Thursday, February 13, 2025

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်

ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်ကြောင်းမြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်း...

စာမေးပွဲဖြေဆိုရန် စာသင်ခုံများသယ်ရန်သွားသည့်ကားကို လက်နက်ကိုင်အဖွဲ့က မိုင်းဖြင့်ဖောက်...

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၁ ရက်က စာမေးပွဲဖြေဆိုရန် စာသင်ခုံများသယ်ရန်သွားသည့်ကားကို လက်နက်ကိုင်အဖွဲ့မှ မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်း သားကလေးငယ်(၂)ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ...

BGF က ကျားဖြန့်နှင့် လူမှော-င်ခို...

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) က မြဝတီဒေသအတွင်း ကျားဖြန့်နှင့် လူမှော-င်ခိုပ‌ပျောက်ရေး နှိမ်နင်းရန် ယနေ့ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် အထူးအဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယနေ့...

ရွှေစက်တော်ဘုရားပွဲသို့ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ဟု ဂေါပကပြော

မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကု မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော်သို့ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါ ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်တွင်...
HomeNewsLocal Newsအက်တမ် (ATOM) အသုံးပြုသူ...

အက်တမ် (ATOM) အသုံးပြုသူ Customer များ ကျန်းမာရေးဆွေးနွေးတိုင်ပင်မှု
အခမဲ့ရယူနိုင်ရန်အတွက် ‘၇၈၈၇’ သို့ဖုန်းခေါ်နိုင်

အက်တမ် (ATOM) သည် Trust Oo Co., Ltd နှင့်အတူပူးပေါင်းကာ အက်တမ် (ATOM) အသုံးပြုသူ Customer များအတွက် အွန်လိုင်းမှတစ်ဆင့် အခမဲ့ ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှု အကြောင်းအရာနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်စေရန် ရည်ရွယ်ပြီး Telemedicine Campaign အစီအစဉ်တစ်ခု စတင်ခဲ့ကြောင်း ၎င်းတို့၏ သတင်းထုတ်ပြန်ချက်မှတစ်ဆင့် သိရှိရသည်။

မေလ (၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ (၅) လတာကြာမြင့်မည့် ကမ်ပိန်းကာလအတွင်းမှန်ကန်တိကျသော ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်မှုများအတွက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အက်တမ် (ATOM)အသုံးပြုသူ Customer များသည် ၎င်းတို့၏ အက်တမ် (ATOM) ဖုန်းနံပါတ်ဖြင့် ‘၇၈၈၇’ သို့ (၂၄) နာရီ၊ (၇)ရက်ပတ်လုံး အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုပြီး အွန်လိုင်းမှ တစ်ဆင့် ကျန်းမာရေးဆိုင်ရာဆွေးနွေးဝန်ဆောင်မှုများကိုတစ်မိနစ်ခန့်ရယူရုံဖြင့် အက်တမ် (ATOM) အသုံးပြုသူ Customer များကို မေတ္တာဆုလက်ဆောင်များပေးအပ်သွားမည်ဖြစ်သည်။

အက်တမ် (ATOM) နှင့် Trust Oo သည် လတိုင်း ကံထူးရှင် (၁၁) ဦးကို ရွေးချယ်သွားမည်ဖြစ်ပြီး(ကမ်ပိန်းကာလ ၅ လအတွင်း စုစုပေါင်း ကံထူးရှင် ၅၅ ဦး) ထိုကံထူးရှင်များသည် ကျန်းမာရေးဖြည့်စွက်စာများ၊မိုဘိုင်းဖုန်းများ၊ မိသားစုကျန်းမာရေးအတွက် Oximeter၊ သွေးပေါင်ချိန်စက်၊ အဖျားတိုင်း သာမိုမီတာ၊ရှေးဦးသူနာပြုဆေးဝါးများနှင့် ပေါင်ချိန်စက်တို့ပါဝင်သည့် ဆေးသေတ္တာဘူးများစသည့် မေတ္တာဆုလက်ဆောင်များကို ရရှိသွားမည်ဖြစ်သည်။

ကျန်းမာရေးနှင့် ပတ်သက်ပြီး ငွေကြေးပိုင်းဆိုင်ရာ အကျပ်အတည်းကြုံတွေ့နေပါက ‘၇၈၈၇’ ကိုခေါ်ဆိုပြီးအထူးဆေးဝါးကုသမှု အထောက်အပံ့ရယူရန် အတွက် စာရင်းပေးသွင်းနိုင်ပါသည်။ ယခုအစီအစဉ်သည်ကမ်ပိန်းကာလအဆုံးတွင် အက်တမ် (ATOM) အသုံးပြုသူ Customer (၂) ဦးအတွက် တစ်ကြိမ်စီအထူးဆေးဝါးကုသမှု အထောက်အပံ့များ ပေးအပ်သွားမည့်အစီအစဉ်ဖြစ်ပါသည်။
ယခုအစီအစဉ်တွင်ပါဝင်လိုပါက အက်တမ် (ATOM) အသုံးပြုသူ Customers များသည် ကမ်ပိန်းကာလအတွင်းမည်သည့်လတွင်မဆို ‘၇၈၈၇’ သို့ အနည်းဆုံး ဖုန်း (၃) ကြိမ်ခေါ်ဆိုရပြီး တစ်မိနစ်ကြာ အမှန်စင်စစ်ကျန်းမာရေးတိုင်ပင်ဆွေးနွေးမှု ရယူရမည်ဖြစ်သည်။

ငွေရေးကြေးရေးခက်ခဲနေမှုနှင့် ဆေးခန်းပြရန်လိုအပ်သည့် အခြေအနေပေါ်တွင် မူတည်ပြီး အထူးဆေးဝါးကုသမှုအထောက်အပံ့ ရရှိနိုင်မည့်သူ (၂) ဦးကို ဂရုတစိုက် စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။ ကံထူးရှင်များကိုမြန်မာငွေကျပ် သိန်း ၅၀ နှင့် ညီမျှသောဆေးကုသခွင့် ပေးအပ်သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူပေါင်း ၁၃၀,၀၀၀ ကျော်အတွက် အခမဲ့ ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများကိုပေးအပ်သွားနိုင်ဖို့ မြန်မာငွေကျပ် ၁၁၆ သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်သည်။

အက်တမ် (ATOM) နှင့် Trust Oo ပူးပေါင်း၍ ပေးအပ်လျက်ရှိသော အွန်လိုင်းမှ တစ်ဆင့်
ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှုတွင် ရောဂါလက္ခဏာအခြေခံ တိုင်ပင်ဆွေးနွေးခြင်း၊ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး၊ အလှအပနှင့် ကျန်းမာရေး လူနေမှုပုံစံ၊ နှိုင်းယှဉ်ဝေဖန်မှုများမရှိသော ဆွေးနွေးအကြံပေးနားထောင်မှု၊နေ့စဉ် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များ၊ ဆေးရုံနှင့် ဆေးခန်း လမ်းညွှန်များအစရှိသည့် ကျန်းမာရေးဆိုင်ရာတိုင်ပင်ဆွေးနွေးမှုများစွာ ပါဝင်သည်။ ဆရာဝန်နှင့်လူနာကြားမှ ဆွေးနွေးမှု လျှို့ဝှက်ချက်ကို တင်းကြပ်စွာစောင့်ထိန်းထားလျက်ရှိပြီး ဆေးမှတ်တမ်းများကိုလည်း Trust Oo မှ အပြည့်အဝကာကွယ်ထားသည်။လစဉ်မဲနှိုက်ရွေးချယ်ထားသော ကံထူးရှင်များနှင့် အထူးဆေးဝါးကုသမှု အထောက်အပံ့ရရှိသူများကို အက်တမ်(ATOM) နှင့် Trust Oo Co., Ltd တို့၏ Facebook စာမျက်နှာများတွင် ကြော်ငြာပေးသွားမည်ဖြစ်ပြီး Trust Ooကုမ္ပဏီမှလည်း တိုက်ရိုက် ဆက်သွယ်အကြောင်းကြားပေးမည်ဖြစ်သည်။

ကမ်ပိန်းအကြောင်းအရာနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက ယခုလင့်ခ်တွင် www.atom.com.mm/my/about/telemedicine ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်

ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းစတင် တင်ပို့နေပြီဖြစ်ကြောင်းမြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်း တင်ပို့ရာ၌ ဖေဖော်ဝါရီလ (၁) ရက်မှ စတင်ကာ ဩဂုတ်လကုန်အထိ (၇) လ ကာလအတွင်း အခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း သိရသည်။ ယခုနှစ်တွင် ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံပြီးမှ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ယခင် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း၌ ပြောင်းတန်ချိန် (၁.၁၁)သန်း...

စာမေးပွဲဖြေဆိုရန် စာသင်ခုံများသယ်ရန်သွားသည့်ကားကို လက်နက်ကိုင်အဖွဲ့က မိုင်းဖြင့်ဖောက် ခွဲတိုက်ခိုက် ကျောင်းသားကလေးငယ်(၂)ဦးဒဏ် ရာရ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၁ ရက်က စာမေးပွဲဖြေဆိုရန် စာသင်ခုံများသယ်ရန်သွားသည့်ကားကို လက်နက်ကိုင်အဖွဲ့မှ မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်း သားကလေးငယ်(၂)ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၁ ရက်မွန်းတည့် ၁၂ နာရီခန့်က မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာရှိ အ.ထ.က (တုံးဗျောကြီး)မှ မူလတန်းပြဆရာ(၁)ဦးနှင့် ကျောင်းသား(၆)ဦးတို့သည် စာမေးပွဲများဖြေဆိုရန်လိုအပ်သည့် စာသင်ခုံများသယ်ယူရန် တောင်ဖီလာကျေးရွာရှိ အ.ထ.က(တောင်ဖီလာ)သို့ ကား (၁)စီးဖြင့် ထွက်ခွာလာခဲ့ကြကြောင်း သိရသည်။ ထိုသို့ ထွက်ခွာလာစဥ် တောင်ပုကျေးရွာအနီးအရောက် လက်နက်ကိုင်အဖွဲ့ဝင်များက မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် လိုက်ပါလာသည့် မူ လတန်းပြဆရာနှင့် ကျောင်းသားများအနက်...

BGF က ကျားဖြန့်နှင့် လူမှော-င်ခို ပ‌ ပျောက်ရေး နှိမ်နင်းရန် အထူးအဖွဲ့ ဖွဲ့စည်း

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) က မြဝတီဒေသအတွင်း ကျားဖြန့်နှင့် လူမှော-င်ခိုပ‌ပျောက်ရေး နှိမ်နင်းရန် ယနေ့ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် အထူးအဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယနေ့ ကျားဖြန့်နှင့် လူမှေ-ာင်ခိုပ‌ပျောက်ရေး နှိမ်နင်းရန်အတွက် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့က အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ဖွဲ့စည်းရာ၌ ကြီးကြပ်ရေးနှင့်ပြန်လည်ပို့ဆောင်ရေး အဖွဲ့(၄)ဖွဲ့ခွဲ၍ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကာ ၊ အဖွဲ့(၁)တွင် ဗိုလ်မှူးကြီး စောဒိဒိ ခေါင်းဆောင်သည့် အဖွဲ့ဝင် (၇)ဦး၊ အဖွဲ့(၂)တွင် ဗိုလ်မှူးကြီးစောဆန်းလင်း ခေါင်းဆောင်သည့် အဖွဲ့ဝင်(၇)ဦး၊ အဖွဲ့(၃)တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071