Wednesday, January 22, 2025

ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့် အတတ်ပညာများကို အမီလိုက်နိုင်ရေး...

တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်များ ရုပ်မြင်သံကြားထုတ်လွှင့်ရေးနှင့်ပတ်သက်၍ ပိုမိုတိုးတက်စေရေး နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့လည်ပိုင်းက တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (တောင်ညို)သို့သွားရောက်ကြည့်ရှုစစ်ဆေးစဥ်...

အင်ဒို၌ဈေးဝယ်စင်တာမီးလောင်မှုကြောင့် လူ ၉ ဦး‌ေ-သဆုံးခဲ့

ဂျကာတာ၊ဇန်နဝါရီ ၂၂ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဈေးဝယ်စင်တာမီးလောင်မှုကြောင့် ‌ေ-သဆုံးသူ ၉ ဦးအထိရှိလာပြီဖြစ်ကြောင်း မြို့တော်၏သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီကပြောကြားခဲ့သည်။ ဈေးဝယ်စင်တာမီးလောင်မှုအပြီး ခြောက်ရက်အကြာတွင် နောက်ဆုံး‌ေ-သဆုံးသူ၏ရုပ်အလေ-ာင်းအား အဆောက်အအုံ၏ ရှစ်လွှာရှိကာရာအိုခေအခန်းတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး...

ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာ လေ့ကျင့်ရန်...

ယနေ့ခေတ်တွင် စစ်လက်နက်နည်းပညာများ၊ စစ်နည်းဗျူဟာများသည် အဆက်မပြတ်တိုး တက်လျက်ရှိ၍ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့်မူဝါဒအတိုင်း စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာနေရမည်ပြီး သင်ယူထားရှိပြီးဖြစ်သည့်...

ဒေသငြိမ်းချမ်းလုံခြုံရေး အာဆီယံပူးပေါင်းဆောင်ရွက်မှု အရေးကြီး

ကွာလာလမ်ပူ၊ဇန်နဝါရီ ၂၂ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ အသက်တမျှအရေးကြီးကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးကပြောကြားခဲ့သည်။ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုအန္တရာယ်များ အပါအဝင် လက်ရှိဖြစ်ပေါ်နေသော နှင် ထပ်မံ ပေါ်ထွက်လာနေသော...
HomeNewsLocal Newsအကြမ်းဖက် အဖွဲ့အစည်းများကတိုင်းပြည်၏ တည်ငြိမ်အေးချမ်းရေးနှင့်...

အကြမ်းဖက် အဖွဲ့အစည်းများကတိုင်းပြည်၏ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြား​ရန်ပြုလုပ်နေဆဲဖြစ်၍ အရေးပေါ်ကာလ သက်တမ်း (၆) လ ထပ်တိုးရန်ဆုံးဖြတ်

နိုင်ငံတော် အာဏာကို အကြမ်းဖက်နည်းလမ်းများဖြင့် ရယူရန်ကြိုးစားမှုများ ရှိနေဆဲဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်ချိန်လိုအပ်နေဆဲ ဖြစ်သည့်အတွက် အရေးပေါ်ကာလ (၆) လ သက်တမ်းထပ်တိုးရန် ကာလုံအစည်းဝေးဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ (၃၁) ရက် နံနက်ပိုင်းက ကျင်းပသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်မှ ဇူလိုင်လ (၃၁) ရက်အထိ (၆) လတာ ကာလအတွင်း တိုင်းပြည်၏ အခြေအနေကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တင်ပြခဲ့ခြင်းဖြစ်ပြီး ယင်းသို့ တင်ပြမှုကို ယာယီသမ္မတအပါအဝင် ကာလုံအဖွဲ့ဝင်များက ပြန်လည်သုံးသပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ သုံးသပ်ရာတွင် အကြမ်းဖက် အဖွဲ့အစည်းများ အနေဖြင့် တိုင်းပြည်၏ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရုံသာမကဘဲ ပြည်သူလူထုကို အကြောက်တရားဖြင့်လွှမ်းမိုးကာ နိုင်ငံတော်၏ အာဏာကို အကြမ်းဖက်မှုနည်းလမ်းများဖြင့်ရယူရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့် အခြေအနေရှိနေဆဲ ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ၏ ပြင်ဆင်ချိန်၊ စည်းရုံးချိန်များတွင် လုံခြုံရေးအရခြိမ်းခြောက်မှုများ တွေ့ကြုံနေရခြင်း၊ မဲစာရင်းများ မှန်ကန်တိကျမှုရှိစေရေးအတွက် သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ခြင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင် လွတ်လပ်၍ တရားမျှတပြီး အကြောက်တရား ကင်းစွာဖြင့် မဲပေးနိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ဆဲ ဖြစ်ခြင်းတို့ကြောင့် အရေးပေါ်ကာလကို သက်တမ်းတိုးမြှင့်ပေးရန်လိုအပ်မည်ဖြစ်ကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် တာဝန်များပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရလည်းကောင်း၊ ၂၀၂ ၃ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ သဘောထားထုတ်ပြန်ချက်အရလည်းကောင်း နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အ ခြေအနေကြေညာထားသည့်ကာလအား ၂၀၂၃ ခုနှစ် ဩဂုတ်လ (၁) ရက်မှစ၍ နောက်ထပ် (၆) လ သက်တမ်း တိုးမြှင့်လိုက်သည်။

ယနေ့ကျင်းပသည့် ကာလုံအစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါ်သီတာဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့် အတတ်ပညာများကို အမီလိုက်နိုင်ရေး ဆောင်ရွက်ရမည်

တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်များ ရုပ်မြင်သံကြားထုတ်လွှင့်ရေးနှင့်ပတ်သက်၍ ပိုမိုတိုးတက်စေရေး နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့လည်ပိုင်းက တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (တောင်ညို)သို့သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာဖော်ထုတ်ပြီး မိမိတို့ရုပ်သံထုတ်လွှင့်မှုများ တိုးတက်စေရေးဆောင်ရွက်ရန်၊ Professional ဖြစ်ရန်နှင့် မိမိတို့၏ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်လိုသည်ဟု ပြောသည်။ တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်များ အနေဖြင့် ရုပ်မြင်သံကြားထုတ်လွှင့်ရေးနှင့်ပတ်သက်၍ ပိုမိုတိုးတက်စေရေးအတွက် ပြည်တွင်း၊ ပြည်ပမှ အခြားရုပ်သံလွှင့်ဌာနများ၏ ရိုက်ကူးထုတ်လွှင့်မှုများကို ကြည့်ရှုလေ့လာ၍ မိမိတို့၏ ရုပ်သံထုတ်လွှင့်မှုများကို တိုးတက်အောင်ဆောင်ရွက်ကြရန်လိုကြောင်း ပြောသည်။ “ယခုခေတ်ဟာ နည်းပညာခေတ်၊ AI ခေတ်ကိုရောက်ရှိနေတာဖြစ်လို့...

အင်ဒို၌ဈေးဝယ်စင်တာမီးလောင်မှုကြောင့် လူ ၉ ဦး‌ေ-သဆုံးခဲ့

ဂျကာတာ၊ဇန်နဝါရီ ၂၂ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဈေးဝယ်စင်တာမီးလောင်မှုကြောင့် ‌ေ-သဆုံးသူ ၉ ဦးအထိရှိလာပြီဖြစ်ကြောင်း မြို့တော်၏သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီကပြောကြားခဲ့သည်။ ဈေးဝယ်စင်တာမီးလောင်မှုအပြီး ခြောက်ရက်အကြာတွင် နောက်ဆုံး‌ေ-သဆုံးသူ၏ရုပ်အလေ-ာင်းအား အဆောက်အအုံ၏ ရှစ်လွှာရှိကာရာအိုခေအခန်းတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ‌ေ-သဆုံးသူ ၉ ဦးအထိမြင့်တက်လာခြင်းလည်းဖြစ်သည်။ နောက်ဆုံးတွေ့ရှိသည့်‌ေ-သဆုံးသူအား မည်သူမည်ဝါဖော်ထုတ်နိုင်ရေးအတွက် ကျန်‌ေ-သဆုံးသူများနည်းတူ ရဲဆေးရုံသို့ပို့ဆောင်ထားသည်ဟုလည်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ လူနေထူထပ်သည့် တာမန်ဆရီခရိုင်ခွဲရှိ Glodock ပလာဇာ၌ ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က မီးလောင်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ချိန်၌ ပလာဇာထဲတွင် ဈေးဝယ်သူအများအပြားရှိနေကြကာ မီးလောင်ကျွမ်းမှုသည် အဆောက်အအုံ၏ခုနစ်ထပ်နှင့်ရှစ်ထပ်တို့မှစတင်ခြင်းဖြစ်သည်ဟုယူဆကြပြီး သောကြာနေ့မှ မီးကိုအပြီးသတ်ငြှိမ်းနိုင်ခဲ့သည်ဟုလည်းဆိုသည်။ ‌ေ-သဆုံးသူများသည် မည်သူမည်ဝါ ဖြစ်သည်ဟု အတည်ပြုနိုင်ရန် အချိန်အတန်ကြာယူရဦးမည်ဟုလည်း ရဲတပ်ဖွဲ့ကပြောကြားကာ မီးလောင်ရသည့်အကြောင်းအရင်းကို...

ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာ လေ့ကျင့်ရန် တပ်ချုပ်မှာကြား

ယနေ့ခေတ်တွင် စစ်လက်နက်နည်းပညာများ၊ စစ်နည်းဗျူဟာများသည် အဆက်မပြတ်တိုး တက်လျက်ရှိ၍ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့်မူဝါဒအတိုင်း စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာနေရမည်ပြီး သင်ယူထားရှိပြီးဖြစ်သည့် စစ်မှုရေးရာနည်းနာများနှင့် အတတ်ပညာများကို ပိုမိုကျွမ်းကျင်အောင် အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ ဇန်နဝါရီ ၂၂ ရက်နံနက်ပိုင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တောင်ညိုတပ်နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်း ၌ သင်တန်းသားများကို သင်ကြားလေ့ကျင့်ပေးနေမှုအား ၎င်းမှ ကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ချမှတ်ထားရှိသည့်စည်းမျဉ်းစည်းကမ်းများအတိုင်း အမြဲလိုက်နာကျင့်သုံးနေရမည်ဖြစ်ပြီး စစ်သားကောင်း တစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံမည်ဆိုပါက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071