Thursday, February 13, 2025

ထိုင်ဝမ်၌ ကုန်တိုက်ပေါက်ကွဲ၍ လူတစ်ဦး‌ေ-သဆုံး

ဖေဖော်ဝါရီ၊ ၁၃ ထိုင်ဝမ်၏ ဒုတိယအကြီးဆုံးမြို့တော်ရှိ ကုန်တိုက်တစ်ခုတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား၍ လူတစ်ဦး‌ေ-သဆုံးကာ လေးဦးသည် မစိုးရိမ်ရသော ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ မြို့တော်တိုင်ပေ၏အနောက်တောင်ဘက် ကီလိုမီတာ ၁၆၀...

သံချောင်းများတင်လာသည့်တွဲကား ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အခြားကားအချို့နှင့်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် သံချောင်းများတင်လာသည့်တွဲကား ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အ ခြားကားအချို့နှင့် မိန်းကလေးငယ်တစ်ဦးကိုတိုက်မိခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့လည် ၃...

ရုရှားသည်၅နှစ်အတွင်းဥရောပတွင်စစ်ပွဲဆင်နွှဲနိုင်ကြောင်းဒိန်းမတ်သတိပေး

ဖေဖော်ဝါရီ ၁၁ အကယ်၍ မော်စကိုသည် နေတိုးကို အားနည်းသည်ဟု ယူဆပါက မော်စကိုသည် ဥရောပတွင် ငါးနှစ်အတွင်း “အကြီးစားစစ်ပွဲ” တစ်ခုကိုဆင်နွှဲရန် အသင့်ဖြစ်နိုင်သည်ဟု ဒိန်းမတ်...

ရုရှားကအမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကိုပြန်လွှတ်ပေး

မော်စကို၊ဖေဖော်ဝါရီ ၁၂ ရုရှားနိုင်ငံ၌ မူ-းယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကို အမေရိကသို့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများတွင်ဖော်ပြခဲ့သည်။ "လွှတ်ပေးလိုက်တာတော့သေချာပါတယ်။ဒါပေမဲ့ ဘယ်လမ်းကနေဘယ်လိုပြန်ပို့သွားတယ်၊ခေါ်သွားတယ်ဆိုတာတော့ကျွန်တော်တို့လဲမသိရပါဘူး" ဟု ဖိုဂယ်လ်၏ရှေ့နေကပြောကြားခဲ့ပြီး...
HomeNewsLocal Newsအကြ-မ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းများ၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍကိုမြှင့်တင်ရန် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ပြော

အကြ-မ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းများ၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍကိုမြှင့်တင်ရန် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ပြော

အကြ-မ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းများ၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍကိုမြှင့်တင်ရန် နစက အဖွဲ့ဝင်၊ အကြ-မ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

ယမန်နေ့ ဒီဇင်ဘာ ၂၇ ရက်နေ့လည် ၁ နာရီက နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင်ကျင်းပသည့် အကြ-မ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး(၂၀၂၄)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အကြ-မ်းဖက်မှု၊ မူးယစ်ဆေးဝါး၊ ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှုတို့ကြား ဆက်စပ်နေမှုကို အမြဲမပြတ်လေ့လာသုံးသပ်၍ အကြ-မ်းဖက်မှုများကို ခေတ်နှင့်အညီ တိုက်ဖျက်နိုင်ရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍမြှင့်တင်ရေး၊ အကြ-မ်းဖက်မှုများ၏ ဖြစ်စဉ်အမှန်ကို နိုင်ငံတကာက သိရှိစေရန်ဆောင်ရွက်ရေးတို့ကို ပြောကြားခဲ့သည်။

ထို့ပြင် အကြ-မ်းဖက်မှုတိုက်ဖျက်ရေး၊ အစွန်းရောက်ဝါဒ၊ အကြ-မ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးရန်ပုံငွေကို လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျအသုံးပြုရေး၊ အကြ-မ်းဖက်မှုကျူးလွန်နိုင်ရန် ငွေကြေးထောက်ပံ့မှု၊ အကြ-မ်းဖက်အုပ်စုများနှင့် ဆက်နွှယ်နေသော ငွေကြေးစီးဆင်းမှုများကို စုံစမ်းထောက်လှမ်းဖော်ထုတ်ရေး၊ တားမြစ်ထိန်းချုပ်နိုင်ရေးတို့ကိုလည်း ပြောကြားခဲ့သည်။

ထို့အတူ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်မှ အစည်းအဝေးတွင် မှတ်တမ်းတင်ခဲ့သည့်အချက်များ၊ အတည်ပြုပေးခဲ့သည့်အချက်များ၊ ခွင့်ပြုပေးခဲ့သည့်အချက်များကို သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ လုပ်ငန်းအဖွဲ့များက လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကိုလည်း ပြောကြားခဲ့သည်။

ထို့ပြင် အကြ-မ်းဖက်မှုလှိုင်းများ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ပထဝီနိုင်ငံရေးတို့အပေါ် သက်ရောက်မှု၊ နည်းပညာများတိုးတက်လာမှုနှင့်အတူ အကြ-မ်းဖက်အုပ်စုများ၏ နည်းဗျူဟာများပြောင်းလဲလာမှု၊ ဒရုန်းများနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်များ၊ အကြမ်-းဖက်မှုတိုက်ဖျက်ရေးတွင် AI နည်းပညာအသုံးဝင်မှု၊ နိုင်ငံအဆင့် အကြမ်-းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲအကောင်အထည်ဖော်ရန် ပြင်ဆင်နေမှုတို့ကိုလည်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်ဝမ်၌ ကုန်တိုက်ပေါက်ကွဲ၍ လူတစ်ဦး‌ေ-သဆုံး

ဖေဖော်ဝါရီ၊ ၁၃ ထိုင်ဝမ်၏ ဒုတိယအကြီးဆုံးမြို့တော်ရှိ ကုန်တိုက်တစ်ခုတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား၍ လူတစ်ဦး‌ေ-သဆုံးကာ လေးဦးသည် မစိုးရိမ်ရသော ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ မြို့တော်တိုင်ပေ၏အနောက်တောင်ဘက် ကီလိုမီတာ ၁၆၀ ခန့်အကွာ တိုင်ချန်မြို့ရှိ Shin Kong Mitsukoshi ကုန်တိုက်၏ ၁၂ လွှာရှိ အစားအသောက်ဇုန်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ လူခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် မီးသတ်ဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဒေသခံ မီးသတ်ဌာနက ယာဉ် ၅၆ စီးနှင့် လူ ၁၃၆ ဦးကို စေလွှတ်ခဲ့ပြီး...

သံချောင်းများတင်လာသည့်တွဲကား ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အခြားကားအချို့နှင့် မိန်းကလေးငယ်တစ်ဦးကိုတိုက်မိ မိန်းကလေးငယ်သေဆုံး

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် သံချောင်းများတင်လာသည့်တွဲကား ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အ ခြားကားအချို့နှင့် မိန်းကလေးငယ်တစ်ဦးကိုတိုက်မိခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့လည် ၃ နာရီ ၁၆ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် အခင်းဖြစ်နေရာအနီးနေသူများထံမှ သိရသည်။ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂ လာဒုံလမ်းမကြီးအတိုင်း သံချောင်းများတင်၍ မောင်းနှင်လာသည့်တွဲကားသည် အခင်းဖြစ်နေရာအရောက် ရှေ့မှကားတစ်စီးအားကျော်တက်စဥ် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ အခြားကားအချို့နှင့် မိန်းကလေးငယ်တစ်ဦးကိုဝင်တိုက်မိခဲ့ကြောင်း သိရသည်။ " ကောင်မလေးက ကျောင်းသူလေးပါ။ တိုက်မိတဲ့အရှိန်နဲ့ တွဲကားအောက်ထဲမှာညပ်ပြီး သေဆုံးသွားတာပါ။ Body ကအတော်အခြေအနေဆိုးဆိုးဖြစ်သွားတယ်" ဟု...

ရုရှားသည်၅နှစ်အတွင်းဥရောပတွင်စစ်ပွဲဆင်နွှဲနိုင်ကြောင်းဒိန်းမတ်သတိပေး

ဖေဖော်ဝါရီ ၁၁ အကယ်၍ မော်စကိုသည် နေတိုးကို အားနည်းသည်ဟု ယူဆပါက မော်စကိုသည် ဥရောပတွင် ငါးနှစ်အတွင်း “အကြီးစားစစ်ပွဲ” တစ်ခုကိုဆင်နွှဲရန် အသင့်ဖြစ်နိုင်သည်ဟု ဒိန်းမတ် တပ်မတော်ထောက်လှမ်းရေးဌာန (DDIS) က ပြောကြားခဲ့သည်။ "ရုရှားသည် နေတိုး ကို စစ်ရေးအရအားနည်းသည်ဟု သတ်မှတ်မိပါက သို့မဟုတ် နိုင်ငံရေးအရ ကွဲပြဲ နေသည်ဟု မြင်မိပါက ဥရောပ နေတိုး အဖွဲ့ဝင် တစ်နိုင်ငံ သို့မဟုတ် တစ်ခုထက်ပိုသော နိုင်ငံများကိုဒေသတွင်းစစ်ပွဲတွင် စစ်အင်အားသုံးရန် ရုရှားက ပိုမိုဆန္ဒရှိလိမ့်မည်" ဟု အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071