Sunday, December 7, 2025

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊...

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး...

ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်...

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။ စေတီတော်ကြီး လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများကို...
HomeCelebrities' Newsအချစ်ဆိုတာ နားလည်ခြင်း၊ ခွင့်လွှတ်ခြင်း၊...

အချစ်ဆိုတာ နားလည်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းလို့ပဲ ခံယူတယ်ဆိုတ ရွှေမှုန်ရတီ ရဲ့ လတ်တလော အချစ်ရေး

ရွှေမှုန်ရတီက ပရိသတ်တွေ သိချင်နေကြတဲ့ ချစ်သူကို ဖုံးကွယ် ထားတာမျိုးမရှိဘဲ ပွင့်ပွင့်လင်းလင်း ဖွင့်ဟထားသူပါ။ သူမရဲ့ ကိုယ် ပိုင် ဖေ့စ်ဘုတ်အကောင့်မှာ လမ်းခွဲလိုက်ပြီလို့ ရေးခဲ့ပေမယ့် လတ် တလောမှာတော့ အချစ်ရေးက အဆင်ပြေပါ တယ်ဆိုတဲ့ ရွှေမှုံရတီကို သူမရဲ့ ချစ်သူအကြောင်း မေးမြန်းတော့…

“သဲရဲ့ လတ်တလောအချစ်ရေးက အားလုံးအဆင်ပြေပါတယ်။ အချစ်ဆိုတာကိုလည်း နားလည်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းလို့ပဲ ခံယူထားတယ်။ ပရိသတ်တွေကိုလည်း ညီမက လွတ်လွတ်လပ်လပ်ပဲ တင် ဆက်တယ်။ ညီမဖုံးကွယ်စရာ မရှိဘူးဆိုရင် ပရိသတ်တွေကို အားလုံး ပြောပြတယ်။ ပရိသတ်တွေကလည်း သဲရဲ့လှုပ်ရှားမှုတိုင်းကို သိချင် ကြမှာပါ။ ကိုယ်ဘာတွေဖြစ်နေလဲ၊ ဘာတွေခံစားနေရ သလဲဆိုတာတွေပေါ့။ ဒီအတွက်လည်း သဲက ပြောပြလို့ရသမျှ ပြောပြပြီးတင်ဖြစ်ပါတယ်။ ဖေ့စ်ဘုတ်မှာ  We break up လို့ တင်တာက လည်း စိတ်ကောက်ပြီး တင်လိုက်တာပါ။ တကယ်တော့ သူက မတင်စေချင်ပါဘူး။ အဲဒီအ ချိန်က တအားကိုစိတ်ကောက်လွန်း လို့ တင်လိုက်တာပါ။ ဒါကြောင့် စတာပါဆို ပြီးလည်း ပြန်တင်လိုက်တာပါ။ လမ်းမခွဲ ပါဘူး လို့ ရွှေမှုန်ရတီက ပြောပြပါတယ်။

ရွှေမှုံရတီက လတ်တလောမှာ တော့ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက် ကူးတဲ့ဇာတ်ကားမှာ မြင့်မြတ်နဲ့ အတူ တွဲဖက် သရုပ်ဆောင်နေပါတယ်။ နောက်ပိုင်းမှာ ရွှေမှုံရတီက သူလက်ခံ ရိုက်ကူးတဲ့ ဇာတ်ကားတွေမှာ ကာရိုက် တာတွေ မထပ်အောင် ရွေးချယ်ပြီး ရိုက်ကူးတယ်လို့လည်း ဆိုပါတယ်။

“သဲက နောက်ပိုင်း တတ်နိုင် သလောက် တော့ ကာရိုက်တာမထပ်အောင် ရိုက်ကူးပါ တယ်။ အနုပညာဆိုတာကလည်း တအားကို ပင်ပန်းပြီး နက်နဲမှုတွေရှိတယ်။ အာရုံစူး စိုက်မှု တအားကိုထားရတယ်။ အနု ပညာဆိုတဲ့စကားလုံးမှာ ပညာဆိုတဲ့ စကားလုံး ကပ်ပါလာတဲ့အတွက် ကြောင့် ပညာဆိုတာဘယ်တော့မှ သင်ယူလို့မကုန်ဘူ။ ညီမအတွက် လည်း အနုပညာသင်ယူလို့ မကုန်တဲ့ အရာတစ်ခုပါ။ ကာရိုက် တာစုံအောင်လည်း တတ်နိုင် သလောက် သဲကြိုးစားပါတယ်။ ပရိသတ်တွေ အားလုံးကလည်း ညီမကို ကောင်းစေ ချင်တဲ့စိတ်နဲ့ ဝေဖန်ပေးကြတယ်။ ပရိသတ်ရှိလို့လည်း ရွှေမှုံရတီဆိုတာ ရပ်တည်နိုင်တဲ့အတွက် ကျေးဇူးတင် ပါတယ်”လို့ ရွှေမှုံရတီက ပြောပြပါတယ်။

မြတ်မိုးပွင့်၊
ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071