
နေသည် သစ်ပင်အနည်းငယ် နှင့် ပန်းပွင့်အနည်းငယ်အတွက် ထွက်ပေါ်ခြင်းမဟုတ်ပေ။ တစ်ကမ္ဘာ လုံး ပျော်ရွှင်ရန်အတွက်ထွက်ပေါ် ခြင်းဖြစ်သည်။ (Beecher)
ကမ္ဘာကြီးတစ်ခုလုံးမှာရှိတဲ့ အနုပညာရပ်အားလုံးသည် သန်းထောင်ပေါင်းရှိတဲ့ ပြည်သူတစ်ရပ်လုံးကို နိုးကြားရှင်သန်ထက်မြက်စေ၏။ အနုပညာသည် မဟောင်းနွမ်းပါ။ မဆင်းရဲပါ။ မတိမ်ကောပါ။ အဘယ်ကြောင့်ဆိုသော် အနုပညာသည် ကမ္ဘာကြီးကို သယ်ဆောင်သွားနေခြင်းကြောင့်ဖြစ်သည်။
Hollywood၊ Bollywood၊ Kollywood ဟောင်ကောင်၊ တရုတ်အစရှိတဲ့ နိုင်ငံကြီးတွေမှာ အနုပညာလုပ်ငန်းများသည် ကမ္ဘာကို လွှမ်းမိုးထားနိုင်ပြီဖြစ် သည်။ ထိုနိုင်ငံများမှ ရုပ်ရှင်လုပ်ငန်းသည် တိုင်းပြည်၏ စီးပွားရေးမဏ္ဍိုင်တစ်ရပ်ဖြစ်လာသည်။ သို့နှင့်အမျှ ကမ္ဘာကြီးကို စိုပြည်စေခဲ့သည်။ ရုပ်ရှင်သည် ပြည်သူအပေါ်အလွှမ်းမိုးဆုံး၊ သြဇာအညောင်းဆုံးဟု ပညာရှိများကဆိုကြသည်။ တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေးစသည်တို့အတွက် ရုပ် ရှင်မှ ထောက်ညွှန်ပြနေခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရာ ရောက်ပေသည်။ အစိုးရတို့သည်ပင်လျှင် ရုပ်ရှင်ကို ဤသို့အခွင့်အလမ်း ပေးထားသည်။ အခွင့်အရေးမပေးပါက အရည်အချင်းတို့သည်လည်း အရာမရောက်နိုင်ပေ။ ကျွန်တော်တို့ မြန် မာ့ရုပ်ရှင်သည် ယနေ့တိုင် ဆင်းရဲနေဆဲဖြစ်သည်။ ကျွန်တော်တို့မှာ အခွင့်အလမ်းမရှိပါ။
ဥပမာ … ကျွန်တော်တို့ လာဘ်စားမှုကို ရိုက်ကူးပြချင်သည်။ အပြင်မှာလည်း အမှန်တကယ်ရှိနေ၊ ဖြစ်နေသည်။ ရိုက်ကူးသည့် အဆင့် ပင်မရှိ၊ ဇာတ်လမ်းခွင့်ပြုချက်မှာပင် အပယ်ခံရမှာ အသေအချာပင်ဖြစ် သည်။ ဇာတ်လမ်းတွင် ပါးလျားစွာတင်ပြထားပြီး ရိုက်ကူးပြပါက ဌာနဆိုင်ရာ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည်ဟုဆိုကာ တရားစွဲခံရမည် ဖြစ်သည်။
Bollywood အိန္ဒိယရုပ်ရှင်တွင် ဌာနဆိုင်ရာဝန်ထမ်းများ အကျင့်ပျက်မှု၊ လာဘ်စားမှုများကို ပေါ်ပေါ်ထင်ထင် ရိုက်ကူးပြနေခြင်းဖြင့် တိုင်းပြည်၏ပြုပြင်ပြောင်းလဲမှုများတွင် အရေးပါစေခဲ့သည်။ တိုးတက်မှု အရှိန်ကို မြှင့်တင်စေခဲ့သည်။ လူတိုင်းသည် အရှက်တရား၏ တန်ဖိုးကို နားလည်စေခဲ့သည်။ ကျွန်တော်တို့၏ အနုပညာသည် ယနေ့တိုင် ကြိုးတုပ်ခံထားရသည်။ သို့အတွက် ကျွန်တော်တို့ တဝဲလည်လည် ရုပ်ရှင်ဖြစ်နေရသည်။ တချို့ ဌာနဆိုင်ရာများတွင် မူဝါဒ အဟောင်း များ လက်ကိုင်သုံးနေဆဲ ဖြစ်သည်။ လွတ်လပ်စွာဖန်တီးခွင့်မရလျှင် ကျွန်တော်တို့ ရုပ်ရှင်သည် မဲပြာပုဆိုး မုန့်လုံးစက္ကူကပ်နေဦး မည်ဖြစ်သည်။ သို့အတွက် ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်အကယ်ဒမီပွဲကြီးသည် နိုင်ငံတကာစံနှင့် နှိုင်းယှဉ်မရပါ။ ကမ္ဘာ့နိုင်ငံများက စက်လုပ်ဖြစ်လျှင်၊ မြန်မာကလက်လုပ်ဖြစ်မည်။ မြန်မာ့ နည်း၊ မြန်မာ့ဟန်ပေါ့။ သို့သော် ကျွန်တော်တို့ အားမလျော့၊ မာန်မလျော့ပါ။ လူတိုင်းတွင် နှလုံးသား တစ်ခုသာဖန်ဆင်းရှင်က ပေးထားသည်။ တစ်ကြိမ်သာမွေးပြီး၊ တစ်ခါ သာသေရသည်။ လူချင်းတူပါသည်။ အသက်ရှုချင်းတော့ မတူပါ။
Bollywood သည် ပညာရေးကို အခြေခံခဲ့သည်။ ကျောင်းများတွင် English, Hendi စကားတို့ကို မသင်မနေရပေ။ ထို့ကြောင့် နေရာတိုင်းတွင် အင်္ဂလိပ်စကား အသုံးအနှုန်းကို ကျွမ်းကျင်စွာ သုံးနှုန်းနေကြသည်။ IT ကမ္ဘာကြီးထဲတွင် ဝင်ဆန့်သွားပြီးနောက်၊ ရုပ်ရှင်သည်ကမ္ဘာကို လွှမ်းမိုးလာခဲ့သည်။ သူတို့တွင် အကယ်ဒမီပေးပွဲပေါင်း ၈မျိုးခန့် ရှိသည်။ တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင်လုပ်လေ့ရှိသည်။ ကြီးကျယ်ခမ်းနားကြသည်။ အရာအားလုံးကို ယုံကြည်မှု၊ ဂုဏ်သိက္ခာနှင့် တည် ဆောက်ထားကြသည်။ ကျွန်တော်တို့တွင် အကယ်ဒမီ ပေးပွဲတစ်ပွဲသာ ရှိသည်။ ယုံကြည်မှုတည်ဆောက် နေဆဲဖြစ်သည်။ ဂုဏ်သိက္ခာမြှင့် တင်နေဆဲဖြစ်သည်။ အမှားအယွင်း၊ အားနည်းချက်တချို့ ရှိနေဆဲဖြစ်သည်။
Bollywood တွင် ၁၉၅ဝခုနှစ် ကျော်က ဇာတ်ကားအရေအတွက် ၁ဝဝဝန်းကျင်ရှိမည်။ ယနေ့ဇာတ်ကား ၈ဝဝ ထွက်ရှိသည်။ ထိုအထဲမှ အကယ်ဒမီကို ရွေးချယ်ခြင်းဖြစ် သည်။ ရွေးချယ်သူတို့၏ ဂုဏ်သိက္ခာ ဖြစ်သလို၊ ဆုရှင်တို့၏ ဂုဏ်သိက္ခာ ကို မုဒိတာပွားကြသည်။ ဇာတ်ကား ၈ဝဝရဲ့ နောက်ဆုံးအဆင့်ကို ရွေးချယ်သူက စွယ်စုံပညာရှင်ကြီး တစ်ဦးသာဖြစ်သည်။ ယခု မြန်မာ့အကယ်ဒမီ၃၃ကားကို နောက်ဆုံး အဆင့်ရွေးချယ်မှာက ပညာသည် ၅ဦး ဆုံးဖြတ်ပေးမည်။ တာဝန်ယူထားသည်။ ဆန်ခါတင် ၁ဝကားထဲမှ ဆုံးဖြတ်ရသည်။
သူတို့တွင် ရုပ်ရှင်အစည်းအရုံး ရှိသည်။ နိုင်ငံတကာဆက်သွယ်ရေး၊ အလွန်အောင်မြင်သည်။ အကယ်ဒမီ ထူးချွန်ဆုကို သူတို့ရုပ်/စည်းက မပေး၊ ပုဂ္ဂလိကများမှ ပြုလုပ်သော ပွဲများကို လိုလေသေးမရှိ ပံ့ပိုးသည်။ အပြိုင်အဆိုင်ရှိလာ၍ တိုးတက်မှုရရှိခဲ့သည်။ SAMSUNG ဆိုလျှင် IIFA Awards ကို ကြိုက်ရာနိုင်ငံတွင် ပြုလုပ်ပေးသည်။ ဈေးကွက်ရှာဖွေရေးအဖွဲ့က ဈေးကွက်နည်းမည်ဟု ယူဆရသည့်နိုင်ငံတွင် ဆောင်ရွက်စေသည်။ Zee Awards လည်း ထို့အတူပင် ဆောင်ရွက်ကျင်းပကြသည်။ DUBIA ဒူဘိုင်းလေကြောင်း နှင့် ကုမ္ပဏီတစ်ခုတွင်လည်း ကျင်းပသည်။ သူတို့ဂုဏ်ယူနိုင်သည်ပေါ့။
မြန်မာ့အကယ်ဒမီကိုလည်း ကုမ္ပဏီကြီးများမှ အပြိုင်အဆိုင် ပြုလုပ်ဆောင်ရွက်သင့်သည်။ ပြည်တွင်းဈေးကွက်များဖို့အရင်လုပ်ရ မည်။ တိုင်းနှင့်ပြည်နယ်ကြီးတွေမှာ လုပ်သင့်သည်။ ဒီတစ်ပွဲ ပုံစံတစ်မျိုးတည်းက ထူးခြားမှုမရှိလှ။ မကြာမီ ရက်ပိုင်းမှာပင် ၂ဝ၁၆ခုနှစ် အကယ် ဒမီပွဲကြီးကို ပြည်သူ့ရင်ပြင်မှာ ကျင်းပတော့မည် ဖြစ်သည်။ တချို့ ခန့်မှန်းတွေထွက်နေပါပြီ။ တွက်နေ ကြသည်။ တချို့လည်းသိနေကြပြီတဲ့။ ဟုတ်မှလုပ်ပါ။ အယောက်၁ဝဝရဲ့ အဖြေက မတ်လ၁၈ရက်နေ့ည ပရိသတ်နဲ့ထပ်တူ ရင်ခုန်ရတော့မှာပါ။ ကျွန်တော်ဆန်ခါတင် ဇာတ် ကား၁ဝကားကို ခန့်မှန်းခဲ့ပြီးပါပြီ။ အကယ်ဒမီသည် အိပ်မက်မဟုတ်ပါ။ ကြိုးစားအားထုတ်မှုဖြင့် ရယူခြင်း ဖြစ်သည်။ ကျွန်တော်အနီးစပ်ဆုံး ဆုရှင်များကို ခန့်မှန်းထားပါပြီ။ ပြောချလိုက်ရင် ရင်ခုန်စရာမရှိတော့ မှာစိုးလို့ပါ။ ဒီနှစ်ကတော့ ထူးကို ထူးခြားပါမည်။ မထင်မှတ်စရာတွေက အနိုင်ယူသွားလိမ့်မည်။ ကျွန် တော်အကယ်ဒမီ Hint ပေးပါမည်။
၁။ ရှုခင်းအလှဧမြမြ
၂။ တယောဟောင်းကပိုချွဲသည်
၃။ ဖူးပွင့်ငုံဝေရွှေရွှေနှင်းဆီ
၎။ စိန်ခဲမြခဲ အကြီးအကဲ
၅။ ဂီတာတစ်လက် သွက်ထက်မြက်
၆။ ရှုပ်ထွေးပွေက အစဆွဲမရ
၇။ ဆိုင်းသံဗုံသံ ကြားရပြန်
၈။ အဖမ်းအတုတ်တော်တာ D ပါဗျာ
၉။ ဝိုင်းတော်သားက ဇာတ်ဆရာ။
ဒါရိုက်တာမောင်ဗေဒါ
