Wednesday, July 16, 2025

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ်ရောင်းချမည်

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် Block of Stamp အထူးထုတ်(၂၀၀)ကျပ်တန် (၃)ခုပါ စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကို ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ရောင်းချပေးသွားမည်ဖြစ်ကြောင်း...

ကမ္ဘာ့ဖလား‌ဘောလုံးပွဲလက်မှတ်များစက်တင်ဘာ၁၀ရက်တွင်စရောင်းမည်

မက္ကဆီကို၊ အမေရိကနှင့် ကနေဒါ နိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် လက်မှတ်များဝယ်ယူရမည့် လုပ်ငန်းစဉ်ကို စက်တင်ဘာ ၁၀...

အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကိုအမြစ်ဖြတ်ရန် ဟွန်မာနက်အမိန့်ထုတ်

နိုင်ငံတစ်ဝန်းရှိ အွန်လိုင်းအလိမ်အညာလုပ်ငန်းများကို အမြစ်ပြတ်ရှင်းလင်းရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က အာဏာပိုင်များကို အမိန့်ထုတ်လိုက်ပြီး နှိမ်နင်းရေးလုပ်ငန်းစဉ်များကို တားဆီးသည့် မည်သည့်အရာရှိမဆို အလုပ်ထုတ်ခံရမည်ဟု သတိပေးခဲ့သည်။ တနင်္လာနေ့(ဇူလိုင်လ ၁၄ရက်နေ့)...

ပအိုဝ်းအမျိုးသား ညီညွတ်ရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထား

ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ယမန်နေ့ ဇူလိုင်လ(၁၅)ရက်ကလျှောက်ထားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် လျှောက်ထားသည့် ပါတီ (၁၉) ပါတီ ရှိနေကြောင်း...
HomeNewsLocal Newsအခေါက်ရွှေ ဝယ်ယူစုဆောင်းသူများနေ၍ ရွှေဈေးမတည်မငြိမ်ဖြစ်နိုင်ဟု...

အခေါက်ရွှေ ဝယ်ယူစုဆောင်းသူများနေ၍ ရွှေဈေးမတည်မငြိမ်ဖြစ်နိုင်ဟု သုံးသပ်

အခေါက်ရွှေ ဝယ်ယူစုဆောင်းသူများနေ၍ ရွှေဈေးမတည်မငြိမ်ဖြစ်နိုင်ဟု သုံးသပ်

ရန်ကုန်ရွှေဈေးကွက်တွင် အခေါက်ရွှေ ဝယ်ယူစုဆောင်းသူများနေ၍ ရွှေဈေး မတည်မငြိမ် ဖြစ်နိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်နေကြသည်။

သင်္ကြန်ပြီး နောက်ပိုင်း ရန်ကုန်ရွှေဈေးကို တစ်ကျပ်သားလျှင် သိန်း ၂၀ ကျော် ၇ သောင်းဖြင့် ဈေးဖွင့်ခဲ့ခြင်း ဖြစ်ပြီး ဧပြီလ ၂၁ ရက်တွင် တစ်ကျပ်သားလျှင် သိန်း ၂၀ ၈ သောင်း ၆ ထောင် ဖြစ်လာကာ ယနေ့ ဧပြီလ ၂၃ ရက်တွင် သိန်း ၂၀ ကျော် ၇ သောင်းဖြင့် ဈေးပိတ်ခဲ့သည်။

ယင်းအပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ် ဟု သတ်မှတ်ထားခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဈေးကွက်တွင် ယင်းသတ်မှတ်ဈေးဖြင့် ရောင်းချခြင်းမျိုး မပြုလုပ်ဘဲ ရွှေဝယ်သူများက လက်ရှိအပြင်ဒေါ်လာပေါက်ဈေးဖြင့်သာတွက်ချက်၍ ဈေးပေးဝယ်ယူကြကြောင်းလည်း သိရသည်။

“ဈေးကွက်မှာက အခုရက်ပိုင်းမှာ ရွှေပြန်လာရောင်းသူ သိပ်မရှိဘူး၊ဝယ်သူတွေပဲ ရှိတယ်။ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၉၃၀ ဖြစ်နေတော့ ပြည်တွင်းမှာက တစ်ဒေါ်လာကို ၁၈၅၀ ကျပ်ဆိုတော့ တော်တော် ကွာတယ်လေ။ဒါကြောင့် ဝယ်သူတွေကလည်း ၁၈၅၀ နဲ့ပဲ ဆိုတာကို ထည့်မပြောကြဘူး၊ရောင်းသူကလည်း အဲဒီဈေးနဲ့ ဘယ်ရောင်းမလဲဗျာ”ဟု ရွှေအရောင်းအဝယ် ပြုလုပ်နေသူ တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းအနေဖြင့် သင်္ကြန်အပြီး ဧပြီလ ၁၈ ရက်တွင် ရွှေဈေး မဖွင့်နိုင်ခဲ့ဘဲ ဧပြီလ ၂၀ ရက်ကျမှသာ ဖွင့်သည့်ဈေးကို တရားဝင် ထုတ်ပြန်ပေးထားခဲ့ကြောင်း၊အဆိုပါ အသင်းအနေဖြင့် ရွှေအရောင်းအဝယ်ကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်လည်း အစည်းအဝေးပြုလုပ်ကာ အသင်းသားများအား ပြောဆိုထားကြောင်းလည်း သိရသည်။

သင်္ကြန်မတိုင်ခင်မီက အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ်သိန်း ၂၀၄၈၀၀၀ ဖြင့်ရောင်းချခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ်ရောင်းချမည်

မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် Block of Stamp အထူးထုတ်(၂၀၀)ကျပ်တန် (၃)ခုပါ စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကို ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်း စာပို့တံဆိပ်ခေါင်းသစ်ကို မြန်မာ့စာတိုက်လုပ်ငန်းမှ ဇူလိုင် ၂၀ ရက်နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းနှင့် ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ရောင်းချရာ၌ အထူးအစီအစဉ်အဖြစ် နေ ပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇူလိုင် ၂၀ ရက်၌ ဝယ်ယူသော...

ကမ္ဘာ့ဖလား‌ဘောလုံးပွဲလက်မှတ်များစက်တင်ဘာ၁၀ရက်တွင်စရောင်းမည်

မက္ကဆီကို၊ အမေရိကနှင့် ကနေဒါ နိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် လက်မှတ်များဝယ်ယူရမည့် လုပ်ငန်းစဉ်ကို စက်တင်ဘာ ၁၀ ရက်တွင် စတင်မည်ဖြစ်ကြောင်း ဖီဖာက ကြေညာခဲ့ပြီး ပရိသတ်များအနေဖြင့် ကြည့်ရှုလိုသည့် ပွဲစဉ်များအတွက် ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် တရားဝင်စာရင်းပေးသွင်းကြရန် တိုက်တွန်းခဲ့သည်။ အမေရိကတွင် ကျင်းပခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး တစ်ရက်အကြာ အင်္ဂါနေ့တွင် အပြည်ပြည်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်က ယင်းသို့ ကြေညာခဲ့ခြင်းဖြစ်သည်။ “သမိုင်းတလျှောက် အကြီးကျယ် အခမ်းနားဆုံးဖြစ်လာမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲကို ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကတို့က လက်ခံကျင်းပမှာဖြစ်တာကြောင့်...

အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကိုအမြစ်ဖြတ်ရန် ဟွန်မာနက်အမိန့်ထုတ်

နိုင်ငံတစ်ဝန်းရှိ အွန်လိုင်းအလိမ်အညာလုပ်ငန်းများကို အမြစ်ပြတ်ရှင်းလင်းရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က အာဏာပိုင်များကို အမိန့်ထုတ်လိုက်ပြီး နှိမ်နင်းရေးလုပ်ငန်းစဉ်များကို တားဆီးသည့် မည်သည့်အရာရှိမဆို အလုပ်ထုတ်ခံရမည်ဟု သတိပေးခဲ့သည်။ တနင်္လာနေ့(ဇူလိုင်လ ၁၄ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကာ အင်္ဂါနေ့ညပိုင်းတွင် လူသိရှင်ကြားထုတ်ပြန်လိုက်သော အမိန့်၌ နိုင်ငံခြားသား ရာဇဝတ်ဂိုဏ်းအချို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် အခြေစိုက်ကာ ၎င်းတို့၏ အွန်လိုင်းလိ-မ်ညာမှုများကို ဆောင်ရွက်လျက်ရှိကြောင်း ဟွန်မာနက်က ပြောသည်။ ရဲတပ်ဖွဲ့အပြင် မြို့ကြီးများနှင့် ပြည်နယ်များဆိုင်ရာ ခေါင်းဆောင်များသည် ၎င်းတို့၏ အပိုင်နယ်မြေနှင့် တရားစီရင်ရေးနယ်နိမိတ်အတွင်းရှိ အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို တရားဥပဒေနှင့်အညီ ရှင်းလင်းသုတ်သင်ရန် တာဝန်ယူရမည်ဟု ၎င်းက ပြောကြားခဲ့သည်။ လက်နက်ကိုင်အဖွဲ့များအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071