အကယ်ဒမီဆု ချီးမြှင့်ရန်အတွက် ဇာတ်ကား (၁၈) ကားကို ဒုတိယအကြိမ် အကဲဖြတ်ကြည့်ရှုနေကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။
ဒုတိယအကြိမ် အကဲဖြတ်ပြီး ပြန်လည်ကြည့်ရှုမည့် ဇာတ်ကားများသည် (၁)မရဲ့အေးခဲသွားကြသူများ၊ (၂)ဖုန်းရွှေ၊(၃)ဘိုးတော်ကင်း၊ (၄) အရက်စက်ဆုံးအနမ်း၊(၅)သံယောဇဉ်တွေသာ ကျ-ည်ဆန်ဖြစ်ခဲ့ရင်၊ (၆) ယောက်ကျားကောင်း အတောင်နှစ်ဆယ်၊(၇)တခုတ်တရ၊ (၈)အစိုးမရ အနတ္တ၊(၉) စိတ်ကကြိုး၊ (၁၀)နှောင်၊ (၁၁)သဘင်သည် မြနှင်းဆီ၊ (၁၂) အိပ်မက်ကာရန်၊ (၁၃)မီး၊ (၁၄)ချစ်သူသည်သာ ပန်းတစ်ပွင့်ဖြစ်လျှင်၊ (၁၅) နို့ထမင်း၊ (၁၆)တိမ်ပန်းချီ၊ (၁၇)မိတင်စိန်၊(၁၈)မေတ္တာ ဆိုသည့် ဇာတ်ကားများ ဖြစ်ကြသည်။
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို လာမည့်နှစ် ဖေဖော်ဝါရီ (၉) ရက်၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
လာမည့် အကယ်ဒမီပေးပွဲ၌ အကယ်ဒမီရွှေစင်ရုပ်တု (၁၅) ဆုချီးမြှင့်ထားရန် ရည်မှန်းထားပြီး ပြီးခဲ့သည့် နှစ်တွင်လည်း ရုပ်ရှင်တစ်သက်တာဆု(၃)ဆုနှင့် အကယ်ဒမီဆု(၁၂)ဆုစုစုပေါင်း(၁၅)ဆုချီးမြှင့်ခဲ့သည်။