MNL League Cup 2024 ဘောလုံးပြိုင်ပွဲ အုပ်စု(C) ဒုတိ ယ အကျော့ပွဲစဉ်အဖြင့် သာဝတီယူနိုက်တက်အသင်းနှင့် ငွေကြယ်ပွင့်လေးများအသင်းတို့ ယနေ့ ဧပြီ(၂၇)ရက် ညနေပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြရာ ဟံသာဝတီယူနိုက်တက်အသင်းက (၆)ဂိုးသွင်းယူ၍ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ သွင်းဂိုးများကို အောင်မိုးထွေး၊ သန်တိုးအောင်၊ ကောင်းထက်အောင် ၊ဇွဲမာန်သာနှင့် နေမိုးနိုင်တို့က အသီး သီး သွင်းယူခဲ့ကြခြင်းဖြစ်သည်။
ထိုအတူ ယနေ့ တစ်ချိန်တည်းတွင် ကစားခဲ့ကြသည့် ဒဂုံစတားယူနိုက်တက် အသင်း နှင့် Dagon Port အသင်းတို့၏ ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလာဒ်ထွက်ပေါ်ခဲ့ကြသည်။
ပွဲစဉ်တွင် Dagon Port အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် (၃၈) မိနစ်တွင် Mogou က သွင်းယူပေးခဲ့ပြီး ဒဂုံစတားယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ပွဲချိန် (၇၃) မိနစ်တွ င် ဇော်ရဲထွန်းက သွင်းပြန်လည်သွင်းယူပေးခဲ့ခြင်းဖြစ်သ ည်။
Dagon Port အသင်းသည် တစ်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ သုံးပွဲ ရှုံး ရမှတ် (၄)မှတ်ဖြင့် အုပ်စုအဆင့် (၄ )နေရာတွင် ဆက် လက်ရပ်တည်နေသကဲ့သို့ ဒဂုံစတားယူနိုက် တက်အသင်းသည်လည်း ငါးပွဲ ကစားပြီးချိန်တွင် လေးပွဲ နိုင်၊ တစ်ပွဲ သ ရေ ရမှတ် (၁၃) ဖြင့် အုပ်စုအဆင့် (၁) နေရာတွင် ဆက် လက်ရပ်တည်နေသည်။
ပုံစာ – ယနေ့ ဒဂုံစတားယူနိုက်တက်နှင့် Dagon Port အသ င်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပုံရိပ်များ



