Saturday, January 18, 2025

အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများလာသည့်အတွက် ရန်ကုန်တွင်တိုက်ခန်းငှားရမ်းခများ မြင့်တက်လာ

အနယ်နယ် အရပ်ရပ်မှ ရွှေ့ပြောင်းနေထိုင်ကြသူများ ယခင်ထက် ပိုမိုများပြားလာသည့်အတွက် ရန်ကုန်မြို့၏ အိမ်ခန်းအငှား ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာနေကြောင်း စုံစမ်းသိရသာည်။ “နယ်က အကြောင်းအမျိုးမျိုးနဲ့ လာတဲ့လူတွေက...

မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခ သတ်မှတ်နှုန်းထားထက်...

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခနှုန်းထားများကို သတ်မှတ်ပေးထားပြီး ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ကာ ထိရောက်စွာ အရေးယူသွားမည်ဟု မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီထံမှ...

ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်) ဂျပန်ယဉ်ကျေးမှုစင်တာတို့နှင့် ပူးပေါင်း၍ ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း...

ပုပ္ပားတောင် ပရဆေးဥယျာဉ်အနီး မြန်မာ့ရွှေသမင်များအား လာရောက်...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်အကွာတွင် ကမ္ဘာကျော် မီးငြိမ်းတောင်ဖြစ်သည့် ပုပ္ပားတောင်ပရဆေး ဥယျာဉ်အနီး ရွှေသမင်ဘေးမဲ့တော ဥယျာဉ်တွင် ရွှေသမင်များ...
HomeNewsLocal Newsအကြမ်းဖက်အဖွဲ့ဝင်များ ဌားရမ်းနေထိုင်သည့် နေအိမ်တိုက်ခန်းများအား...

အကြမ်းဖက်အဖွဲ့ဝင်များ ဌားရမ်းနေထိုင်သည့် နေအိမ်တိုက်ခန်းများအား နိုင်ငံတော်ဘဏ္ဍာအ ဖြစ်သိမ်းဆည်းမည်

တိုင်းနှင့်ပြည်နယ်အချို့တွင် ဖြစ်ပေါ်လျက်ရှိသည့် ဖောက်ခွဲမှုများ၊လုပ်ကြံသတ်ဖြတ်မှုများတွင် ဖမ်းဆီးရမိသူများဌားရမ်းနေထိုင်သည့် နေအိမ်တိုက်ခန်းများအား သက်သေခံအဖြစ်သိမ်းဆည်းပြီး တရားရုံးတွင်စစ်ဆေးပေါ်ပေါက်ပါက နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းသွားမည်ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်သမားများကို ငှားရမ်းနေထိုင်ခွင့်ပြုသည့် နေအိမ်တိုက်ခန်းပိုင်ရှင်များနှင့်ပတ်သက်၍ သိရှိလိုက်နာနိုင်ရန်အသိပေးထုတ်ပြန်ချက်အဖြစ် ဇွန် ၁၂ ရက်က ထပ်မံအသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်လုပ်ငန်းလုပ်ဆောင်သူများသည် ၎င်းတို့အား အလွယ်တကူခြေရာခံနိုင်ခြင်းမရှိစေရန် အဆောင်များ၊နေအိမ်တိုက်ခန်းများတွင် ငှားရမ်းနေထိုင်ကာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့ကြောင့် အဆောင်၊နေအိမ်တိုက်ခန်းပိုင်ရှင်များအနေဖြင့် ငှားရမ်းသူများ၏ ကိုယ်ရေးအချက်အလက်အထောက်အထားပြည့်စုံမှသာ ငှားရမ်းခြင်းနှင့်ယင်းအချက်အလက်အထောက်အထားများဖြင့် သက်ဆိုင်ရာရပ်ကွက်(သို့)ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ ဧည့်စာရင်းတိုင်ကြားရမည်ဖြစ်သည်။

အကြမ်းဖက်မှုကျူးလွန်သည့် ငှားရမ်းနေထိုင်သူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူရာတွင် ငှားရမ်းထားသည့် နေအိမ်၊တိုက်ခန်းများကို သက်သေခံအဖြစ်သိမ်းဆည်းကာ တရားရုံးတွင်စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။

သို့ရာတွင် နေအိမ်တိုက်ခန်းပိုင်ရှင်အချို့သည် ဆက်လက်ငှားရမ်းပေးနေခြင်းမှာ အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နိုင်ရန် အားပေးကူညီရာရောက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် အကြမ်းဖက်သမားများနှင့်အကြမ်းဖက်အုပ်စုများကို အဆောက်အအုံနှင့်နေရာတစ်ခုခုအား အသုံးပြုခွင့်၊ယာယီတည်းခိုနေထိုင်ခွင့်ပြုသူများသည် အကြမ်းဖက်သမားများနည်းတူ အကြမ်းဖက်မှုကို ကျူးလွန်ရာရောက်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိချိန်တွင် နေအိမ်တိုက်ခန်းပိုင်ရှင်များအနေဖြင့် စနစ်တကျစိစစ်ငှားရမ်းခြင်း၊ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိကြောင်းတွေ့ရှိပါက ငှားရမ်းထားသည့် နေအိမ်တိုက်ခန်းများကို သက်သေခံအဖြစ်သိမ်းဆည်းပြီး တရားရုံးတွင်စစ်ဆေးပေါ် ပေါက်ပါက နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းကာ အကြမ်းဖက်မှုအား အားပေးကူညီသူအဖြစ် အရေးယူသွားမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများလာသည့်အတွက် ရန်ကုန်တွင်တိုက်ခန်းငှားရမ်းခများ မြင့်တက်လာ

အနယ်နယ် အရပ်ရပ်မှ ရွှေ့ပြောင်းနေထိုင်ကြသူများ ယခင်ထက် ပိုမိုများပြားလာသည့်အတွက် ရန်ကုန်မြို့၏ အိမ်ခန်းအငှား ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာနေကြောင်း စုံစမ်းသိရသာည်။ “နယ်က အကြောင်းအမျိုးမျိုးနဲ့ လာတဲ့လူတွေက များလာတယ်။ အိမ်ငှား၊ ပွဲစားတွေက ဈေးတင်ရို-က်ကြတယ်။ အဲဒီတော့ ဈေးတွေက တက်လာတာပေါ့” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။ လက်ရှိတွင် ရန်ကုန်အိမ်ခြံမြေဈေးကွက်၌ အိမ်အငှားဈေးကွက်သည် ယမန်နှစ်ကထက် လက်ရှိ ၂၀၂၅ အစပိုင်းတွင် ဆက်တိုက်မြင့်တက်နေသည်ဟုလည်း စုံစမ်းသိရှိရသည်။ “အရင်က နှစ်သိန်း၊ တလချင်းဆီ တက်သွားတာ ၊ အခု တစ်လ သုံးသိန်း ပေးနေရတယ်။...

မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက ထိရောက်စွာ အရေးယူမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခနှုန်းထားများကို သတ်မှတ်ပေးထားပြီး ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ကာ ထိရောက်စွာ အရေးယူသွားမည်ဟု မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီထံမှ သိရသည်။ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၂) ရက်မှ ဧပြီ (၁၇) ရက်အထိ ရက်ပေါင်း (၇၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ ဘုရားဖူး လာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် မန်းချောင်းသောင်ပြင်အတွင်း၌ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေပြီး ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ မန်းရွှေစက်တော်တွင် တည်းခိုဆောင်...

ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်) ဂျပန်ယဉ်ကျေးမှုစင်တာတို့နှင့် ပူးပေါင်း၍ ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲသည် အကြိမ် (၂၀) မြောက် အဖြစ် ကျင်းပခြင်းဖြစ်ကာ ဘာသာပြန်ပညာရှင်အဆင့်ကို ရည်မှန်း၍ ဂျပန်ဘာသာကို အဆင့်မြင့်လေ့လာနေသူများအတွက် ရည်ရွယ်ကာ ကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။ ပြိုင်ပွဲကို “ကျွမ်းကျင်အဆင့်” ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲနှင့် ဂျပန်ဘာသာ အရည်အချင်း N3 အဆင့်ရှိ အခြေခံအဆင့်ဂျပန်ဘာသာလေ့လာနေသူများအတွက် “အငယ်တန်း အဆင့်” ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ဟူ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071