Sunday, May 25, 2025

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက...

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌...
HomeArticlesအချိန်ချိန်ခွင်

အချိန်ချိန်ခွင်

“အချိန် နှင့်ဒီရေသည် လူကိုမ စောင့် ” Time and tide wait for no man.. သိုးဆောင်းစကားပုံက ဤသို့ ဆိုထားသည်။ ‘အချိန်’ဆိုသော ဝေါ ဟာရသည် စကားလုံးနှစ်လုံးတည်း ဖြစ်သော်ငြား၊ အားလုံးနှင့် သက်ဆိုင် ပတ်သက်နေသော ဝေါဟာရဖြစ်၍ ‘စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့ရက်၊ လ၊ နှစ်’ စသည်တို့ကို ပေါင်းစည်းထား ခြင်းဖြစ်သည်။ သဘာဝတရားကြီး သည် လောကလူသားတိုင်းကို ‘အချိန်’ဟူသည့် လက်ဆောင်မွန်ကို အညီအမျှ ဝေငှထားပါသည်။

“လူမိုက်က အချိန်ကိုဖြုန်း၍ ပညာရှိက အချိန်ကိုအသုံးချသည်” ဟု ဓမ္မပဒ ဒေသနာတော်မှာလည်း ဆုံးမထားပါသည်။ အချိန်ဆိုတာ ဘဝအတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်သည်။ ရှေးပညာရှိတို့ကမူ အချိန် သည် သင့်အတွက်ကောင်းသော အာဟာရ၊ လက်ဝတ်တန်ဆာ၊ လှပ သော သမီးကညာတို့ကို ယူဆောင် ပေးလိမ့်မည်။ သင်တစ်ကြိမ်လက်မခံ လိုက်မိလျှင် နောက်တစ်ခါ ပြန်လာ တော့မည်မဟုတ်ဟု ဆိုထားပါသည်။  ‘အချိန်’ဆိုတာ လူ့ဘဝ၏အဖြစ် အပျက်တွေနှင့် စီးဆင်းနေသည့် ရေစီးသန်သော မြစ်တစ်စင်းဖြစ်၍ တိုတောင်းလှသည့်ဘဝတွေကို မဆင် မခြင် အချိန်ဖြုန်းလျှင်၊ ပို၍ပင် တို တောင်းသွားမည်ဖြစ်သည်။ မနေ့က အဖြစ်အပျက်တို့သည် ဘယ်တော့မှ ပြန်မရနိုင်တော့၍ လက်ရှိပစ္စုပ္ပန် အချိန်သည်သာ အကောင်းဆုံးဖြစ် ပေလိမ့်မည်။

“ယနေ့တစ်နာရီသည် မနက် ဖြန် နှစ်နာရီထက် တန်ဖိုးရှိသည်။ လက်ရှိအချိန်သည် ရေတစ်တွင်း၊ မြစ်တစ်စင်း၊ ပင်လယ်တစ်ခု ဖြစ်၍ မရောက်သေးသော အနာဂတ်ဆို သည်မှာ ဆုပ်ကိုင်မရသော သက်တံ့ နှင့် တံလျှပ်တစ်ခုမျှသာ ဖြစ်သည်။  “အချိန်ကို ငါဖြုန်းခဲ့၏။ သို့အ တွက် အချိန်က ငါ့ကိုဖြုန်း၏”ဆိုသည့် ရှိတ်စပီးယားစကားကို အတုယူ၍ တစ်နေ့လျှင် ၁၅ မိနစ်၊ နာရီဝက်မျှ အပျော်အပါးတွေထဲမှ ထုတ်ယူပြီး အချိန်ကိုအသုံးချကြည့်ပါက ၂နှစ်၊ ၃နှစ်ခန့်ကြာသောအခါ များစွာသော ရလဒ်တို့ကို ရရှိလိမ့်မည်ဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင် ဆန်းသည်လည်း အသက်၃၂နှစ် အတွင်း အချိန်ကို ကောင်းစွာအသုံးချ ခဲ့၍ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာကြီးဖြစ်ခဲ့ရသည်။ ထိုနည်းတူ အေဗရာဟန်လင်ကွန်း (အမေရိကန် နိုင်ငံ ၁၄ ယောက်မြောက် သမ္မတ) သည် သူဖတ်ရှုလိုသော ဥပဒေစာ အုပ်ကို ၁ဝမိုင်မျှဝေးသည့် စာအုပ် ပိုင်ရှင်ရှိရာသို့သွား၍ ရသမျှအချိန် ကိုလုကာ စာဖတ်ခဲ့သည့်အတွက် ဘဝအောင်မြင်မှုကို ရရှိခဲ့သည်။  ဆရာမြသန်းတင့်သည်လည်း ဖက်ဆစ်တော်လှန်ရေးကာလက အရေးတော်ပုံ ‘တပ်သား’ဇာတ်သိမ်း ပိုင်းစာအုပ်ကိုဖတ်လို၍ မြိုင်မြို့မှ ၂၂ မိုင်ဝေးသော ပခုက္ကူမြို့ရှိ အရာ ရှိအိမ်သို့သွား၍ ဖတ်ရှုခဲ့ရသော အကျိုးများကြောင့် ‘လေရူးသုန်သုန်’၊ ‘ဓားတောင်ကိုကျော်၍ မီးပင်လယ် ကိုဖြတ်မည်’စသော ဂန္တဝင် ဝတ္ထုကြီး များကို ရေးသားနိုင်ခဲ့သည်မှာ အချိန် ကို အသုံးချမှုပင်ဖြစ်သည်။  ‘နပိုလီယံ’ သည် ဝါတာလူးစစ် ပွဲကို အနိုင်တိုက်၍ ‘ဝယ်လင်တန်’ အားဖမ်းယူရန် စိတ်ကူးထားသော် လည်း၊ စစ်မြေပြင်သို့ ၂နာရီမျှ နောက်ကျခဲ့၍ စစ်ရှုံးခဲ့ရသည့်အတွက်၊ နပိုလီယံက နေမင်းကြီးအား  “၂နာရီ သာ သင့်အားငါတား၍ ရမည်ဆိုပါ က ဤလောက၌ ဘာမဆို ငါပေးနိုင် သည်”ဟု ပြောဆိုဟစ်ြေ<ွကး ခဲ့ဖူးသည် မှာ အချိန်၏တန်ဖိုးကို သိ၍ဖြစ် သည်။

ထို့ကြောင့် “Time is a great magician”။ အချိန်သည် ကြီးကျယ် ထင်ရှားသော မျက်လှည့်ဆရာကြီး ဖြစ်သည်။ လူတွေဟာ ငှက်တွေလိုပဲ အချိန်နဲ့အတူ ပျံသန်းရမည်။ အဘယ် ကြောင့်ဆိုသော် “လူဆိုတာ ပုံသွင်း ယူရတဲ့ ရွှံ့မဟုတ်။ စိုက်ပျိုးရသော အပင်ဖြစ်သည်”ဟု ဂါတေး၏ ပြော စကားနှင့် “ဘဝဆိုတာ အကောင်း ဆုံးမှတစ်ပါး ဘာမှလက် မခံဘူးဆို လျှင် ခဏခဏ အကောင်းဆုံးကိုပဲ ရတတ်သည်”ဆိုသည့် ‘ဆမ္မားဆက် မွန်’ ၏အဆိုများအရ ‘အချိန်နှင့် ပညာ’ ကို အရင်းပြု၍ တည်ဆောက် မှသာ ကိုယ့်ဘဝအရှင်သခင်သည် ကိုယ်သာပင်ဖြစ်မည်။  အချိန်ကိုချွေတာခြင်းသည်၊ အတိုးပေးထားသည်ထက် ပို၍အ ကျိုးအမြတ်များသည်။ အချိန်ကို တန်ဖိုးထားသူတို့သည် တစ်စက္ကန့်ပင် အဆုံးရှုံး မခံနိုင်ကြပါ။ အချိန်ကို အကျိုးရှိစွာ အသုံးပြုမှုသည်လည်း လူတော်လူကောင်းတို့၏ အရည်အ ချင်းကောင်းဖြစ်၍ ‘အချိန်မီချုပ်၊ အစုတ်သက်သာ”၊ “ပစ်ပြီးသောမြား၊ ပြောပြီးသားစကား၊ လွန်ပြီးသော အချိန်တို့သည် ဘယ်တော့မှ ပြန်လာ ရိုး ထုံးစံမရှိ”သည့်အတွက် “ဘယ် အရာအတွက်မျှ အချိန်ကိုရှာမရပါ”။ “အချိန်ဆိုတာက ရအောင်ဖန်တီးယူရ တာ”ဆိုသည့် ချားလ်စ်ဘက်တန်၏အဆိုအရ၊ လူတိုင်းလူတိုင်းတို့သည် ကိုယ့်အတွက် အချိန်ကိုကိုယ်တိုင် ဖန်တီးယူကြရပေမည်။  စက္ကန့်မျှ အချိန်လေးပင်လျှင် အဘယ်မျှ အကျိုးရှိပါသလဲဆိုလျှင် ကနေဒါနိုင်ငံမှ ‘ဘင်ဂျွန်ဆင်’ဆိုသူ အတွက်၊ ထိုတစ်စက္ကန့်သည် မီတာ ၁ဝဝပြေးရန် ဖူလုံသည့်အချိန်ဖြစ် သည်။

“When there is life there is hope” လူတွေသည် အသက်ရှင် နေသမျှကာလပတ်လုံးမှာ မျှော်မှန်း ချက်ရှိနေသည်။ အတုယူစရာ ကောင်းသည့် သာဓကတစ်ခုမှာ လယ်တီ ဆရာတော်ကြီးသည် ခရီးသွားရင်း များလှစွာသော ကျမ်းတို့ကို ပြုစုခဲ့ သည်။ ၁မိနစ်ကုန်သွားတိုင်း တစ် မိနစ် လုပ်ဆောင်နိုင်ခဲ့သည့် အချိန် ကို အသုံးချမှုဖြစ်သည်။ ထိုနည်းတူ ပင် အင်္ဂလိပ်စစ်ဗိုလ်ချုပ် ဟိုရေးရှိုး နယ်လ်ဆင်’၏ အလေ့အကျင့် ကောင်းတစ်ခုမှာလည်း နေ့စဉ် ကိစ္စ အဝဝတို့ကို အမြဲတမ်း ၁၅ မိနစ်ခန့် ကြိုတင်ပြီးစီးအောင် ဆောင်ရွက်ခဲ့ သဖြင့် အောင်လံထူနေသည့် ‘နပို လီယံ’၏စစ်တပ်ကို တိုက်ခိုက်၍ အနိုင် ရခဲ့သည်မှာလည်း အချိန်ကို အသုံးချ မှုပင်ဖြစ်သည်။  လူတို့သည် အချိန်ကိုမှီ၍ ဖြစ်ရ သည်။ ထို့ကြောင့်အချိန်ကို နှမြောကြ ရပါမည်။ ဤခေတ်သည် လူတကာ နှင့် အပြိုင်လုပ်ဆောင်ကြရ၍ ကိုယ် အိပ်နေလျှင် သူကဦးသွားလိမ့်မည်။ “စွမ်းသူထက် ဆောသူက သာသွား ပေလိမ့်မည်”။ တစ်နေ့၃နာရီခန့်အိပ် ၍ ၂၁နာရီ အလုပ်လုပ်သွားသည့် ‘အိုင်းစ်တိုင်း+၏ လုံ့လဝီရိယမျိုးဆို လျှင် အလွန်ကောင်းပေစွ။  “မမှောင်ခင် သင့်မီးအိမ်ကို ထွန်းထားပါ” ဆိုသည့် “အာရေဗျ” ဆိုရိုးသည်လည်း ဘယ်တော့မှ မရိုး ပါ။

“Time is life. Time is money”

“အချိန်သည်ဘဝ၊ အချိန်သည် ငွေ”

“အချိန်သည် အကုန်မြန်သည်”

“အချိန်သည် တိုင်ပင်ရန် အကောင်းဆုံး အဖော်မွန်” ဖြစ်၍ ဆရာချစ်စံဝင်း၏ ကြွယ်ဝစေမည့် နည်းလမ်း၇ခုတွင်၊ နံပတ်၅ လမ်းညွှန် ချက်မှာ  “အချိန်ကို မိတ်ဆွေဖွဲ့ပါ ရန်သူမလုပ်ပါနှင့်”တဲ့။  ကျွန်တော်တို့အားလုံး အချိန်ကို မိတ်ဆွေဖွဲ့ကြပါစို့။

 ဌေးကြည်(စလင်း)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071