Thursday, August 13, 2026

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်...

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင်...

အမေရိကနှင့် စစ်ဘက်ဆက်ဆံရေးကို ကုန်သွယ်ရေးဆွေးနွေးမှုတွင် အားသာချက်အဖြစ်...

အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားသာချက်အဖြစ် အသုံးချရန် စီစဉ်ထားသည်ဟူသော သတင်းများကို ထိုင်းအစိုးရက ငြင်းဆိုလိုက်ပြီး ဆွေးနွေးပွဲများသည် နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွား၊...
HomeNewsLocal Newsအကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် အိန္ဒိယနိုင်ငံသို့...

အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် အိန္ဒိယနိုင်ငံသို့ မြန်မာ့ပြောင်းများ စတင်တင်ပို့နေ

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံထံမှ ပြောင်းများကို အကောက်ခွန်ကင်းလွတ် သက်သာခွင့်ပြုလျက် တင်သွင်းခြင်းအား စတင်ဆောင်ရွက်ခဲ့ရာ အနည်းဆုံးသင်္ဘော ၃ စီးခန့် တမီနာဒူပြည်နယ် Thoothukudi မြို့ရှိ VO Chidambaranar ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ဇူလိုင်လကုန် အထိ နောက်ထပ် ပြောင်းသင်္ဘောများ ထပ်မံဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

တမီနာဒူပြည်နယ် ဥစားကြက်လုပ်ငန်းရှင်များ ဈေးကွက်မြှင့်တင်ရေးအသင်းအဖွဲ့ (PFMS) ၏ ဥက္ကဋ္ဌဖြစ်သူ Vangili Subramanian ကမြန်မာနိုင်ငံထံမှ အစေ့ထုတ်ပြောင်းများ တင်ဆောင်လာသော သင်္ဘော (၃) စီး အိန္ဒိယဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီးဖြစ်ပြီး စာချုပ်ချုပ်ဆိုထားမှုအရ နောက်ထပ်သင်္ဘော (၁၀) စီးထပ်မံ ဝင်ရောက်လာမည်ဖြစ်ကြောင်း The Hindu Business Line သို့ ဖြေကြားထားသည်။

ကနဦးအစပိုင်း စာချုပ်ချုပ်ဆိုချိန်၌ မြန်မာပြောင်းများအား ဝယ်ယူတင်သွင်းသည့် ဈေးနှုန်း မှာ (၁)တန်လျှင် (၂၆၈) ဒေါ်လာဖြစ်သော်လည်း ယခုအခါ ဈေးနှုန်းများမှာ မြင့်တ က် လျက်ရှိပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံထံမှ ပြောင်းတင်ပို့မှု တစ်ကြိမ်အတွက်သာ ဝယ်ယူရန်စာချုပ်ချုပ်ဆိုထားကြောင်းဖြင့် သိရသည်။

ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ် ထည့်သွင်းစဉ်းစားမှုအရမြန်မာနိုင်ငံထံမှ တင်သွင်းသောပြောင်းများသည် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိကြောင်း ၊ ပြောင်းကို အခြားပင်ရင်းဒေသနိုင်ငံထံမှ တင်သွင်းခြင်းဖြစ်ပါက အိန္ဒိယအကောက်ခွန်ဌာနသည် အကောက်ခွန် ၆၀% အပြင် စုပေါင်းကုန်စည်နှင့် ဝန်ဆောင်မှုအခွန် ၅% နှင့် လူမှုဖူလုံရေးထပ်ဆောင်းအခွန် ၁၀ % တို့ကိုလည်း စည်းကြပ်မည်ဖြစ်သည်။

သို့ရာတွင် ဗဟိုအစိုးရသည် ကန့်သတ်အကောက်ခွန်နှုန်းဖြင့် တင်သွင်းခွင့်ကိုတာ သတ်မှတ်ချက် (Tariff Rate Quota – TRQ) စနစ်အောက်တွင် အစေ့ထုတ်ပြောင်းအား အကောက်ခွန် ၁၅% ဖြင့် တင်သွင်းပြုထားပြီး ၂၀၂၀ ပြည့်နှစ်၌ TRQ စနစ်ဖြင့် ပြောင်းတန်ချိန် ၅ သိန်းကို တင်သွင်းခွင့်ပြုခဲ့သည်။

ကော်မှုန့်အဖြစ် ပြုပြင်ထုတ်လုပ်ပြီး ပြည်ပသို့ပြန်လည်တင်ပို့ပါက စာချုပ်ချုပ်ဆိုထားရှိမှုအရ တန်ချိန် (၃) သိန်းအထိ တင်သွင်းဖွယ်ရှိသော အစေ့ထုတ်ပြောင်းများမှာ အကောက်ခွန်ကင်းလွတ်သက်သာခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပထမအသုတ် တင်သွင်းလာသော ပြောင်းများသည် ကော်မှုန့်ထုတ်လုပ်ရန်အတွက်ဖြစ်ပြီး ဒုတိယအသုတ် တင်သွင်းမည့်ကုန်စည်များမှာမူ အီသနောလောင်စာထုတ်လုပ်ရန်အတွက်ဖြစ်ကြောင်း အိန္ဒိယ အစိုးရအရာရှိတစ်ဦးက ပြောကြားထားသည်။

Ref : The Hindu Business Line

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅ ရက် ဆိုပြီးလုပ်တာ။ ကျောက်တံတားမြို့နယ်ထဲက ဆိုင်တွေ မဟုတ်ဘူး။ လမ်းဘေးမှာရောင်းချနေတဲ့ ဆိုင်တွေ။ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတော့ ကူးစက်မှု မရှိအောင်လို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ပေါ့" ဟု ဦးသိန်းနိုင်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၂ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား စုဝေးကြည့်ရှုခဲ့ကြသည်။     လသည် ကမ္ဘာနှင့် နေအကြား ရောက်ရှိသွားချိန်တွင် နေ၏ မြင်ကွင်းကို ပိတ်ဆို့သွားသောအခါ နေကြတ်ခြင်းဖြစ်ပေါ်သည်။ ဗုဒ္ဓဟူးနေ့တွင် လူပေါင်း တစ်ဘီလျံခန့်သည် ကောင်းကင်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း မှောင်မိုက်သွားသည့် ရှားပါးဖြစ်စဉ်တစ်ခုကို ကြုံတွေ့ခံစားခဲ့ရသည်။      စပိန်၊ ပေါ်တူဂီ၏ ဒေသအချို့၊ ဂရင်းလန်း၊ အိုက်စလန်နှင့် ရုရှားမြောက်ပိုင်းတို့သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ဥရောပတိုက်တွင် ပထမဆုံးအကြိမ်...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။         အီရန်နှင့် တင်းမာမှုများမြင့်တက်နေချိန်တွင် နေတိုးထိပ်သီးအစည်းအဝေးအတွက် ထရမ့်ပ်၏ အန်ကာရာခရီးစဉ် နောက်ဆုံးနေ့တွင် ယင်းခြိမ်းခြောက်မှု အန္တရာယ်ပေါ်ပေါက်ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ခြိမ်းခြောက်မှုသည် ယုံကြည်လောက်ဖွယ်ရှိကာ နီးကပ်လာပြီဟု လျှို့ဝှက်ထောက်လှမ်းရေးက ယူဆသဖြင့် အမေရိကန်သမ္မတ၏ လှုပ်ရှားမှုများကို ဖုံးကွယ်ရန် အထူးစစ်ဆင်ရေးတစ်ခုကိုလုပ် ဖြ‌ေဆာင်ခဲ့သည်။     ထောက်လှမ်းရေးသတင်းသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သတင်းရင်းမြစ်က ပြောကြားရန် ငြင်းဆိုခဲ့သော်လည်း အရာရှိများအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071