(Unicode)
အကျဉ်းထောင်အတွင်းသွားရောက်လေ့လာမှုများ ပြန်ရရေး အိုင်စီအာစီမျှော်လင့်နေ
မြန်မာနိုင်ငံက အကျဉ်းသားတွေနဲ့ ၎င်းတို့ရဲ့ မိသားစုတွေကို ဆယ်စုနှစ်အချို့ အထိ ကူညီပေးနေခဲ့တဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ)ဟာ အကျဉ်းထောင်သို့ သွားရောက်လေ့လာမှုနဲ့ လုပ်ငန်းတွေ ပြန်လည်ဆောင်ရွက်နိုင်ဖို့ ဆက်လက်ကြိုးပမ်းနေပြီး အကြိမ်ကြိမ်တင်ပြချက်တွေနဲ့ တာဝန်ရှိသူ အဆင့်ဆင့်တွေကို ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပေမယ့် အကျဉ်းထောင်များသို့ ပြန်လည်ဝင်ရောက်ပြီး လုပ်ငန်းများ ပြန်လည်စတင်ဖို့ ခွင့်ပြုချက် မရရှိသေးဘူးလို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့က ဒီဇင်ဘာ၁၅ရက်မှာ ပြောဆိုလိုက်ပါတယ်။
မြန်မာမှာ ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်းတွင် အကျဉ်းထောင်တာဝန်ရှိသူတွေရဲ့ တောင်းဆိုချက်အရ အိုင်စီအာရ်စီက အကျဉ်းထောင်တွေမှာ ဆောင်ရွက်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သွားရောက်လေ့လာမှုနဲ့ လုပ်ငန်းတွေကို ၂၀၂၀ ခုနှစ် မတ်လမှစတင်ပြီး ရပ်ဆိုင်းထားခဲ့ရတာပါ။
အိုင်စီအာစီက “ ကမ္ဘာတစ်ဝှမ်းရှိ လက်နက်ကိုင်ပဋိပက္ခနှင့် အခြားသောအကြမ်းဖက်မှုဒဏ်ခံစားနေရသော နိုင်ငံများတွင် အိုင်စီအာရ်စီသည် အကျဉ်းသားအားလုံးအား မည်သည့်အကြောင်းကြောင့်ဖမ်းဆီးထိန်းသိမ်း ခံရသည်ဖြစ်စေကာမူ လူသားချင်းစာနာသော ပြုမှုဆက်ဆံမှုနှင့် နေထိုင်ရသည့်အခြေအနေများကို ရရှိရန် ရည်ရွယ်ပါသည်”ဒီဇင်ဘာ၁၅ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အိုင်စီအာရ်စီအနေနဲ့ကတော့ လက်ရှိမှာ အကျဉ်းထောင်အတွင်းသို့ ပြန်လည်သွားရောက်လေ့လာခွင့် မရရှိမချင်း ထိန်းသိမ်းခံထားရသူတွေရဲ့ အကျိုးအတွက်ရည်ရွယ်အလေးထားပြီး အဝေးမှနေ၍ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
၂၀၂၁ခုနှစ် မတ်လမှာ အရေးပေါ်ခေါ်ဆိုနိုင်တဲ့ ဖုန်းလိုင်းများထားရှိခဲ့ပြီးနောက် ပြီးခဲ့သောလအနည်းငယ်အတွင်းမှစပြီး အထိန်းသိမ်းခံရသူတွေနဲ့ ၎င်းတို့ရဲ့ မိသားစုများအကြား အဆက်အသွယ်ပြန်လည်ရရှိနိုင်ဖို့ ကူညီပေးခဲ့တာရှိပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ အိုင်စီအာရ်စီ ရုံးခွဲ ၉ ခုဆီ လာရောက်တဲ့သူတွေကို နေ့စဉ်လက်ခံတွေ့ဆုံ ကူညီပေးလျက်ရှိပြီး မိသားစု ၈၅၀ ကျော်အား ၎င်းတို့ရဲ့ ဆွေမျိုးများ ထိန်းသိမ်းခံထားရတဲ့ နေရာတွေ သိရှိစေနိုင်ဖို့ ကူညီဆောင်ရွက်ပေးခဲ့တာရှိပါတယ်။
၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက်နေ့က နစကဥက္ကဋ္ဌနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ဥက္ကဋ္ဌ မစ္စတာ Peter Maurerတို့ နေပြည်တော်မှာ တွေ့ဆုံစဉ် အိုင်စီအာစီက အကျဉ်းထောင်များသို့ အိုင်စီအာစီဝင်ရောက်လေ့လာခွင့်ရရေးဆိုတဲ့ အချက် ထည့်သွင်းတောင်းဆိုသွားခဲ့တာရှိပါတယ်။
အိုင်စီအာစီက လက်ရှိမှာ မြန်မာနိုင်ငံက အကျဉ်းထောင်များအတွင်းသို့ ပြန်လည်ဝင်ရောက်လေ့လာခွင့်နဲ့ လုပ်ငန်းများ အမြန်ဆုံး ပြန်လည်စတင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး အကျဉ်းထောင်တွေက အကျဉ်းသားတွေနဲ့ မိသားစုများဖြစ်နိုင်သမျှမြန်မြန် ပြန်လည်တွေ့ဆုံနိုင်ဖို့ ဆက်လက်တိုက်တွန်းဆောင်ရွက်သွားဖို့ရှိနေပါတယ်။
နစကဥက္ကဋ္ဌနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ဥက္ကဋ္ဌ မစ္စတာ Peter Maurerတို့ ၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံကြစဉ်။ Photo: MNA
(Zawgyi)
အက်ဥ္းေထာင္အတြင္းသြားေရာက္ေလ့လာမႈမ်ား ျပန္ရေရး အိုင္စီအာစီေမွ်ာ္လင့္ေန
ျမန္မာႏိုင္ငံက အက်ဥ္းသားေတြနဲ႔ ၎တို႔ရဲ႕ မိသားစုေတြကို ဆယ္စုႏွစ္အခ်ိဳ႕ အထိ ကူညီေပးေနခဲ့တဲ့ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီအဖြဲ႕ (အိုင္စီအာစီ)ဟာ အက်ဥ္းေထာင္သို႔ သြားေရာက္ေလ့လာမႈနဲ႔ လုပ္ငန္းေတြ ျပန္လည္ေဆာင္႐ြက္ႏိုင္ဖို႔ ဆက္လက္ႀကိဳးပမ္းေနၿပီး အႀကိမ္ႀကိမ္တင္ျပခ်က္ေတြနဲ႔ တာဝန္ရွိသူ အဆင့္ဆင့္ေတြကို ေဆြးေႏြးမႈေတြ ဆက္လက္လုပ္ေဆာင္ေနေပမယ့္ အက်ဥ္းေထာင္မ်ားသို႔ ျပန္လည္ဝင္ေရာက္ၿပီး လုပ္ငန္းမ်ား ျပန္လည္စတင္ဖို႔ ခြင့္ျပဳခ်က္ မရရွိေသးဘူးလို႔ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီအဖြဲ႕က ဒီဇင္ဘာ၁၅ရက္မွာ ေျပာဆိုလိုက္ပါတယ္။
ျမန္မာမွာ ကိုဗစ္-၁၉ ကပ္ေရာဂါစတင္ျဖစ္ပြားလာခဲ့ၿပီးေနာက္ပိုင္းတြင္ အက်ဥ္းေထာင္တာဝန္ရွိသူေတြရဲ႕ ေတာင္းဆိုခ်က္အရ အိုင္စီအာရ္စီက အက်ဥ္းေထာင္ေတြမွာ ေဆာင္႐ြက္ေနတဲ့ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ သြားေရာက္ေလ့လာမႈနဲ႔ လုပ္ငန္းေတြကို ၂၀၂၀ ခုႏွစ္ မတ္လမွစတင္ၿပီး ရပ္ဆိုင္းထားခဲ့ရတာပါ။
အိုင္စီအာစီက “ ကမာၻတစ္ဝွမ္းရွိ လက္နက္ကိုင္ပဋိပကၡႏွင့္ အျခားေသာအၾကမ္းဖက္မႈဒဏ္ခံစားေနရေသာ ႏိုင္ငံမ်ားတြင္ အိုင္စီအာရ္စီသည္ အက်ဥ္းသားအားလုံးအား မည္သည့္အေၾကာင္းေၾကာင့္ဖမ္းဆီးထိန္းသိမ္း ခံရသည္ျဖစ္ေစကာမူ လူသားခ်င္းစာနာေသာ ျပဳမႈဆက္ဆံမႈႏွင့္ ေနထိုင္ရသည့္အေျခအေနမ်ားကို ရရွိရန္ ရည္႐ြယ္ပါသည္”ဒီဇင္ဘာ၁၅ရက္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။
အိုင္စီအာရ္စီအေနနဲ႔ကေတာ့ လက္ရွိမွာ အက်ဥ္းေထာင္အတြင္းသို႔ ျပန္လည္သြားေရာက္ေလ့လာခြင့္ မရရွိမခ်င္း ထိန္းသိမ္းခံထားရသူေတြရဲ႕ အက်ိဳးအတြက္ရည္႐ြယ္အေလးထားၿပီး အေဝးမွေန၍ အတတ္ႏိုင္ဆုံး ကူညီေဆာင္႐ြက္ေပးေနတယ္လို႔ ဆိုပါတယ္။
၂၀၂၁ခုႏွစ္ မတ္လမွာ အေရးေပၚေခၚဆိုႏိုင္တဲ့ ဖုန္းလိုင္းမ်ားထားရွိခဲ့ၿပီးေနာက္ ၿပီးခဲ့ေသာလအနည္းငယ္အတြင္းမွစၿပီး အထိန္းသိမ္းခံရသူေတြနဲ႔ ၎တို႔ရဲ႕ မိသားစုမ်ားအၾကား အဆက္အသြယ္ျပန္လည္ရရွိႏိုင္ဖို႔ ကူညီေပးခဲ့တာရွိၿပီး ျမန္မာႏိုင္ငံတစ္ဝွမ္းရွိ အိုင္စီအာရ္စီ ႐ုံးခြဲ ၉ ခုဆီ လာေရာက္တဲ့သူေတြကို ေန႔စဥ္လက္ခံေတြ႕ဆုံ ကူညီေပးလ်က္ရွိၿပီး မိသားစု ၈၅၀ ေက်ာ္အား ၎တို႔ရဲ႕ ေဆြမ်ိဳးမ်ား ထိန္းသိမ္းခံထားရတဲ့ ေနရာေတြ သိရွိေစႏိုင္ဖို႔ ကူညီေဆာင္႐ြက္ေပးခဲ့တာရွိပါတယ္။
၂၀၂၁ ခုႏွစ္ ဇြန္လ ၃ ရက္ေန႔က နစကဥကၠ႒နဲ႔ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီ ေကာ္မတီ (ICRC) ဥကၠ႒ မစၥတာ Peter Maurerတို႔ ေနျပည္ေတာ္မွာ ေတြ႕ဆုံစဥ္ အိုင္စီအာစီက အက်ဥ္းေထာင္မ်ားသို႔ အိုင္စီအာစီဝင္ေရာက္ေလ့လာခြင့္ရေရးဆိုတဲ့ အခ်က္ ထည့္သြင္းေတာင္းဆိုသြားခဲ့တာရွိပါတယ္။
အိုင္စီအာစီက လက္ရွိမွာ ျမန္မာႏိုင္ငံက အက်ဥ္းေထာင္မ်ားအတြင္းသို႔ ျပန္လည္ဝင္ေရာက္ေလ့လာခြင့္နဲ႔ လုပ္ငန္းမ်ား အျမန္ဆုံး ျပန္လည္စတင္ႏိုင္ေရးအတြက္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္မည္ျဖစ္ၿပီး အက်ဥ္းေထာင္ေတြက အက်ဥ္းသားေတြနဲ႔ မိသားစုမ်ားျဖစ္ႏိုင္သမွ်ျမန္ျမန္ ျပန္လည္ေတြ႕ဆုံႏိုင္ဖို႔ ဆက္လက္တိုက္တြန္းေဆာင္႐ြက္သြားဖို႔ရွိေနပါတယ္။
နစကဥကၠ႒ႏွင့္ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီ ေကာ္မတီ (ICRC) ဥကၠ႒ မစၥတာ Peter Maurerတို႔ ၂၀၂၁ ခုႏွစ္ ဇြန္လ ၃ ရက္ေန႔တြင္ ေနျပည္ေတာ္၌ ေတြ႕ဆုံၾကစဥ္။ Photo: MNA