Friday, July 11, 2025

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက်...

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု...

အသက် (၁၉)နှစ်အရွယ် Grade 12...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ...

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...
HomeCelebrities' Newsအက်ရှင်ဇာတ်ကား ရိုက်ကူးရတာ ကျွန်တော့်အကြိုက်တစ်ခုလို...

အက်ရှင်ဇာတ်ကား ရိုက်ကူးရတာ ကျွန်တော့်အကြိုက်တစ်ခုလို ဖြစ်နေပါတယ် ခါရာ

ဇာတ်လမ်းတွဲကိုစောင့်ကြည့်အားပေးကြတဲ့ ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့တဲ့ ‘မနေ့က ဖြစ်သည်’ ဇာတ်လမ်းတွဲရဲ့ ဒုတိယ ပိုင်း Season-2 ကိုတော့ အခုပုံဖော်နေပါတယ်။ Season-2 မှာတော Season-1မှာ ပါဝင်ထားတဲ့ အေးမြတ်သူပဲ ပြန်လည် ပါဝင်ပြီး သရုပ်ဆောင်အသစ်၊ ကာရိုက်တာအသစ်ကို ထည့် သွင်းထားတာတွေ့ရပါတယ်။ ရဲမှူးတစ်ယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်တဲ့ ခါရာကလည်းဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်လို့

“ကျွန်တော်ကတော့ ဒီဇာတ်လမ်းတွဲမှာ ထူးထူးခြားခြား ကာရိုက်တာလေးနဲ့ သရုပ်ဆောင်ထားပါတယ်။ ပုံမှန်လုပ်နေကျ ကာရိုက်တာမဟုတ်တဲ့ စီအိုင်ဒီဘက်က ဒုရဲမှူး၊ နေပြည် တော်ကနေရန်ကုန်ဘက်ကို အမှုတွဲ တစ်ခုစုံစမ်းဖို့ ရောက်လာ တဲ့ပုံစံနဲ့ပါ။ ‘မနေ့ကဖြစ်သည်’ Season-2 က အက်ရှင်ကို အခြေခံပြီး ရိုက်ကူးတဲ့ ဇာတ်ကားဆိုတော့ ကိုယ်ခံပညာပိုင်း ကို အဓိကထားလေ့ကျင့်ရတယ်။ အရင်ကလည်း ကျွန်တော်က ကိုယ်ခံပညာပိုင်းဆိုင်ရာကို လေ့လာထားတဲ့အတွက် ဒီဇာတ်ကား အတွက်တော့ အဆင်ပြေပါတယ်။ ကျွန်တော်ပုံမှန်သွားနေတဲ့ အက်ရှင် ဒရာမာပုံစံနဲ့လည်း ကိုက်ညီတဲ့ အတွက် အဆင်ပြေပါတယ်။ လုပ်နိုင် မယ်လို့လည်း ယုံကြည်ပါတယ်” လို့ ခါရာကပြောပြပါတယ်။

အက်ရှင်ဇာတ်ကားတွေကိုပဲ တောက်လျှောက် ရိုက်ကူးဖြစ်တယ် ဆိုတဲ့ခါရာက သရုပ်ဆောင်ပိုင်းနဲ့ ပက်သက်ပြီး ပရိသတ် တွေရဲ့ င်္နနိဘခေုကို နားထောင်ချင်ပါ တယ်လို့ဆိုပါ တယ်။ ဟာသပုံစံ အရိုက်နည်းတဲ့ ခါရာအတွက် အက် ရှင်ရိုက်ကူးရတာ အကြိုက်ဆုံးပဲလို့ ဆိုပါတယ်။

“ကျွန်တော့်ကို ပရိသတ်တွေက အက် ရှင်နဲ့ မမြင်ရင် ဒရာမာနဲ့ပဲ မြင် ကြမှာပါ။တော်တော်များများက Company ရဲ့ Trend  အတိုင်းသွား တဲ့အတွက် တော်တော် များများက ဟာသပုံစံဘက်ကို သွားကြတာ များတယ်။ ရိုမန့်စ်နဲ့ ဟာသနဲ့ရောတယ်။ ဟာသနဲ့ သရဲဇာတ်လမ်း ပုံစံမျိုးတွေရော တာများတယ်။ ဒီလိုဟာသဘက်ကို သွား ကြတာများကြပေမယ့် ကျွန်တော်ကတော့ အက်ရှင်ဘက်ပဲ သွားတာများတယ်။ လက်ရှိမှာ ကျွန်တော် ရိုက်ကူးထားတဲ့ ရုပ်ရှင် ဇာတ်ကားတွေကလည်း ရုံတင် ဖို့စောင့်နေတုန်းဆိုတော့ ရုံတင်ပြသတဲ့ အခါကျရင်တော့ ပရိသတ်တွေရဲ့  Feedback ကိုစောင့်ပြီး နားထောင် ရမှာပါပဲ။ ကျွန်တော့်အတွက်က လည်း အက်ရှင်ဇာတ်ကား ရိုက်ကူး ရတာ ကျွန်တော့်အကြိုက်တစ်ခုလို ဖြစ်နေပါတယ်။ နောက်ထပ်လည်း ဒါရိုက်တာစတီးလ် ရိုက်ကူးတဲ့ ‘အဆိပ်ရှိလူရိုင်း’ဆိုတဲ့ ဇာတ် ကားကြီး ကို ကျွန်တော်အားကျ ရတဲ့ သရုပ်ဆောင် ကိုနိုင်းနိုင်း နဲ့ပဲ ဖိုက်တင်ပုံစံ ရိုက်ကူးထား ပါတယ်”လို့ ခါရာက ပြောပြ ပါတယ်။

ပရိသတ်တွေသိပြီးဖြစ်တဲ့ နိုရာကိုနဲ့ ခါရာတို့ရဲ့ လတ် တလော အချစ်ရေးကတော့

“ကျွန်တော်တို့ရဲ့ လတ်တလော အချစ်ရေးက ငုံးဥစားလို့ ရန်ဖြစ် လိုက်ပါပဲ (ရယ်လျက်)” လို့ ပွင့်ပွင့်လင်း လင်း ပြောပြပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ – အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071