စက်တင်ဘာလ ၁၈ ရက်နေ့က TV Daily နဲ့ အင်တာဗျူးမှာ အဆိုတော် Roy Kim ဟာ သူ့ရဲ့ သီချင်းသစ် ‘The Hardest Part’ နဲ့ မိတ်ဆက်ပေးခဲ့သလို သူ့ရဲ့အချစ်အကြောင်းကိုလည်း ဝေမျှခဲ့ပါတယ်။
”ကျွန်တော်နဲ့ တွဲမယ့်မိန်းကလေးက ကျွန်တော့်ရဲ့အခုအခြေအနေကိုနား လည်ပေးမယ်ဆိုရင် ကျွန်တော်တို့အတွက် ပြဿနာဆိုတာ ရှိလာမှာမဟုတ် ပါဘူး။ ကျွန်တော် USမှာ ကျောင်းတက်နေပြီး ကိုရီးယားမှာ အဆိုတော် အဖြစ်လုပ်ကိုင်နေပါတယ်။
ကျွန်တော့်အခြေအနေကို နားလည်ဖို့ဆိုတာ အတော်လေးတော့ခက်ပါတယ်။ ကျွန်တော် ရည်းစားမထားတာတော့ မဟုတ် ပါဘူး။
ချစ်မယ့်သူမတွေ့သေးတာပါ။ ကျွန်တော် အရင်က တွဲခဲ့ဖူးပါတယ်။
အခုလည်း အလုပ်တွေ များနေလို့အချစ်နဲ့ ဝေးနေတာပါ။ အချစ်ကိုရှာဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာပါ။
ကျွန်တော် အချစ်စစ်ရှာတွေ့မယ်လို့ ယုံကြည်ပါတယ်။
ကဲ Roy Kim က အချစ်ရှာဖွေနေတယ်ဆိုတော့ သူ့ရဲ့ ကောင်မလေးက ဘယ်သူများ ဖြစ်လာနိုင်မလဲ။