လျှပ်စစ်ကား (EV) များအတွက် အိမ်တွေမှာတပ်ဆင် အသုံးပြုနိုင်သည့် အိမ်သုံး အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ အားသွင်းစက် 7KW GB AC Charger (၅) ခုကို Chin Dwin Shan ကုမ္ပဏီက တင်သွင်းခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း နေပြည်တော်နှင့် ရန်ကုန်တို့တွင် လျှပ်စစ်ကား Charging Station များတွင် အသုံးပြုရန် အားသွင်းစက်များ ရောက်ရှိလာပြီးဖြစ်သည်။ ယခုအခါ အိမ်သုံးအားသွင်းစက်တွေကိုပါ ထပ်မံ တင်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ EV အားသွင်းစက်များတင်သွင်းမှုကို ပြည်တွင်းလျှပ်စစ်သုံးယာဉ်ကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားပြီး တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။
