်ား အဖြဲ႕(၂)တြင္ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီ အပါအဝင္ ၁၂ပါတီ ပါသည္။

အမ်ိဳးသားလႊတ္ေတာ္၊တိုင္း၊ျပည္နယ္လႊတ္ေတာ္မ်ားအတြက္လည္း ပါတီ ၄၀ေက်ာ္ျဖင့္ ဖြဲ႕စည္းေပးထားသည္။

 ျမန္မာႏိုင္ငံသည္ လြတ္လပ္ေရးရၿပီးေနာက္ ၁၉၄၇ ခုႏွစ္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒအရ ၁၉၄၈ ခုႏွစ္ မွ ၁၉၆၂ ခုႏွစ္အတြင္း က်င္းပခဲ့သည့္ပါလီမန္အေထြေထြေ႐ြးေကာက္ပြဲမ်ား၊ ၁၉၇၄ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ၁၉၇၄ ခုႏွစ္ မွ ၁၉၈၈ ခုႏွစ္အတြင္း က်င္းပခဲ့သည့္ေ႐ြးေကာက္ပြဲမ်ား၊ ၁၉၉၀ ျပည့္ႏွစ္တြင္ က်င္းပခဲ့သည့္ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ၊ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ က်င္းပခဲ့သည့္ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ားတြင္ မဲမ်ားသူ အႏိုင္ရတဲ့စနစ္ (FPTP) ကိုသာ က်င့္သုံးခဲ့သည္။ယင္းစနစ္က ႏိုင္သူအကုန္ယူသည့္ မဲေပးေသာ စနစ္ျဖစ္သည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠဌဦးသိန္းစိုးက ေျပာင္းလဲခဲ့သည့္ ေခတ္ကာလအေျခအေနအရ ဒီမိုကေရစီႏိုင္ငံ အမ်ားစုသည္ မဲဆႏၵနယ္တစ္နယ္တြင္ ကိုယ္စားလွယ္တစ္ဦး ေ႐ြးေကာက္သည့္ စနစ္မွာ ေခတ္ေနာက္က်၍ မွ်တမႈမရွိသျဖင့္ ႏိုင္ငံအမ်ားအျပားက ယင္းစနစ္ကို ျငင္းပယ္ခဲ့ၾကၿပီး အခ်ိဳးက်ကိုယ္စားျပဳစနစ္ကို အစားထိုးက်င့္သုံးေနသည္ကို ေတြ႕ျမင္ရမွာျဖစ္ေၾကာင္း ရန္ကုန္ ေဆြးေႏြးပြဲတြင္ ေျပာဆိုထားဖူးသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071