ကလေးသရုပ်ဆောင် တစ်ဦး အဖြစ် အနုပညာလောကကို ဝင် ရောက်လာတဲ့ သရုပ်ဆောင်အိစိကွေး ကတော့ လက်ရှိမှာ အနုပညာဝမ်းစာ အပြည့်နဲ့အနုပညာအလုပ်တွေ ဆက် တိုက်လုပ်ကိုင်လျက်ပါပဲ။ သူကတော့ လတ်တလောမှာ ဒါရိုက်တာ ဇမ္ဗူ ထွန်းသက်လွင် ရိုက်ကူးနေတဲ့ ‘တု နှိုင်း မရတဲ့မေတ္တာ’ ရုပ်သံဇာတ်လမ်း တွဲမှာ ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ် ဆောင်မှု နဲ့ပတ်သက်ပြီး…
”ဒီဇာတ်လမ်းတွဲမှာ အိစိပါဝင်ရမယ့် ကာရိုက်တာက ချမ်းသာတဲ့ ကောင်လေးတစ်ယောက်ပေါ့။ ဒါပေမဲ့ မွေးစားသားနဲ့ သားအရင်း ပြဿနာတက်တဲ့အချိန်မှာ အိမ်ပေါ်က ဆင်းလာရတယ်။ နောက်ပိုင်းမှာတော့ ကိုယ့်ကို ဒုက္ခတွင်းထဲက ကယ် ခဲ့ပြီး မွေးစားခဲ့ တဲ့အတွက် ကျေးဇူး ဆပ်တယ်ပေါ့။ ဘယ်လိုပုံစံနဲ့ ကျေးဇူး ဆပ်တယ်ဆိုတာကိုတော့ ဒီဇာတ် လမ်းတွဲပြတော့မှပဲ ကြည့်စေ ချင်ပါတယ်။ ကြိုတင်ပြင်ဆင်မှုအပိုင်း ကတော့ အဝတ်အစားတွေ ပြင်ဆင်ထားတယ်။ ကာရိုက်တာပိုင်းကတော့ တအားကြီး ခက်ခဲတာတွေ မပြောသေးဘူး။ မေးပြီးတော့ ပြင်ဆင်သွား ရမှာပေါ့။ ဇာတ်လမ်းတွဲကတော့ အရင်ကလည်း ရိုက်ကူး ဖူးပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ငါးကား မြောက် ဖြစ်မယ် ထင်ပါတယ်” လို့ အိစိကွေးက ပြောပါတယ်။
ကလေးသရုပ်ဆောင်အဖြစ်ကနေ တက် လှမ်းလာခဲ့တဲ့ သူ့အနေနဲ့ အခုအချိန်မှာ ကာရိုက် တာ ရွေးချယ်ရာမှာ အခက်အခဲတွေ ရှိနေလားလို့ ဆက် လက်မေးမြန်းခဲ့ရာ …
”အခက်အခဲကတော့ မဖြစ်ပါ ဘူး။ ဒီအရွယ်မှာ ကာရိုက်တာကတော့ နည်းနည်းရှား တယ်။ ဒါပေမဲ့ ကိုယ့်ဆီလာတဲ့ ကာရိုက်တာတွေက လည်းကောင်းတယ်။ သရုပ်ဆောင် တစ်ယောက် ဖြစ်တဲ့အတွက် ကျရာဇာတ်ရုပ်ကိုတော့ တာဝန်ကျေအောင်သရုပ်ဆောင်ရမှာပဲလေ။ ဘယ်လို ကာရိုက် တာပဲလာလာ အိစိကတော့ သရုပ်ဆောင် ဖို့အသင့် ပါပဲ။ အခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ‘ဒုဋ္ဌဝတီ ကိုလွန်၍’ ဇာတ်ကားတို့ဆို အရမ်းမိုက် တယ်။ အဲဒီလို ဇာတ်ကားမျိုးတွေ တအားရိုက်ချင်တယ်”လို့လည်း အိစိကွေးက ပြောပြခဲ့ပါတယ်။
သတင်း၊
ဓာတ်ပုံ – ဇော်ဝင်းအောင်