မတ်လအတွင်း ကျင်းပမယ့် အကယ်ဒမီဆုပေးပွဲကလည်း တဖြည်း ဖြည်း နီးကပ်လာပြီဆိုတော့ အေးမြတ်သူတစ်ယောက် ဒီနှစ်မှာလည်း အကယ်ဒမီ ရွှေစင်ရုပ်တုအတွက် ရင်ခုန်နေဦးမလားဆိုတာ မေးမြန်း ဖြစ်ခဲ့ပါတယ်။
“ရင်တော့ခုန်ပါတယ်ရှင့်။ အနားနီးလာလေလေပေါ့။ ပြောရ ရင်တော့ အကယ်ဒမီဟာ အေးမြတ်သူအတွက်တော့ အမြဲတမ်းရင်ခုန် ခွင့်ရတဲ့အရာမဟုတ်ပါဘူး။ နှစ်တိုင်းလည်း ရင်ခုန်ရတာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း ပရိသတ်တွေရဲ့ ချစ်ခြင်းတရားကြောင့် ရင်ခုန် ခွင့်ရခဲ့ပါတယ်။ ဒီနှစ်မှာလည်း ပရိသတ်တွေက ရင်ခုန်ပေးတဲ့အ တွက် အေးမြတ်သူရင်ခုန်ပါတယ် ရှင့်။ အလွန်ကို ရင်ခုန်နေတယ်လို့ပဲ ပြောပါရစေ”လို့ အေးမြတ်သူက ပြောပါတယ်။
၂ဝ၁၈ ခုနှစ်မှာ ရုပ် ရှင်နဲ့ပတ်သက်လို့ သူမနောက်ထပ် မျှော်လင့်တဲ့အရာတစ်ခုရှိပါသေး တယ်။ အဲဒါက … “၂ဝ၁၇ ခုနှစ်မှာ ရိုက်ကူးထားတဲ့ဇာတ်ကားတွေ ရုံတင်ပြသပါမယ်ရှင့်။ အခုလက်ရှိမှာတော့ ‘ကမ္မဖလ’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ရှိပါ တယ်။ ပြီးရင် ဦးစတီးလ်နဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ကူးဖို့ရှိပါ တယ်။ အဓိကကတော့ ၂ဝ၁၇ ခုနှစ်မှာ ရိုက်ကူးထားတဲ့ဇာတ်ကားကြီး တွေ ၂ဝ၁၈ ခုနှစ်မှာ ရုံတင်ပြသနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ သိရပါတယ်။ အေးမြတ်သူကနောက်ပိုင်း မြန်မာဝတ်စုံလေးတွေ ဝတ်ရတာ ပိုသဘော ကျပုံရပါတယ်။ မြန်မာဝတ်စုံလေးတွေ နဲ့ပဲ ပွဲအခမ်းအနားတော်တော်များများမှာ တွေ့ရတယ်။ ဝတ်ဖြစ်တဲ့အကြောင်းလေး ပြောပါဦးဆိုတော့ …
” မြန်မာဝတ်စုံလေးတွေကို ကိုယ့်ရဲ့ အသက် အရွယ်ပြောင်းလဲမှုအရ ပိုဝတ်ဖြစ်တယ်။ အမှန် အတိုင်း ပြောရလို့ရှိရင် မြန်မာဝတ်စုံဝတ်တဲ့ အခါ ဈေးလည်း သက်သာတယ်။ (ရယ်လျက်)၊ ထပ်ခါတလဲလဲ ဝတ်လို့ရတယ်။ အေး မြတ်သူဝတ်တဲ့ မြန်မာဝတ်စုံလေးတွေက ဈေးလည်း မကြီးပါဘူး။ အလွန်ဆုံးရှိမှ ၈ သောင်းလောက်ပါပဲ။ အခုနောက်ပိုင်းတော့ တန်ဖိုးသင့်တဲ့ချိတ်တွေ ပေါ်လာတော့ကျပ် ၂သောင်း၊ ၃ သောင်းတန် ချိတ်တွေဝတ်ဖြစ် တယ်။ ပြောရရင် ကိုယ်ဝတ်ရတာ သက် သောင့်သက်သာရှိမှုရော၊ ဈေးနှုန်း အရရော၊ ထပ်ခါထပ်ခါ ဝတ်လို့ရ တာကြောင့် အေးမြတ်သူ ဝတ်ဖြစ်ပါ တယ်ရှင့်။ ပရိသတ်တွေ ကြိုက် တယ်၊ ချစ်တယ်ဆိုရင် ကိုယ်က ပိုပြီးတော့ ဝတ်ဖြစ်တယ်ရှင့်”လို့ အေးမြတ်သူက ပြောပါတယ်။ မိန်းကလေးပရိသတ်တွေအတွက် အေးမြတ်သူက အားပေးစကား လည်း ပြောကြားခဲ့ပါသေးတယ်။
“အဓိကကတော့ စိတ်ပဲရှင့်။ စိတ် ဆိုတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပေါ့။ ဒါပေမဲ့ ယုံကြည်မှု လွန်ကဲလို့လည်း မရဘူး။ လူတိုင်း မှာတော့ အားနည်းချက် ကိုယ်စီ ရှိတတ်ကြပါတယ်လေ။ အေး မြတ်သူ ဆိုရင်လည်း မလှတဲ့နေရာတွေ ရှိတာပဲ။ သို့သော် မိန်းကလေးတိုင်း မှာ အလှတရား ကိုယ်စီလည်း ရှိ တတ်ကြပါတယ်။ အဓိကက ဘယ် အဝတ်အစားဝတ်ဝတ် ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိနေတဲ့ အခါ ကျရင် အဲဒီအမျိုးသမီးက အမြဲ တမ်း လှပပြီးတင့်တယ်နေပါ တယ်။ နေရာတိုင်းမှာ ကြွား ကြွားဝင့်ဝင့်ရှိတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါ။ အလွန်အကျူးတော့ မဟုတ်ပါဘူး။ ဘယ်အရာမျိုး ဆိုရင် ကိုယ်နဲ့လိုက်ဖက်တယ်။ ဘယ်အရာ မျိုး ဆိုရင် ကိုယ်နဲ့မလိုက်ဖက်ဘူး။ ကိုယ်နဲ့လိုက်ဖက်တဲ့ အရာတစ်ခုက အမြဲတမ်းရှိပါတယ်။ အဲဒါကြောင့် မသိမ်ငယ်ပါနဲ့။ အားမငယ်ပါနဲ့။ အဲဒါလေးကို ပြောချင်ပါတယ်”လို့ အေးမြတ်သူက ပြောပြခဲ့ပါ တယ်။
မျိုးမောင်
ဓာတ်ပုံ- အောင်ဇော်မင်း